Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, August 13, 2014

နီနီခင်ဇော်နှင့် အင်တာဗျူး

ရန်ကုန်၊ စက်တင်ဘာ ၁၆ - “နင်သာ ... ငါ့အား ထားသွားနိုင်ခဲ့တာ ... အရာရာအကုန်လုံး ... ငါမေ့ပျောက်လို့မရတော့ ... နင်မပါတဲ့ နေ့ ညတို့ ... အချိန်ရှိတိုင်း သတိရလို့ ... ငါ တစ်ယောက်တည်း ဖေးမမယ့်သူမရှိ ... ” ဆိုတဲ့ နီနီခင်ဇော်ရဲ့ အရောင်မဆိုးနဲ့ သီ ချင်းသစ်လေးက အရင်သီချင်းတွေလိုပဲ ပရိသတ်ပါးစပ်ဖျားမှာ ရေပန်းစားနေပါတယ်။ ဒါကြောင့် အသစ်ထွက်လာတဲ့ သီချင်းတိုင်းလိုလို ပရိသတ်အားပေးမှုရနေတဲ့ နီနီခင်ဇော်ရဲ့ အနုပညာ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းခဲ့တာထဲက တချို့ကို ကောက်နုတ်တင်ပြလိုက်ပါတယ်။
ကုမုဒြာ။ ။ လက်ရှိ ဘာတွေလုပ်ဖြစ်နေလဲ ပြောပြပေးပါ။
နီနီခင်ဇော်။ ။ လက်ရှိမှာ ရှိုးပွဲလေးတွေ ဆိုဖြစ်နေပါတယ်။ နောက် ဗီစီဒီအတွက် လုံး ပန်းနေပါတယ်။ ကြော်ငြာလည်း ရိုက်ဖြစ်ပါတယ်။
ကုမုဒြာ။ ။ အရောင်မဆိုးနဲ့ကို ပရိသတ် အားပေးကြတယ်။ လက်ရှိမှာလည်း အရမ်းကို ပေါက်တယ်။ အဲသည်အပေါ်မှာ အစ်မအနေနဲ့ ခံစားချက်လေး ပြောပြပေးပါ။
နီနီခင်ဇော်။ ။ အဲသည်သီချင်းကို သည်နေ့ လာဆိုတာပါ။ သည်နေ့က ဒါက ပထမဆုံး ပရိသတ်နဲ့ထိတွေ့ပြီး ဆိုရမှာပေါ့။ သူတို့တွေ ဘယ်လောက်အားပေးလဲဆိုတာ သည်နေ့ လက်တွေ့ သိရမှာပါ။
ကုမုဒြာ။ ။ Ringtune တွေမှာလည်း သည် သီချင်းပဲ၊ Ringtune တွေမှာလည်း သည်သီချင်းပဲ။ အဲသည်လိုမျိုး ပရိသတ်အား ပေးတဲ့အပေါ် ခံစားချက်ကကော။
နီနီခင်ဇော်။ ။ အရမ်းဝမ်းသာတယ်။ ကိုနိုင်းဝမ်းကလည်း သီချင်းရေးရင် အမြဲ ပေါက်နေတဲ့သူဆိုတော့ အစကတည်းက သူရေးပြီးကတည်းကိုက သည်သီချင်း ပေါက်မယ်လို့ နီနီသိပါတယ်။
ကုမုဒြာ။ ။ အရောင်မဆိုးနဲ့ သီချင်းကို ဘယ်လိုခံစားပြီး ဆိုဖြစ်လဲ။
နီနီခင်ဇော်။ ။ အရင်ကတည်းက တကယ့် ဖီလင်အစစ်နဲ့ ကိုယ် အဲသည်အထဲကို ရောက်သွားသလို ခံစားပြီး ဆိုထားတာပါ။
ကုမုဒြာ။ ။ အဲသည်သီချင်းအပေါ် နီနီနားလည်ထားတာကကော ဘယ်လိုမျိုးလဲ။
နီနီခင်ဇော်။ ။ မိန်းကလေးက ရည်းစား များတယ်ပေါ့နော်။ ဒါပေမဲ့ နီနီက မိန်း ကလေးနေရာကဆိုတာ မဟုတ်ဘူး။ ယောကျာ်းလေးနေရာကနေ တွေးပြီးဆို ပေးထားတာပါ။
ကုမုဒြာ။ ။ နောက်ပိုင်းမှာကော ဘယ်လို သီချင်းမျိုးလေးတွေ ဆိုဖြစ်ဖို့ ရွေးထားလဲ။
နီနီခင်ဇော်။ ။ နောက်ပိုင်းမှာလည်း နီနီ သွားနေကျ ပုံစံအတိုင်းပဲ သွားမှာပါ။ သည် ဘက်က ဖီးချားရင်းလည်း ဆိုဖြစ်မယ်၊ ဟိုဘက်ကလည်း နီနီတစ်ယောက်တည်းလည်း ဆိုဖြစ်ပါမယ်။
ကုမုဒြာ။ ။ ဆရာဝန်နဲ့ အဆိုတော်မှာ ဘယ်ဟာကို ပိုပြီးအားသာလဲ။
နီနီခင်ဇော်။ ။ နှစ်ခုလုံး Balance ပါပဲ။ fifty - fifty လုပ်နေပါတယ်။ နှစ်ခုလုံးကို မယိမ်းမယိုင်ဘဲနဲ့ အခုချိန်ထိ ရှိနေတာပါ။
ကုမုဒြာ။ ။ အချစ်ရေးကကော။
နီနီခင်ဇော်။ ။ အေးဆေးပါပဲ။
ကုမုဒြာ။ ။ ပရိသတ်ကို အမှတ်တရ စကား ပြောပေးပါဦး။
နီနီခင်ဇော်။ ။ နီနီက သူများတွေလို အချိန် အများကြီး မရဘူး။ ဒါကြောင့် ရတဲ့အခါမှာ လည်း သီချင်းလေးတစ်ပုဒ် နှစ်ပုဒ်လုပ်ဖြစ် တယ်။ လုပ်ဖြစ်တဲ့ တစ်ပုဒ်နှစ်ပုဒ်ကိုလည်း အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ