Monday, August 25, 2014

ညီမ​လေး.......သို့


စိတ်မညစ်ပါနဲ့ ညီမလေး..။ လောကကြီးဟာ အကောင်းအဆိုးအမြဲဒွန်တွဲနေပါတယ်။ တစ်ခါမှာ
ကောင်းနေမယ်၊ တစ်ခါမှာဆိုးမယ်။ အမှန်တော့ ဒါဟာ လောကရဲ့သဘာဝနိယာမပါပဲ။ ရွှံ့စရာ
မလိုပါဘူး ညီမလေးရယ်။ အကြောင်းအမျိုးမျိုးရှိတဲ့အထဲက ကောင်းတာလေးတစ်ခုအတွက်
မကောင်းတာမလုပ်မိစေနဲ့ညီမလေး။ နာမည်ဆိုးနဲ့ကျော်ကြားသွားရင် သေရာပါ ဒဏ်ရာတွေ
လိုပဲ ဘယ်လိုမှ ဘ၀တွေကို လှလှပပဖြတ်သန်းဖို့ ခဲရင်းသွားမယ်။ လူဆိုတာ ခက်သားလား။

မကောင်းတာ ပြောဖို့ဆို၊ ကဲ့ရဲ့ဖို့ဆိုရင် သူတို့ရဲ့နှုတ်တွေဟာ ရေခရားလွှတ်သလို အမြဲတမ်းလို
လို ပွင်နေတတ်ပြီး ချီးမွှမ်းဖို့ ကြုံလာရင်တော့ သူတို့ရဲ့နှုတ်တွေ ပိတ်နေတတ်တာဟာလည်းသ
ဘာဝ တစ်ခုလို ဖြစ်နေပါပြီ ညီမလေး။ ဒီအတွက် ၀မ်းနည်းမနေပါနဲ့။ ဒီလောကမှာ ဘယ်သူမှ
အပြစ်တင်ခံရခြင်း၊ အကဲ့ရဲ့ခံရခြင်းမှ မလွတ်နိုင်ပါဘူး။ ကိုယ်တစ်ယောက်ထဲ ထွင်းပြီးအပြစ်
တင်ခံ၊ အကဲ့ရဲ့ခံနေရတာ မဟုတ်ပါဘူး။ အားလုံးသူ့အကြာင်းနဲ့သူ သူ့ဒုက္ခနဲ့သူပါပဲ။ ကိုယ်ရယ်
မောပျော်ရွှင်နေတဲ့အခါ သူတို့ငိုကြွေးကောင်းငိုကြွေးနေမယ်။ ကိုယ်ငိုကြွေးနေတဲ့အခါ သူတို့
ရယ်မောပျော်ရွှင်နေကောင်း ရယ်မောပျော်ရွှင်နေမယ်။ ဒါကိုမတရားဘူးလို့ပြောလို့မရဘူးလေ။
တကယ်တော့ သူ့အကြောင်းနဲ့သူ၊ ကိုယ့်အကြောင်းနဲ့ကိုယ်ပါပဲ။ အမှားဆိုတာ ဘယ်သူမှမ
ကင်းနိုင်ကြပါဘူး။ ခြောက်ပြစ်ကင်း သဲလည်းစင်ကတော့ ဘယ်သူ့ဘယ်သူမှ မပြည့်စုံကြပါ
ဘူး။ ဒီအတွက်လည်း ပူဆွေးမနေပါနဲ့ကွယ်။ အမှားတစ်ခုအတွက် ပေးဆပ်လိုက်ရတဲ့ အရင်း
အနှီးက သေးငယ်ကောင်းသေးငယ်မယ် ဒါမှမဟုတ် အလွန်ကြီးမားနေကောင်းကြီးမားနေမယ်။
ဒီဆုံးရှုံးမှုကို အဖက်ဆယ်ဖို့ဆိုရင် နောင်တမရဖို့လိုတယ်။ ပြီးခဲ့တာတွေကို တွေးပြီးဘာလို့ ဒုက္ခ
ထပ်ခံနေဦးမှာလဲ။ တစ်ခါပဲ ဆုံးရှုံးခံပါ၊ နှစ်ခါဆုံးရှုံးတယ်ဆိုရင်၊ ဒါဟာ မိုက်မဲခြင်းတစ်မျိုးပဲလေ။
ဘ၀ဆိုတာ ကျောင်းကြီးတစ်ခုလိုပါပဲ။ ဘ၀ဆိုတဲ့ကျောင်းတော်ကြီးမှာ သင်ခန်းစာပေါင်းစုံ ပို့ချ
သင်ကြားနေတာကို အပြည့်အ၀ခံယူတတ်ဖို့လိုတယ် ညီမလေး။ ဘ၀မှာဖြစ်ပျက်နေတာတွေ
အားလုံးဟာ ဘ၀မှာသင်ယူလို့မကုန်နိုင်တဲ့ သင်ခန်းစာတွေပါပဲ။ ရင့်ကျက်အောင် ကောင်း
ကောင်းလေ့ကျင့်ထားပါညီမလေး။ အောင်မြင်မှုတွေကို လက်ခံနိုင်တယ်ဆိုရင် ဆုံးရှုံးမှုတွေကို
လည်းလက်ခံနိုင်ရမယ်။ ဘ၀မှာအောင်မြင်မယ်၊ ရှုံးနိမ့်မယ်ဆိုတာ သဘာဝပဲလေ။ အောင်မြင်
နေတဲ့အခါ ပျော်ရွှင်နေမယ်၊ သာယာနေမယ်။ အောင်မြင်နေတဲ့အရသာကို ခံစားပြီးရင် ရှုံးနိမ့်
မှုအတွက်လည်း ပြင်ဆင်ထားရမယ်ညီမလေး။ ဘ၀ဆိုတာခန့်မှန်းလို့မရဘူး။ အခုရွှေထီး၊တော်
ကြာမြေကြီးလည်းဖြစ်ချင်ဖြစ်သွားနိုင်တယ်လေ။ အခုမြေကြီးဆိုပေမဲ့ တော်ကြာရွှေထီးလည်း
ဖြစ်သွားနိုင်တာပဲ။ ဘာမှအားငယ်စရာ မလိုသလို၊ မာန်ဝံ့နေစရာလည်းမလိုပါဘူးညီမလေး။
တစ်ခုတော့ရှိတာပေါ့။ ဘာမှမလုပ်ရင် ဘာမှမရဘူးပေါ့။ ကြိုးစားအားထုတ်မှုတိုင်းမှာ အောင်မှု
တွေ ကပ်ပါလာစမြဲပါ။ ဒါကြောင့်ကြိုးစားပါ။ဘ၀ကို ပေါ့ပေါ့တန်တန် မဖြတ်သန်းပါနဲ့။ ငိုနေလို့
ရော၊ ဘာထူးမှာလဲ။ မျက်ရည်တွေအတွက် အချိန်ပေးနိုင်လို့လား။ အချိန်ရှိခိုက် လုံ့လစိုက်
လိုက်စမ်းပါညီမလေး။ အောင်မြင်မှုဆိုတာ လက်တကမ်းမှာပဲ ရှိပါတယ်။ မျက်ရည်တွေကို
သုတ်ပြီး အောင်မြင်မှုတွေကို အမိအရ ဆုတ်ကိုင်လိုက်ပါညီမလေး။ ကိုယ့်ဘ၀ကိုယ့်အ
ကြောင်း ကောင်းအောင်သာဆောင်ရွက်ပါကွယ်။ သူများတွေရဲ့အပြစ်တင်ပုတ်ခက် မရှူစိမ့်
အပြောတွေကို လိုက်ပြီးမခံစားပါနဲ့ညီမလေး။ ပင်ပန်းပါတယ်ကွယ်။

No comments:

Post a Comment