တူနီးရှားနိုင်ငံတောင်ပိုင်းတွင် နှစ်ပေါင်းများစွာကတည်းက
ချောက်သွေ့မှုအတိပြီးသော ကန္နာရတစ်ခုအတွင်း ရုတ်တရက် ရေပြင်တစ်ခု
ထွက်ပေါ်လာခဲ့ကြောင်း သိရှိရပါတယ်။
၎င်းရေပြင်၏ အနက်မှာ ၃၂ ပေ မှ ၆၀ ပေအထိ ရှိပါတယ်။ အဆိုပါရေပြင်သည်
အစပိုင်းတွင်ကြည်လင်မှုရှိပြီး ယခုအခါမှာတော့ အစိမ်းရောင်ဘက်
သန်းသွားကြောင်းသိရှိရပါတယ်။
တူနီးရှားနိုင်ငံသားများကတော့ ၎င်းရုတ်တရက်ထွက်ပေါ်လာသော ရေပြင်ကြောင့်
သြံ့အားသင့်နေကြပြီး အပြစ်ဒဏ်တစ်ခုခု၏ နိမိတ်တစ်ခုဖြစ်ကြောင်း
ကောက်ချက်ချသလို ဖန်ဆင်းရှင်၏ တန်းခိုးတော်အရဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း
သတ်မှတ်နေကြပါတယ်။
တူနီရှားအစိုးရအနေဖြင့် ၎င်းရေပြင်တွင် ရေချိုးခြင်းကြောင့်
အန္တရယ်ဖြစ်ပေါ်နိုင်ကြောင်း အသိပေးပြောကြားထားသော်လည်း ယခုအခါမှာတော့
၎င်းရေပြင်တွင် ရေချိုးရန် ရောက်ရှိနေသူများ၊ ရေစိမ်ရန် ရောက်ရှိနေသူများနဲ့
စီကားနေပါတယ်။
ယခုအချိန်ထိတော့ ရေပြင်ဟာ ဘယ်လိုပေါ်ပေါက်လာတယ်ဆိုတာကို
အတိအကျမသိရှိရသေးပါဘူး။ ဒေသခံမြေပထ၀ီကျွမ်းကျင်သူတစ်ဦး၏ ပြောပြချက်မှာ
၎င်းရေပြင်ဖြစ်ပေါ်လာသော မြေပြင်မှာ မြေပြင်အနေအထားအရ
ငလျှင်ကြောတစ်ခုတွင် ကျရောက်နေခြင်းကြောင့် ယခုကဲ့သို့
ရေပြင်ဖြစ်ပေါ်လာရသည်ဟု ပြောကြားထားကြောင်းကို Daily Pakistan သတင်းမှာ
ဖော်ပြထားပါတယ်။
No comments:
Post a Comment