မြန်မာနိုင်ငံမှ အင်တာနက် အတွက် အဓိက
ချိတ်ဆက် ထားသည့် ရေအောက်ကေဘယ် SMW-3 ဆက် ကြောင်း ပြတ်တောက်မှု ကို စက်တင်
ဘာလ လယ်မှသာ အပြီး သတ် ပြုပြင် နိုင်မည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ
သိရ သည်။
မြန်မာနိုင်ငံမှ ဝင်ရောက်ချိတ် ဆက်ထားသော
Brunching Unit မှ စင်ကာပူ P(Tuas) ဘက်သို့ သွားသည့် ဆက်ကြောင်းမှာ ယခုလ
၁၃ ရက်နေ့ တွင် ချို့ယွင်း မှုဖြစ်ပေါ် ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံမှ
စင်ကာပူသို့ ဆက်သွယ် သော အင်တာနက် ဆက်ကြောင်းနှင့် တယ်လီဖုန်း
ဆက်ကြောင်းလိုင်းများ ပြတ်တောက် မှုဖြစ် ပေါ်နေ သည်။
”နောက်လ ၁၆ ရက်လောက် မှ
အပြီးသတ်နိုင်မယ်လို့ SMW-3 ရေ အောက်ကေဘယ် အဖွဲ့အစည်းက အ ကြောင်းကြား
ထားပါတယ်။ ဒါတောင် ခန့်မှန်းထားတာပါ။ ဆက်သွယ်ရေး ဘက်ကတော့ ပြုပြင်ရမယ့်
အခြေအနေ တွေကို ပေးပို့ ထားပါတယ်”ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အဝေးဆက်
ကြောင်းဌာနမှ အရာရှိ တစ်ဦး က ပြော သည်။
ဆက်ကြောင်း စတင်ပြုပြင်မှုကို ယခုလ ၂၁
ရက်နေ့မှ စ၍ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း မြန်မာ အင်ဂျင်နီယာများ မပါဝင်ဘ
SMW-3 ရေ အောက် ကေဘယ် အဖွဲ့က သာ လုပ် ဆောင်မည်ဖြစ်ကြောင်း Bandwidth 6G
မျှ အင်တာနက်မြန်နှုန်း ကျဆင်း သွားမည်ဖြစ်ကြောင်း ၄င်းက ဆက် လက်ပြောသည်။
”ဒီဆက်ကြောင်းကို ကျွန်တော်တို့ Bandwidth
မချဲ့နိုင်သေး ပါဘူး။ အခု ဆက်ကြောင်း ချို့ယွင်း သွားပေမယ့် အင်
တာနက်မြန်နှုန်းတွေ မကျအောင် အခြား ဆက်ကြောင်းတွေ ကနေ ပေး ထားပါတယ်”ဟု ၄င်းက
ဆက်ပြော သည်။
အဆိုပါ ဆက်ကြောင်း၌ စုစု ပေါင်း Bandwidth
3G ချိတ်ဆက် ထား ခြင်းဖြစ်ပြီး ယင်းအတွက် အိန္ဒိယဘက် မှ ချိတ်ဆက် ထားသည့်
ဆက်ကြောင်း နှင့် ထိုင်း၊ တရုတ် တို့မှ ချိတ်ဆက်ထား သည့်
ကုန်းတွင်းဆက်ကြောင်း များမှ တစ်ဆင့် ပြည်တွင်း သို့ ဆက်လက်ဝန် ဆောင်မှု
ပေးထားကြောင်း ၄င်းက ဆက် ပြောသည်။
လက်ရှိတွင် SMW-3 ဆက် ကြောင်း ပြတ်တောက်
မှုကြောင့် ပြည် တွင်း အင်တာနက်မြန်နှုန်း များမှာ ကျ ဆင်းမှုများ
ရှိနေသော်လည်း ပြတ် တောက်မှု များမှာမူ ရှိ မနေသေးကြောင်း အင်တာနက်
သုံးစွဲသူ နယ်ပယ်မှ သိရ သည်။
ဆက်လက် ထုတ်ပြန်သည့် သတင်း များအရ
ပြည်ပသို့ ဆက်သွယ်သည့် တယ်လီဖုန်း ၈၆၃၂ လိုင်းနှင့် အင်တာ နက် ၆၈၄ g
ပြတ်တောက်ကြောင်း ဆက်သွယ်ရေးမှ သိရသည်။
No comments:
Post a Comment