Thursday, August 21, 2014

Miss Universe Myanmar 2014 ပြိုင်ပွဲဝင် ခါးနံပါတ် ၁၇ ဟေဇယ်ညီညီထွန်းနှင့် တွေ့ဆုံခြင်း

Miss Universe Myanmar 2014 ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် ပြိုင်ပွဲကြီးကို ဇူလိုင်၂၆ ရက်မှာ ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံ၌ ကျင်းပတော့မှာ ဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲမှာ ဆန်ခါတင် အလှမယ် ၂ဝ ပါဝင်မှာ ဖြစ်ပြီး  ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ဖို့ အတွက် လေ့ကျင့်မှုတွေ ပြုလုပ် နေတဲ့  ခါးနံပါတ်  ၁၇ ဟေဇယ်ညီညီထွန်းနဲ့ ခဏတာ တွေ့ဆုံပြီး မေးမြန်း ဖြစ်ခဲ့တာလေး တွေကို ဖော်ပြ ပေးလိုက်ပါတယ်။

Waist number: 17
Name: Hazel Nyi Nyi Htun
Age: 23
Citizenship: Myanmar
Education:   B.Sc (IC),LCCI Level(2), Cabin Crew, Japanese Basic
Other           The Best of
Qualification: airstyle 2013 1st Runner Up
Ambition: To become professional model
Height(cm): 171cm

မေး-ညီမရဲ့အကြောင်းကို  ပရိသတ်ကြီးနဲ့ အရင်ဆုံး မိတ်ဆက်ပေးပါဦး။
ဖြေ- ညီမရဲ့အမည်က  ဟေဇယ်ညီညီ ထွန်းဖြစ်ပါတယ်။ ညီမရဲ့ ပညာ အရည်အချင်းကတော့ B.Sc(IC), LCCI Level(2), Cabin Crew, Japanese Basic ဖြစ်ပါတယ်။
မေး-ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရတဲ့အတွက် ညီမရဲ့ ရင်ထဲက ခံစားမှု လေးကို ပြောပြ ပေးပါဦး။
ဖြေ- Miss Universe Myanmar 2014 ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရတဲ့အတွက် အရမ်း ဂုဏ်ယူ မိပါတယ်။
မေး-ပုဂံ၊ ပြင်ဦးလွင်နဲ့ ဖူးခက်မှာ ဘယ်လို လေ့ကျင့်မှုတွေ လုပ်ခဲ့ရလဲဆိုတာလေး ပြောပြ ပေးပါဦး။
ဖြေ-ပုဂံနဲ့ ပြင်ဦးလွင်က ပြည်တွင်း လေ့လာရေး ခရီးစဉ်မှာ ညီမတို့ ဘုရားတွေ ဖူးကြတယ်။ လေ့လာစရာ နေရာတွေ အတော်များများ သွားခဲ့တယ်။ မိဘမဲ့ ကလေးတွေ နဲ့လည်း တွေ့ဆုံခဲ့တယ်။ ဖူးခက်မှာကျတော့ ထိုင်းနိုင်ငံကနည်းပြတွေက ညီမတို့ကိုလေ့ကျင့်ပေးတယ်။ အဓိက ကတော့ Catwalk လျှောက်နည်းကို လေ့ကျင့်ရပါတယ်။ လေ့လာရေးခရီး နေရာ တော်တော်များများကို သွားခဲ့ရတဲ့အတွက် ပျော်လည်းပျော် ဗဟုသုတလည်း တိုးပါတယ်။
မေး- ဒီပြိုင်ပွဲကို  ဝင်ရောက် ယှဉ်ပြိုင်ဖြစ်ခဲ့ ပုံလေးကိုလည်း ပြောပြပါဦး။
ဖြေ- ဒီပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်ခဲ့တာကတော့ Miss  Universe  Myanmar ပြိုင်ပွဲကြီးက မြန်မာနိုင်ငံမှာ အကြီးဆုံး ထိပ်ဆုံးမှာ ရှိတဲ့ ပြိုင်ပွဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ပြိုင်ဖြစ်ခဲ့တာပါ။
မေး-နောက်ဆုံး ပြိုင်ပွဲကြီးအတွက် ပြင်ဆင် ထားတာလေးလည်း ပြောပြပါဦး။
ဖြေ- ပြိုင်ပွဲမဝင်မီ  ညီမ ဗဟုသုတတွေ လေ့လာတယ်။ အထူးသဖြင့်  မြန်မာနိုင်ငံ အကြောင်း လေ့လာ ဖြစ်ပါတယ်။
မေး- တကယ်လို့ ညီမ Title ဆုရရင် သရဖူပိုင်ရှင် Miss တစ်ယောက် အနေနဲ့ အကျိုးပြု လုပ်ငန်းတွေ  ဘယ်လို လုပ်မယ်လို့ စိတ်ကူး ထားလဲ။
ဖြေ- တကယ်လို့ ညီမသာ Title ဆုရခဲ့မယ်ဆိုရင် Miss Universe Myanmar
Organization နဲ့အတူ  နိုင်ငံတော်နဲ့ ပြည်သူတွေ အတွက် အကျိုးပြု နိုင်မယ့် လုပ်ငန်း တွေကို အင်တိုက် အားတိုက် လုပ်ဆောင် သွားမှာပါ။
မေး- ညီမကို အားပေးတဲ့ပရိသတ် ကြီးကို နောက်    ဆုံး စကားလက်ဆောင်လေး ပြောပေး ပါဦး။
ဖြေ-  ညီမကို အားပေးတဲ့  ပရိသတ်ကြီးကို ညီမဖတ်ဖူးတဲ့  စာအုပ်ထဲက မှတ်သားထားတာ လေးကို  နောက်ဆုံး စကားလက်ဆောင် အနေနဲ့ ပေးလိုက်ချင်ပါတယ်။ အဲဒါက ဘာလဲ ဆိုတော့'' မိမိ    ရဲ့ စံချိန်စံညွှန်း တွေကို အမြင့်ဆုံး သတ်မှတ်ပြီး စံချိန်စံညွှန်းတွေ အတိုင်း ဘဝကို အသက်ရှင် နေထိုင်ခဲ့ရင် နေ့စဉ် စိတ်ဝင်စားစရာ ကောင်းတဲ့  ပြိုင်ပွဲတွေကို  ယှဉ်ပြိုင် နေရပါလိမ့်မယ်'' ဆိုတာ ပါပဲ။
အခုလို ဖြေကြား ပေးတာကို ကျေးဇူးတင်ပါတယ်။
ဟုတ်ကဲ့ ညီမကို အားပေးတဲ့ မြဝတီသတင်းစာဖတ် ပရိသတ်ကြီး ကိုလည်း ကျေးဇူး တင်ပါတယ်ရှင့်။    ။

No comments:

Post a Comment