သဂုတ် ၄ ရက်က ရန်ကုန် မြို့ကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၄ အဆင့်ရှိ
ငလျင်လှုပ်ခတ်ခဲ့ပြီး နောက်တစ်ရက်အကြာ သြဂုတ် ၅ ရက် ည ၁၀ နာရီခန့်ကလည်း
ဖျာပုံမြို့နှင့် ဆက်စပ်နေသော မြန်မာ့ပင်လယ်ပြင်တွင် ရစ်ခ်ျတာ စကေး ၄ ဒသမ ၅
အဆင့်ရှိ ငလျင် ထပ်မံလှုပ်ခတ်ခဲ့ကြောင်း မိုး/ဇလဌာနမှ သတင်းရရှိသည်။
ကမ္ဘာအေးမြေငလျင်စခန်း မှ တောင်-အနောက်တောင်ဘက် မိုင် ၈၀ခန့်ဝေးသည့်
ဖျာပုံမြို့၏အရှေ့တောင်ဘက် ၄၅ မိုင်ခန့်အကွာ မြန်မာ့ပင်လယ်ပြင်ကို ဗဟို
ပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မိုး/ဇလဌာနက သတင်းထုတ်ပြန် ခဲ့သည်။
အဆိုပါငလျင်သည် သြ ဂုတ်လ ၄ ရက်က ရန်ကုန်မြို့ကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၎
အဆင့်ရှိ ငလျင်လှုပ်ခဲ့ပြီးနောက်တစ်ရက်တွင် ထပ်မံလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
ဖျာပုံမြို့အနီးတွင်လှုပ်သော ငလျင်မှာ ယင်းဒေသရှိ
ဒေးဒရဲငလျင်ကြောလှုပ်ခြင်းကြောင့်ဖြစ် နိုင်ပြီး အင်အားအနည်းငယ်ရှိ သော
ငလျင်အဖြစ်နှစ်စဉ်လှုပ်လေ့ရှိကြောင်း ငလျင်ပညာရှင် ဦးစိုးသူရထွန်းကပြောသည်။
ဒေးဒရဲငလျင်ကြောသည်ယခုနှစ် ဇွန်လ၂၆ရက်က ပြင်းအားရစ်ခ်ျတာစကေး
၎ဒသမ၇အဆင့်ဖြင့် တွံ့တေးမြို့အနီးကို ဗဟိုပြု၍လှုပ်ခဲ့ပြီး အဆိုပါငလျင်၏
အရှိန်ကြောင့် ရန်ကုန်မြို့တွင်း မြို့နယ် အချို့တွင်လည်း
မြေလွှာလှုပ်ရှားမှုဖြစ်ပွားခဲ့သည်။ သြဂုတ်လ ၄ရက် ညနေ ၃ နာရီခွဲခန့်က
ရန်ကုန်ကို ဗဟိုပြု၍ လှုပ်ခဲ့သည့် ငလျင်မှာလည်း ဒေးဒရဲ ငလျင်ကြောနှင့်
ဆက်စပ်ဖွယ် ရှိနေသော်လည်း ကမ္ဘာအေး မြေငလျင်စခန်းမှသာ တိုင်းတာရရှိခဲ့ပြီး
နိုင်ငံတကာမိုးလေ၀သစခန်းများမှ ဖမ်းယူနိုင်ခဲ့ခြင်းမရှိသောကြောင့်
ထူးခြားနေကြောင်း ဦးစိုးသူရထွန်းကပြောသည်။ ရန်ကုန်မြို့တွင် လှုပ်ခဲ့သည့်
ငလျင်ကို မိုး/ဇလဌာနက အင် အားရစ်ခ်ျတာစကေး ၄ အဆင့်ရှိကြောင်း
သတင်းထုတ်ပြန်ခဲ့သော် လည်း တစ်ကမ္ဘာလုံးတွင် နေ့စဉ် လှုပ်နေသည့်ငလျင်များအနက်
ရစ်ခ်ျတာစကေး ၂ဒသမ ၅အဆင့် ကျော်ပါက သတင်းထုတ်ပြန်လေ့ရှိသည့်
အမေရိကန်နိုင်ငံဘူမိဗေဒလေ့လာရေး ဗဟိုဌာန(USA, USGS)က ငလျင်သတင်းအဖြစ်
ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
၂၀၁၄ခုနှစ်အတွင်း မြန်မာ ပြည်တွင်းကို ဗဟိုပြု၍ လှုပ်ရှားသော
ငလျင်များမှာအထပ်မြင့်အ ဆောက်အအုံများပေါများသည့် ရန်ကုန်မြို့တွင်ပါ
သက်ရောက်မှု ရှိလာပြီး ငလျင်ဘေးအန္တရာယ်နှင့် ပတ်သက်၍ ဒေသခံများမှာ
စိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ်နေသည်။
No comments:
Post a Comment