ရီးယဲလ်မက်ဒရစ် အသင်းသည် ဝေးလ်ပြည်နယ် ကားဒစ်ဖ်မြို့ရှိ Stadium ကွင်း၌
သြဂုတ် ၁၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သော UEFA Super Cup ချန်ပီယံ ဖလား
လုပြိုင်ပွဲတွင် ဆီဗီလာ အသင်းအား ၂ ဂိုး- ဂိုးမရှိဖြင့် အနိုင်
ရရှိပြီးနောက် ယခုရာသီ၏ ပထမဆုံး ချန်ပီယံ ဖလားကို ဆွတ်ခူးရရှိ သွားကြောင်း
သိရသည်။
အဆိုပါပြိုင်ပွဲတွင် ရီးယဲလ်မက်ဒရစ် အသင်းအတွက်
အနိုင်ဂိုးနှစ်ဂိုးစလုံးကို ပေါ်တူဂီ ဘောလုံး အကျော်အမော် ရော်နယ်ဒိုက
သွင်းယူ ပေးခဲ့ခြင်းဖြစ်သည်။
ရော်နယ်ဒိုသည် အသင်းအတွက် ဗွေ
ဆော်ဦးဂိုးကို ပထမပိုင်းပွဲကစားချိန် မိနစ် ၃ဝ တွင် စတင်သွင်းယူပေးခဲ့ပြီး
ဒုတိယ အနိုင်ဂိုး ကိုမူ ဒုတိယပိုင်း ပွဲစပြီး လေးမိနစ် အကြာတွင် ထပ်မံ
သွင်းယူ ပေးခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားတစ်ဦး
အဖြစ် သတ်မှတ်ခံထားရသည့် ရော်နယ်ဒိုသည် ဘရာဇီးနိုင်ငံ၌ ကျင်းပခဲ့သော
၂ဝ၁၄ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ခြေစွမ်းပြ နိုင်ခဲ့ခြင်း
မရှိသောကြောင့် ပေါ်တူဂီ အသင်းမှာ ပြိုင်ပွဲမှ စောစီးစွာ ထွက်ခွာခဲ့ ရ
သော်လည်း ယခု UEFA Super Cup ပြိုင်ပွဲတွင် ၎င်း၏ သွင်းဂိုးများဖြင့် အသင်းအား
ချန်ပီယံဖလား ကူညီဆွတ်ခူး ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment