Thursday, August 21, 2014

Miss Universe Myanmar 2014 ၏ 1st Runner Up ဆုရှင် ယွန်းမှီမှီကျော်နှင့် တွေ့ဆုံခြင်း

Miss Universe Myanmar 2014 ဆုရရှိခဲ့သူများ အနက်မှ 1st Runner Up ဆုရှင်  ယွန်းမှီမှီကျော်က  သူမ ဆုရရှိခဲ့မှုအပေါ် ပျော်ရွှင်မှု များဖြင့် ရှေ့ဆက် လျှောက်လှမ်း သွားမည့် အနုပညာ
လမ်းခရီးနှင့် သူမ ဝါသနာပါသည့် ပရဟိတ လုပ်ငန်းများ ဆက်လက် လုပ်ကိုင် သွားမည့် အကြောင်း ယခုလို ပြောပြခဲ့သည်။

မေး။  ။ညီမလေး ဆုရခဲ့တဲ့အတွက် အရမ်းပျော်နေမှာ ပဲနော်။ ညီမလေးရဲ့ ပျော်ရွှင်မှုတွေနဲ့ ဆုရခဲ့တဲ့ အပေါ် ခံစားရတဲ့ ခံစားချက် လေးကို ပြောပြပေးပါဦး။
ဖြေ။    ။ ညီမဒီဆုကို ရခဲ့တဲ့အတွက် အရမ်းလည်း ပျော်ပါတယ်။  ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီးတော့ ဆုရမယ်လို့ အများကြီး တွေးပြီး လုပ်ခဲ့တာ မျိုးတော့ မဟုတ်ပါဘူး။ အကောင်းဆုံး ကြိုးစား မယ်။ ကိုယ်ကြိုးစားတဲ့ အပေါ်မှာလည်း ရလဒ်ကောင်း တစ်ခုကတော့ ကျန်ခဲ့စေရမယ်လို့ ယုံကြည် ခဲ့ပါတယ်။  အဲဒါကြောင့် လေ့ကျင့် နေတဲ့ ကာလ တစ်လျှောက် လုံးမှာလည်း  အကောင်းဆုံး ကြိုးစား ခဲ့တယ်။ စင်ပေါ်မှာလည်း ကိုယ်လုပ် နိုင်သလောက်ကို လုပ်ပြခဲ့တဲ့ အတွက် ညီမနဲ့ ထိုက်တန်တဲ့ ဆုတစ်ခုရခဲ့တယ်လို့ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ ကိုယ် ကြိုးစားလို့ ရတဲ့ဆုအတွက်  ဝမ်းလည်း ဝမ်းသာတယ်။  ပျော်လည်း ပျော်တယ်။ ကိုယ့်ကိုယ် ကိုယ်လည်း ဂုဏ်ယူ မိပါတယ်။
မေး။   ။ Miss Universe ပြိုင်ပွဲတွေရော ကြည့်ဖြစ်လား။ သူတို့ဆီက အတု ယူစရာမျိုးတွေ ရှိရင်လည်း ပြောပြ ပေးပါဦး။
ဖြေ။ ။ ပြိုင်ပွဲတွေကို  နှစ်စဉ် နှစ်တိုင်း ကြည့်ဖြစ်ပါတယ်။ တစ်ခါတလေမှာ ကိုယ်ကြိုက်တဲ့သူ မရတဲ့ နှစ်တွေလည်း ရှိပါတယ်။ သူတို့ရဲ့ လမ်းလျှောက်တဲ့ ပုံတွေကိုတော့ ညီမ အရမ်း ကြိုက်တယ်။ သူတို့ရဲ့ လမ်းလျှောက် ပုံတွေက လေ့ကျင့် ထားတာ။ အားလုံးက လမ်းလျှောက် ပုံတွေက အတူတူတွေ။ အရမ်းကို အတုယူဖို့ ကောင်းပါတယ်။  အစတုန်းက ညီမ မော်ဒယ်လ် စလုပ်တုန်းက ဆိုရင် လမ်းကို သိပ်မလျှောက်တတ်ဘူး။အဲဒီပြိုင်ပွဲတွေ ကြည့်ပြီး   သူတို့ ဘယ်လို လျှောက်လည်း ဆိုတာကို အတု ယူခဲ့ရတာတွေ ရှိပါတယ်။ ပြိုင်ပွဲတွေကို ကြည့်ရတာ    ညီမအတွက် အများကြီး အထောက်အကူ ဖြစ်ပါတယ်။
မေး။   ။ Miss  Universe ရဲ့ 1st Runner Up ဆုကို ရရှိခဲ့တဲ့ ညီမလေး အနေနဲ့ နိုင်ငံအတွက်   ဘယ်လို အကျိုးပြု လုပ်ငန်း တွေကို ဆက်လုပ် သွားဖို့ ရှိလဲ။
ဖြေ။    ။ အဓိက ကတော့ ညီမ အနေနဲ့ ညီမတို့ရဲ့ Organization နဲ့ လက်တွဲပြီးတော့ လုပ်သွားမှာပါ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကို မွေးထုတ် ပေးထားတဲ့ Organization ရဲ့ လက်အောက် ကနေ နိုင်ငံ အကျိုးပြု လုပ်ငန်းတွေနဲ့ ပရဟိတ လုပ်ငန်းတွေကို လုပ်သွားမှာပါ။
မေး။   ။ ညီမလေး အနေနဲ့ ဘယ်လို ပရဟိတ အလုပ်မျိုးကို လုပ်ချင်လည်း ဆိုတာ ပြောပြ ပေးပါဦး။
ဖြေ။ ။ ညီမ လုပ်ချင်တဲ့ ပရဟိတ အလုပ်က မိဘမဲ့ ကလေးတွေနဲ့ ပတ်သက်တဲ့ အလုပ်မျိုးကို ညီမ လုပ်ချင်တယ်။ ညီမတို့ ပြိုင်ပွဲမဝင်မီ ပရဟိတ လုပ်ငန်းတွေ လုပ်တုန်းကလည်း မိဘမဲ့ ကလေးတွေနဲ့ အပြင် ထွက်လည်ရတယ်။ သူတို့တွေက အပြစ် ကင်းစင်တဲ့ ကလေးတွေ ဖြစ်သလို မိဘတွေက စွန့်ပစ် သွားလို့ အထီးကျန် နေခဲ့ရတဲ့ ကလေးတွေပါ။  သူတို့ဟာ နောင် တစ်ချိန်မှာ နိုင်ငံအတွက် တစ်ထောင့် တစ်နေရာ ကနေ  ပါဝင် ကူညီနိုင်တဲ့ သူတွေ မဖြစ်လာ နိုင်ဘူးလို့ ဘယ်သူမှ ပြောလို့ မရဘူးလေ။ နားခိုရာ မိခင် ရင်ခွင် မဲ့နေကြတဲ့ သူတို့ လေးတွေ ကိုလည်း   အရမ်း သနားတယ်။ အဲဒါကြောင့်လည်း မိဘမဲ့ ကလေးတွေနဲ့ ပတ်သက်တဲ့   ပရဟိတ အလုပ်ကို လုပ်သွား ချင်တာ ဖြစ်ပါတယ်။  ဒါကတော့ ညီမရဲ့ စိတ်ခံစားချက်ပေါ့။
မေး။   ။ ရှေ့ဆက်ပြီးတော့ လုပ်သွားမယ့် အနုပညာလုပ်ငန်း လေးတွေရှိရင် ပြောပြ ပေးပါဦး။
ဖြေ။    ။ ညီမက မထင်မှတ်ဘဲ မော်ဒယ်လ် လောက ကနေ အနုပညာ လောကထဲကို ရောက်လာ ခဲ့တာပါ။ သရုပ်ဆောင် လိုင်းဘက် မဟုတ်ရင်တောင် ဓာတ်ပုံ ရိုက်တာတို့ MTV ရိုက်တာ တို့ကိုတော့ လုပ်သွားမှာပါ။
ညီမလေး ပရိသတ်တွေ အတွက် စကား လက်ဆောင်လေး ပြောပေးပါဦး။
ပရိသတ်ကြီး အားလုံးလည်း စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နဲ့ ပြည့်စုံ ကြပါစေ။  ညီမကို  အားပေးခဲ့တဲ့ ပရိသတ်များ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ဆက်လက် ပြီးတော့လည်း ညီမကို အားပေး ကြပါဦးလို့ ပြောချင် ပါတယ်။

No comments:

Post a Comment