Friday, August 29, 2014

MPT ကလည်း လုပ်ပြန်ပြီး နောက်တမျိုး

 မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်တာနက် အသုံးပြုခ နှုန်းထား များကို မိနစ်အလိုက် ကောက်ခံမှု အပြင် သုံးစွဲ သည့် Data (အချက်အလက်) ပမာဏ အ လိုက် ကောက်ခံမှု စနစ်ကိုပါ လုပ် ဆောင်သွားရန် ရှိသည်ဟု ယင်းဌာနမှ သိရသည်။
”အကြမ်းဖျင်း အနေအထား အရ စီစဉ်နေတာပဲ ရှိပါသေးတယ်။ ဖိုင်နယ် ဆုံးဖြတ်ချက်တော့ မချရသေးပါဘူး။ ဒီ စနစ်တွေ ကိုလည်း ဂျပန် ကုမ္ပဏီတွေ နဲ့ ပူးပေါင်း လုပ်ဆောင် တာပါ”ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အရာရှိ တစ်ဦး က ပြောသည်။
လတ်တလော အခြေအနေ အရ စီစဉ်နေသည့် အဆင့် ရှိနေသည် အတွက် အချိန်စနစ်ကို ဆက်လက် ဝန်ဆောင်မှု ပေးမည်၊ Data စနစ်ကို ပြောင်းလဲမည်၊ စနစ် နှစ်မျိုး စလုံးကို အသုံးပြုမည် ကိုမူ မပြောနိုင်သေးကြောင်း ၄င်းဆက်လက် ပြောသည်။
 Data Plan ကြိုက်တဲ့လူ ရှိတယ်။ တချို့က Time Plan  ကြိုက်တဲ့လူ ရှိ တယ်။ ဒါကြောင့် နှစ်မျိုးစလုံး လည်း ဖြစ်ကောင်းဖြစ်လိမ့်မယ်။ အကောင်းဆုံး ဖြစ်အောင်တော့ လုပ်သွားမှာပါ” ဟု ၄င်း က ဆက်ပြောသည်။
Data  စနစ်သို့ ပြောင်းလဲမည် ဆိုပါကလည်း လက်ရှိ အနေအထားအရ မဖြစ် နိုင်သေးကြောင်း၊ စက်မှုပိုင်းဆိုင်ရာ ပြောင်းလဲတပ်ဆင်မှု များ ပြုလုပ်ရ မည် ဖြစ်သည့် အ တွက် အချိန် အနည်းငယ် ကြာနိုင်မည်ဖြစ်ကြောင်း ၄င်းက ဆက် ပြောသည်။
လက်ရှိတွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် မိုဘိုင်း အင်တာနက်သုံးစွဲ ခများကို CDMA 800 MHz နှင့် WCDMA ဖုန်းများကို တစ်မိနစ် လေး ကျပ်နှုန်းကောက် ခံပြီး GSM ဖုန်းများကို တစ်မိနစ် နှစ်ကျပ်နှုန်းကောက်ခံ လျက်ရှိ ရှိကြောင်း သိရသည်။
Data  စနစ်နဲ့ ကောက်မယ် ဆိုတာ ကိုတော့ မကြိုက်ဘူး။ လက်ရှိ Ooredoo ကောက်တဲ့ စနစ်တောင် မကြိုက်လို့ MPT ပဲသုံးနေတာပါ။ ပြောင်းမယ် ဆိုရင် လည်း ကြိုက် တဲ့ စနစ်သုံးနိုင်အောင် နှစ် မျိုးလုပ်သင့်ပါတယ်။ Data  စနစ်ဆိုရင် တော့ အင်တာနက် သုံးစွဲတဲ့သူ နည်းသွား နိုင်ပါတယ်”ဟု ကျောက်တံတား မြို့နယ် မှ အင်တာနက် သုံးစွဲသူတစ်ဦးက ပြော သည်။
 မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း သည် မိုဘိုင်း အင်တာနက် သုံးစွဲခများ ကို Data စနစ် ပြောင်းလဲကောက်ခံရန် ယခင်က စီစဉ်ခဲ့သော်လည်း ဝေဖန်မှု များ ရှိ ခဲ့ခြင်းကြောင့် အဆိုပါ စနစ်ကိုရပ် ဆိုင်းထားခဲ့ပြီး လက်ရှိ Ooredoo စသည့် ဆက်သွယ်ရေး အော်ပရေတာ များက အဆိုပါ Data Plan ကိုအသုံးပြု နေခြင်းကြောင့် MPT အနေဖြင့် စနစ် ပြောင်းလဲရန် ပြင်ဆင်နေခြင်း ဖြစ် ကြောင်း စီးပွားရေး ပညာရှင်များက သုံး သပ်ကြသည်။

No comments:

Post a Comment