ရန်ကုန်၊ စက်တင်ဘာ ၁၆ - “နင်သာ ... ငါ့အား ထားသွားနိုင်ခဲ့တာ
... အရာရာအကုန်လုံး ... ငါမေ့ပျောက်လို့မရတော့ ... နင်မပါတဲ့ နေ့
ညတို့ ... အချိန်ရှိတိုင်း သတိရလို့ ... ငါ တစ်ယောက်တည်း
ဖေးမမယ့်သူမရှိ ... ” ဆိုတဲ့ နီနီခင်ဇော်ရဲ့ အရောင်မဆိုးနဲ့ သီ
ချင်းသစ်လေးက အရင်သီချင်းတွေလိုပဲ ပရိသတ်ပါးစပ်ဖျားမှာ
ရေပန်းစားနေပါတယ်။ ဒါကြောင့် အသစ်ထွက်လာတဲ့ သီချင်းတိုင်းလိုလို
ပရိသတ်အားပေးမှုရနေတဲ့ နီနီခင်ဇော်ရဲ့ အနုပညာ လှုပ်ရှားမှုတွေနဲ့
ပတ်သက်ပြီး တွေ့ဆုံမေးမြန်းခဲ့တာထဲက တချို့ကို
ကောက်နုတ်တင်ပြလိုက်ပါတယ်။
ကုမုဒြာ။ ။ လက်ရှိ ဘာတွေလုပ်ဖြစ်နေလဲ ပြောပြပေးပါ။
နီနီခင်ဇော်။ ။ လက်ရှိမှာ ရှိုးပွဲလေးတွေ ဆိုဖြစ်နေပါတယ်။ နောက်
ဗီစီဒီအတွက် လုံး ပန်းနေပါတယ်။ ကြော်ငြာလည်း ရိုက်ဖြစ်ပါတယ်။
ကုမုဒြာ။ ။ အရောင်မဆိုးနဲ့ကို ပရိသတ် အားပေးကြတယ်။ လက်ရှိမှာလည်း
အရမ်းကို ပေါက်တယ်။ အဲသည်အပေါ်မှာ အစ်မအနေနဲ့ ခံစားချက်လေး
ပြောပြပေးပါ။
နီနီခင်ဇော်။ ။ အဲသည်သီချင်းကို သည်နေ့ လာဆိုတာပါ။ သည်နေ့က ဒါက
ပထမဆုံး ပရိသတ်နဲ့ထိတွေ့ပြီး ဆိုရမှာပေါ့။ သူတို့တွေ
ဘယ်လောက်အားပေးလဲဆိုတာ သည်နေ့ လက်တွေ့ သိရမှာပါ။
ကုမုဒြာ။ ။ Ringtune တွေမှာလည်း သည် သီချင်းပဲ၊ Ringtune တွေမှာလည်း
သည်သီချင်းပဲ။ အဲသည်လိုမျိုး ပရိသတ်အား ပေးတဲ့အပေါ် ခံစားချက်ကကော။
နီနီခင်ဇော်။ ။ အရမ်းဝမ်းသာတယ်။ ကိုနိုင်းဝမ်းကလည်း သီချင်းရေးရင်
အမြဲ ပေါက်နေတဲ့သူဆိုတော့ အစကတည်းက သူရေးပြီးကတည်းကိုက သည်သီချင်း
ပေါက်မယ်လို့ နီနီသိပါတယ်။
ကုမုဒြာ။ ။ အရောင်မဆိုးနဲ့ သီချင်းကို ဘယ်လိုခံစားပြီး ဆိုဖြစ်လဲ။
နီနီခင်ဇော်။ ။ အရင်ကတည်းက တကယ့် ဖီလင်အစစ်နဲ့ ကိုယ် အဲသည်အထဲကို ရောက်သွားသလို ခံစားပြီး ဆိုထားတာပါ။
ကုမုဒြာ။ ။ အဲသည်သီချင်းအပေါ် နီနီနားလည်ထားတာကကော ဘယ်လိုမျိုးလဲ။
နီနီခင်ဇော်။ ။ မိန်းကလေးက ရည်းစား များတယ်ပေါ့နော်။ ဒါပေမဲ့ နီနီက
မိန်း ကလေးနေရာကဆိုတာ မဟုတ်ဘူး။ ယောကျာ်းလေးနေရာကနေ
တွေးပြီးဆို ပေးထားတာပါ။
ကုမုဒြာ။ ။ နောက်ပိုင်းမှာကော ဘယ်လို သီချင်းမျိုးလေးတွေ ဆိုဖြစ်ဖို့ ရွေးထားလဲ။
နီနီခင်ဇော်။ ။ နောက်ပိုင်းမှာလည်း နီနီ သွားနေကျ ပုံစံအတိုင်းပဲ
သွားမှာပါ။ သည် ဘက်က ဖီးချားရင်းလည်း ဆိုဖြစ်မယ်၊ ဟိုဘက်ကလည်း
နီနီတစ်ယောက်တည်းလည်း ဆိုဖြစ်ပါမယ်။
ကုမုဒြာ။ ။ ဆရာဝန်နဲ့ အဆိုတော်မှာ ဘယ်ဟာကို ပိုပြီးအားသာလဲ။
နီနီခင်ဇော်။ ။ နှစ်ခုလုံး Balance ပါပဲ။ fifty - fifty
လုပ်နေပါတယ်။ နှစ်ခုလုံးကို မယိမ်းမယိုင်ဘဲနဲ့ အခုချိန်ထိ
ရှိနေတာပါ။
ကုမုဒြာ။ ။ အချစ်ရေးကကော။
နီနီခင်ဇော်။ ။ အေးဆေးပါပဲ။
ကုမုဒြာ။ ။ ပရိသတ်ကို အမှတ်တရ စကား ပြောပေးပါဦး။
နီနီခင်ဇော်။ ။ နီနီက သူများတွေလို အချိန် အများကြီး မရဘူး။
ဒါကြောင့် ရတဲ့အခါမှာ လည်း သီချင်းလေးတစ်ပုဒ် နှစ်ပုဒ်လုပ်ဖြစ် တယ်။
လုပ်ဖြစ်တဲ့ တစ်ပုဒ်နှစ်ပုဒ်ကိုလည်း အားပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်။
No comments:
Post a Comment