ဒေါ်အောင်ဆန်းစြုကည်ဟာ ကျွန်တော်တို့ရဲ့
အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးတစ်ယောက်ပါ။ အဲဒီတော့
သူ့ကိုမြန်မာ့နိုင်ငံရေးဖြစ်စဉ်ရဲ့အပြင်မှာ ချန်ထားခဲ့လို့ မရနိုင်ပါဘူး။
မေး။ ။သမ္မတကြီးခင်ဗျာ တစ်ကမ္ဘာလုံးက
သမ္မတကြီးလုပ်နေတဲ့ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို
အင်မတန်ကြိုက်နှစ်သက်နေကြပါတယ် ။ ကြီးမားမြင့်မြတ်တဲ့ပြုပြင်ပြောင်းလဲရေး
သမား မြန်မာနိုင်ငံရဲ့ ဂေါ်ဘာချော့ လို့အခေါ်ခံရရင် ဘယ်လိုခံစားရပါမလဲ ။
ဖြေ။ ။ကျွန်တော်အစောပိုင်း ကပြောခဲ့တဲ့ရှင်းလင်းချက်တွေထဲမှာ
အဲဒီအချက်အတော်များများကိုဖြေထားခဲ့ပြီးဖြစ်ပါတယ်။
ကျွန်တော်ပြောသလိုပါပဲ၊ကျွန်တော်တို့ အစိုးရဟာမြန်မာပြည်သူတွေ
ရွေးကောက်တင်မြှောက်ထား တဲ့ အစိုးရဖြစ်ပါ တယ်။
အဲဒီတော့မြန်မာပြည်သူလူထုရဲ့ဆန္ဒနဲ့သဘောထားကိုဖြည့်ဆည်းပေးရမယ့်တာဝန်ကျွန်တော်တို့မှာရှိတယ်
အဲဒီအတွက်ကြောင့်လည်းပြည်သူ့ဆန္ဒနဲ့သဘောထားကို ကျွန်တော်တို့က အကောင်
အထည်ဖော်ဆောင်ရွက်ပေးနေတယ်။ ကျွန်တော်ဟာမြန်မာပြည်သူတွေ ယုံကြည်စိတ်ချစွာ
နဲ့ပေးအပ်ထားတဲ့တာဝန်ကို ထမ်းဆောင်နေတဲ့သူတစ်ယောက် လို့
ကိုယ့်ကိုယ်ကိုယ်လက်ခံ ထားပါတယ်။ကျွန်တော်ဟာမြန်မာပြည်သူတွေ ရဲ့
လိုအင်ဆန္ဒတွေ ကိုဖြည့်ဆည်းပေး ရမယ့် တာဝန်နဲ့
ဝတ္တရားတွေကိုထမ်းဆောင်နေတဲ့သူတစ်ယောက်ပါ။
မေး ။ ။ ပြည်သူလူထုရဲ့ဆန္ဒတွေကိုသမ္မတကြီးကဖြည့်ဆည်းပေးနေတာလို့ဆိုတော့
ပြီးခဲ့တဲ့ ၁၉၉၀ပြည့်နှစ်တုန်းက
ပြည်သူတွေရဲ့ဆန္ဒထုတ်ဖော်ခဲ့ပြီးပြီမဟုတ်ပါလားခင်ဗျာ။ ဘာကြောင့် ယခုအချိန်မှ
သူတို့ရဲ့ဆန္ဒတွေကိုဖြည့်ဆည်းးပေးရတာလဲ၊ အဲဒီအချိန်တုန်းက
ဘာကြောင့် မဖြည့်ဆည်း
ပေးခဲ့တာလဲ။
ဖြေ ။ ။အဲဒီအချိန်တုန်းက ကျွန်တော်တို့တိုင်းပြည်မှာ ယနေ့အချိန်ကာလလိုမျိုး
ငြိမ်းချမ်းမှုနဲ့တည်ငြိမ်မှုမရှိခဲ့ပါဘူး။ အဲဒီတုန်းကပြည်သူတွေရဲ့ဆန္ဒ
ဟာငြိမ်းချမ်းမှုပြည့်ဝတဲ့ သဘောနဲ့ထုတ်ဖော်တာမဟုတ်ပါဘူး။ သူတို့ကလိုချင်တာ၊
ရချင်တာ၊ ဖြစ်ချင်တာကိုပဲထုတ်ဖော်ခဲ့တာပါ။ အဲဒါကြောင့်အဲဒီအချိန်တုန်းက
တိုင်းပြည်ငြိမ်းချမ်းမှုနဲ့တည်ငြိမ်မှုကိုထိန်းသိမ်းဖို့ ဆိုတာဟာ တပ်မတော်
တစ်ခုတည်းအပေါ်မှာသာလုံးလုံးလျားလျားမူတည်ခဲ့ပါတယ်။တကယ်တော့
ပြီးခဲ့တဲ့နှစ်ပေါင်း ၂၀ အတွင်း တပ်မတော်အစိုးရက
တိုင်းပြည်တာဝန်ကိုမလွဲမသွေရယူထားရတဲ့အချိန်မှာတည်းက မြန်မာနိုင်ငံ မှာ
ဒီမိုကရေစီစနစ်အုတ်မြစ်ချနိုင်ရေးဆိုတဲ့
ရှင်းလင်းပြတ်သားတဲ့အမြင်သူ့မှာရှိခဲ့တာပါ။
ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးဆိုတဲ့ဦးတည်ချက်
တပ်မတော်အစိုးရမှာရှိခဲ့ပါတယ်။ မည်သို့ပင် ဆိုစေ အဲဒီအချိန်တုန်းက
တိုင်းရင်းသားလူမျိုးတွေကြားမှာ ညီညွတ်မှုဆိုတာမရှိခဲ့ပါဘူး။ တိုင်းပြည်
ရဲ့အခြေခံအဆောက်အဦတွေဟာလည်းပြည့်ဝမှုမရှိခဲ့သလို
ဖွံ့ဖြိုးတိုးတက်မှုဆိုတာလည်းမရှိခဲ့ပါဘူး။ တကယ်တော့အပြောင်းအလဲတွေနဲ့
ပြုပြင်ပြောင်းလဲမှုဆိုတာယနေ့အချိန်ရောက်မှလုပ်ဆောင်တာ မဟုတ်ပါဘူး။
ပြီးခဲ့တဲ့ ၂၀ဝ၃ ခုနှစ်ကတည်းကအကောင်အထည်ဖော်လာခဲ့တာပါ။ အဲဒီနှစ်မှာ
တပ်မတော်အစိုးရက ဒီမိုကရေစီရှေ့ဆက်ဖော်ဆောင်နိုင်မယ့်
အဆင့်ခုနှစ်ဆင့်ပါလမ်းပြမြေပုံရေးဆွဲခဲ့ပြီး
တိုင်းပြည်မှာဒီမိုကရေစီဖော်ဆောင်နိုင်ရေးအတွက်
အဲဒီလမ်းပြမြေပုံအတိုင်းတစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်ခဲ့တာကို
ခင်ဗျားသိရှိထားပြီးဖြစ်မယ်လို့ထင်ပါတယ်။ လမ်းပြမြေပုံကိုတစ်ဆင့်ချင်း
အကောင်အထည်ဖော်ခဲ့ပြီး နောက်ဆုံးအဆင့်မှာ ဒီမိုကရေစီနည်းလမ်းတကျပြည်သူတွေ
ကရွေးကောက်တင်မြှောက်တဲ့အစိုးရပေါ်ထွန်းခဲ့ပါတယ်။ဒီမိုကရေစီရှေ့ဆက်ဖော်ဆောင်မယ့်လမ်းပြမြေပုံ
အကောင်အထည်ဖော်မှုရဲ့ ရလဒ်အနေနဲ့ပေါ်ထွန်းလာတာဖြစ်ပါတယ်။
မေး ။ ။ ကျွန်တော်နားလည်သဘောပေါက်တာမမှားဘူးဆိုလျှင် ယနေ့ဖြစ်ပေါ်နေ
တဲ့ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ဟာ ယခင်တပ်မတော် အစိုးရခေါင်းဆောင်
ဦးသန်းရွှေ(အင်တာဗျူးလုပ်သူပြောသည့်အတိုင်း)သတ်မှတ်အတည်ပြုပြဋ္ဌာန်းခဲ့
တဲ့ရေရှည် မဟာဗျူဟာရဲ့ဲ့ တစိတ်တပိုင်း လို့ဆိုလို့ရမလား ခင်ဗျာ။
ဖြေ ။ ။ မတူညီပါဘူး ။ တပ်မတော်အစိုးရက တိုင်းပြည်မှာ
ဒီမိုကရေစီဖော်ဆောင်နိုင်ဖို့
ကြိုးပမ်းခဲ့တယ်။ကျွန်တော်တို့အစိုးရကပြည်သူတွေရွေးကောက်တင်မြှောက်ထားတဲ့
ဒီမိုကရေစီ အစိုးရဖြစ်ပြီးတိုင်းပြည်မှာ
ဒီမိုကရေစီစနစ်အောင်မြင်ဖြစ်ထွန်းလာစေရေး၊ ပြည်သူလူထုရဲ့ဆန္ဒသဘော
ထားတွေပြည့်ဝနိုင်ရေး၊ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနဲ့
လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတည်တံ့နိုင်ရေးအတွက်
အကောင်းဆုံးဖြစ်အောင်ကြိုးစားနေတယ်။
ခင်ဗျားအနေနဲ့ရှင်းရှင်းလင်းလင်းဖြစ်သွားအောင်ပြောရမယ်
ဆိုလျှင် " တပ်မတော်အစိုးရက တိုင်းပြည်မှာ ဒီမိုကရေစီစနစ်
အုတ်မြစ်ချနိုင်ဖို့ကြိုးပမ်း ခဲ့တယ်။ကျွန်တော်တို့အစိုးရက တိုင်းပြည်မှာ
ဒီမိုကရေစီစနစ် အောင်မြင်ဖြစ် ထွန်းအောင်လုပ်ဖို့ကြိုးပမ်းနေတယ်" ပေါ့ဗျာ။
မေး ။ ။ သမ္မတကြီးခင်ဗျား၊ဒါဆိုရင် သမ္မတကြီးက
တပ်မတော်အစိုးရရဲ့ဆန္ဒကိုပြီးပြည့်စုံအောင်အကောင်းဆုံးလုပ်ဆောင်ပေးနေတယ်ဆိုတဲ့သဘောမျိုးဟုတ်ပါ
သလား။အခု ပြုပြင်ပြောင်းလဲမဲမှုတွေဆိုတာကအဲဒါနဲ့ဲ့ပဲ အားလုံး ပတ်သတ်နေတာလား။
ဖြေ ။ ။ လုံးဝကွဲပြားခြားနားပါတယ်။ ကျွန်တော်ပြောမယ်၊ အဲဒီမှာ
နှစ်ပိုင်းရှိတယ်၊ တပ်မတော်အစိုးရ ကကျွန်တော်တို့ဆီမှာ
ဒီမိုကရေစီနိုင်ငံတော်ပေါ်ထွန်းလာဖို့၊ အုတ်မြစ်ချနိုင်ဖို့
ကြိုးပမ်းလုပ်ဆောင်ခဲ့တယ်။ ကျွန်တော့်အပိုင်းက တိုင်းပြည်မှာ
ဒီမိုကရေစီစနစ်အပြည့်အဝအောင်မြင်ဖြစ်ထွန်းရေးအတွက် လုပ်ဆောင်ပေးဖို့ပါ။
အဲဒီလိုမျိုး အပိုင်းနှစ်ပိုင်းဖြစ်ပါတယ်။ ခင်ဗျားနားလည်သဘောပေါက်ရဲ့လား။
မေး ။ ။ သမ္မတကြီးကပြုပြင်ပြောင်းလဲရေးလမ်းကြောင်းဟာ
အင်မတန်ကျဉ်းမြောင်းပြီး နောက်ပြန်လှည့်လို့မရနိုင်ဘူးလို့
ဖော်ပြပြောဆိုခဲ့တယ်။ဒါပေမဲ့
တိုင်းပြည်မှာရှိတဲ့လူတိုင်းကသမ္မတကြီးရဲ့လမ်းကြောင်းအတိုင်းလျှောက်ဖို့ဆန္ဒရှိတယ်လို့အသေအချာပြောနိုင်
ပါသလား၊ ဒါမှမဟုတ် မလိုက်ဘဲ တင်းခံနေတာမျိုးရောရှိလား။
ဖြေ ။ ။
ကျွန်တော်တို့ရဲ့ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ဟာနောက်ကြောင်းပြန်လှည့်မှာမဟုတ်ပါဘူး။
ဒီမိုကရေစီရှေ့ဆက်ဖော်ဆောင်နိုင်ဖို့ ကျွန်တော် တို့ ရွေးချယ်ထားတဲ့
လမ်းကိုနောက်ကြောင်းပြန် လှည့်အောင်လုပ်လိုတဲ့ဦးတည်ချက်လည်းမရှိပါဘူး။
အဲဒီတော့ ကျွန်တော်တို့ဟာ ဒီမိုကရေစီ
ဖော်ဆောင် မယ့် လမ်းကြောင်း မှန်ပေါ်ရောက်နေပြီ လို့ပြောနိုင်ပါ
တယ်။ဒီမိုကရေစီဖော်ဆောင်ရေးဖြစ်စဉ်တွေနဲ့ ကျွန်တော်တို့ရှေ့ဆက်သွားကြမှာပါ။
ကျွန်တော်တို့ရဲ့လမ်းကြောင်းခရီးကိုပြောင်းပြန်ဖြစ်အောင်လုပ်ဖို့ရည်ရွယ်ချက်
ကျွန်တော်တို့မှာမရှိပါဘူး။ ကျွန်တော်တို့မဖြစ်မနေရှေ့ဆက်လျှောက်ကြရပါမယ်။
မေး ။ ။ ဒါပေမဲ့အစိုးရအဖွဲ့နဲ့စစ်တပ်ထဲမှာ
နောက်ကြောင်းပြန်လှည့်လိုစိတ်ရှိပြီး
သဘောထားတင်းးမာတဲ့သူတွေရှိတယ်လို့ ပြောနေတာတွေရပါတယ်။ အဲဒီတော့ "
ပြုပြင်ပြောင်းလဲ မှုတွေ ခြိမ်းခြောက်မှုတွေ နဲ့ ရင်ဆိုင်ကြုံတွေ့နေရလား "
လို့မေးလိုပါတယ်။
ဖြေ ။ ။ ခင်ဗျားကို တစ်ခုအသေအချာပြောနိုင်တာက ကျွန်တော်တို့အစိုးရထဲမှာ
ပြုပြင်ပြောင်းလဲမှုတွေ
ဆက်လက်လုပ်ဆောင်လိုစိတ်မရှိတဲ့သူတစ်ဦးတစ်ယောက်မှမရှိဘူးဆိုတာပါ။
အဲဒီလိုပြောနေတာတွေက
သံသယဝင်ရုံသက်သက်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့
အစိုးရထဲမှာပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို တစ်ပြိုင်နက်တည်းဆက်လက်
လုပ်ဆောင်သွားကြမယ်ဆိုတဲ့ညီညွတ်မှုရှိတယ်လို့ပြောနိုင်ပါတယ်။
တပ်မတော်ရဲ့အခန်းကဏ္ဍကိုပြောရမယ်ဆိုရင်တပ်မတော်ဆိုတာဟာ အခြေခိုင်ပြီးဖြစ်တဲ့
အဖွဲ့အစည်းဖြစ်ပြီး အမိန့်နာခံမှုအပြည့်ရှိတယ်ဆိုတာ
ခင်ဗျားသိရှိထားပြီးဖြစ်ပါလိမ့်မယ်။ တပ်မတော်ဟာ
ကာကွယ်ရေးဦးစီးချုပ်ရဲ့အမိန့်တွေကို တစ်သဝေမတိမ်းလိုက်နာရပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ
ကာကွယ်ရေးဦးစီးချုပ်ရာထူးကိုသမ္မတကခန့်အပ်ရတာဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်
တပ်မတော်ထဲမှာ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို မကြိုက်မနှစ်သက်ဘဲ
ဆန့်ကျင်မှုပြုလုပ်တာမရှိပါဘူး။
တပ်မတော်မှာနိုင်ငံတော်အရေးကိစ္စတွေအတွက်သီးခြားအခန်းကဏ္ဍရှိထားပါတယ်။
တိုင်းပြည်အုပ်ချုပ်ရေး မဏ္ဍိုင်ကိုတပ်မတော်ကဝင်ရောက်မစွက်ဖက်ပါဘူး။
တကယ်တမ်းပြောရလျှင် ကျွန်တော်တို့ရဲ့ဒီမိုကရေစီဖော်ဆောင်ရေးဖြစ်စဉ်မှာ
ကျွန်တော်တို့တိုင်းပြည်ထဲကစိန်ခေါ်မှုတွေမရှိပါဘူး။ စိန်ခေါ်မှုတွေကဘာလဲဆိုရင်
ပြည်ပကလာတဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှုတွေ၊ဘဏ္ဍာရေး ကန့်သတ်ထိန်းချုပ်မှုတွေ
နဲ့ နိုင်ငံရေးဖိအားပေးမှုတွေပဲဖြစ်ပါတယ်။ ပြည်တွင်းကလာတာမဟုတ်ပါဘူး။
မေး ။ ။ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို
ပြုပြင်ပြောင်းလဲမှုတွေနဲ့ပတ်သက်ပြီးမေးမြန်းကြတဲ့အခါတုန်းက သူက
မဆင်မခြင်သဘောနဲ့အကောင်းမြင်မှုတွေကိုသတိထားဖို့ု့ပြောခဲ့ပြီးသံသယတွေ
ထားရှိဖို့တိုက် တွန်းခဲ့ပါတယ်။သူ့ရဲ့မှတ်ချက်တွေကို
သမ္မတကြီးအနေနဲ့ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂလအမြင်လို့ကျွန်တော်ယုံကြည်ပါတယ်။ ပြည်သူလူထုအများစုက ကျွန်တော်တို့တိုင်းပြည်မှာ
ရင်းနှီးမြှုပ်နှံ မှုတွေဝင်ရောက်လာတာကိုတွေ့မြင်ချင်ကြတာပါ။ အဲဒါမှ
လူအများစုအတွက်အလုပ် အကိုင်အခွင့်အလမ်းတွေ
ကျွန်တော်တို့ဖန်တီးနိုင်ကြမှာပါ။နောက်ပြီး ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့
ကိုယ်ပိုင်ပုဂ္ဂိုလ်ရေး အမြင်(သဘောထား)လို့ပဲကျွန်တော်ပြောနိုင်ပါတယ်။
သူ့ရဲ့အမြင်ကိုသူ့အနေ နဲ့လွတ်လပ်စွာထုတ်ဖော်ပြောလို့ရပါတယ်။
ကျွန်တော်တို့ကဒီလို မျိုးမှတ်ချက်တွေကြောင့် ပဋိပက္ခလို့မရှုမြင်မိပါဘူး။
နိုင်ငံရေးနယ်ပယ်မှာ ဆိုရင် မတူကွဲပြားခြားနား
မှုတွေနဲ့အတူညီညွတ်မှုဆိုတာရှိပါတယ်။ အဲဒါကြောင့်
တူညီတဲ့အမြင်သဘောထားတွေအပေါ်မှာ ကျွန်တော်တို့ပူးပေါင်းလုပ်ဆောင်နိုင်
မှာဖြစ်ပါတယ်။
မေး ။ ။ စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ လူမူရေးအရ မြန်မာနိုင်ငံကိုဘယ်ဆီကို ဦးတည်ဖို့ စီစဉ်ထားပါသလဲ ။
ဖြေ ။ ။ ကျွန်တော်အစောပိုင်း မှာရှင်းပြခဲ့သလိုပါပဲ။ ကျွန်တော်တို့ဟာ
နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကိုခဲရာခဲဆစ်လုပ်ကိုင်နေရရုံသာမကပြည်သူတွေရဲ့လူမှု
စီးပွားရေးအခြေအနေမြှင့်တင်နိုင်ရေးအတွက်အကောင်းဆုံးဖြစ်အောင်လုပ်ကိုင်နေကြရပါတယ်။ ပြည်သူတွေ
ရဲ့ကျန်းမာရေး၊ ပညာရေး၊အထွေထွေလူနေမှုအဆင့်အတန်းအပါအဝင်တရားဥပဒေစိုးမိုးရေး
လည်းပါဝင်ပါတယ်။ အဲဒီတော့ကျွန်တော်တို့ဟာနိုင်ငံရေးနယ်ပယ် အတွက်ရော
လူမှုစီးပွားရေးနယ်ပယ်အတွက်ပါပြိုင်တူကြိုးပမ်းလုပ်ဆောင်နေကြရတာ ပါ။
နှစ်ခုစလုံးဟာလည်းအနီးကပ်
ဆက်နွှယ်နေကြပါတယ်။နိုင်ငံရေးတည်ငြိမ်မှုမရှိရင် စီးပွားရေးဖွံ့ဖြိုးမှုကို
မရရှိနိုင်ပါဘူး။စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက်
နိုင်ငံရေးတည်ငြိမ်မှုရှိဖို့ ကျွန်တော်တို့လိုအပ်ပါတယ်။
အဲဒါကြောင့်အဲဒီအရေးကိစ္စကြီးနှစ်ခုကို ကျွန်တော်တို့ကတစ်ပြိုင်နက်တည်း
ခဲရာခဲဆစ်ကြိုးပမ်းလုပ်ဆောင်
နေကြရပါတယ်။
မေး ။ ။ ၁၀ နှစ်ဆိုတဲ့အချိန်အတိုင်းအတာ ယူမယ်ဆိုရင်
မြန်မာနိုင်ငံဟာ၁၀နှစ်အတွင်း ဘယ်လိုဖြစ်လာမလဲလို့ သမ္မတကြီး ထင်ပါသလဲ
။ထိုင်းနိုင်ငံလိုလား ။ အင်ဒိုနီးရှားနိုင်ငံလိုလား ။
အနောက်ဒီမိုကရေစီနိုင်ငံလိုလား ။
ဖြေ။ ။ဒီကိစ္စဟာ ဖြစ်ရပ်တွေနဲ့ အခြေအနေအရပ်ရပ်ပေါ်မှာမူတည်ပါလိမ့်မယ်။
ဥပမာ-တကယ်လို့နိုင်ငံရေးဘက်မှာအစစအရာရာကောင်းစွာလုပ်ကိုင်နိုင်တယ်၊
နိုင်ငံရေးတည်ငြိမ်မှုရှိတယ်၊ အနောက်နိုင်ငံတွေကပိတ်ဆို့အရေးယူမှုတွေရော
နိုင်ငံရေးဖိအားပေးမှုတွေပါ ဖယ်ရှားပေးတယ်
ဆို လျှင် ကျွန်တော်တို့ တိုင်းပြည်မှာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့
ကြွယ်ဝ ချမ်းသာမှုတွေ ရရှိလာမယ်လို့ကျွန်တော်ထင်ပါတယ်။
အခုအချိန်မှာတော့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်
အခြေခံဖောင်ဒေးရှင်းတွေရှိလာဖို့အလားအလာတွေရထားပြီလို့ကျွန်တော်မြင်မိပါတယ်
။
မေး ။ ။ ရိုဟင်ဂျာအပါအဝင် တိုင်းရင်းသားလူမျိုးစုတွေ အတူတကွငြိမ်းချမ်းစွာနေထိုင်ကြမယ့် ဖယ်ဒရယ်နိုင်ငံမျိုး ဖြစ်မှာလား။
ဖြေ ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ
ကျွန်တော်တို့တိုင်းပြည်ဟာတိုင်းရင်းသားလူမျိုးစုတွေ
နယ်နိမိတ်တစ်ခုတည်းမှာအတူတကွ ပါဝင်နေထိုင်ကြတဲ့ပြည်ထောင်စုတစ်ခုပါ။
အခြေခံဥပဒေအရ ကျွန်တော်တို့ဆီမှာပြည်နယ်ကြီးခုနစ်ခုရှိပါတယ်။
ကျွန်တော်တို့မှာပြည်ထောင်စုအဆင့် အစိုးရရှိသလိုပြည်နယ် အဆင့်အစိုးရတွေလည်း
ရှိပါတယ်။ သူတို့အနေနဲ့အုပ်ချုပ်ရေး အာဏာကို
လွတ်လပ်စွာလုပ်ကိုင်နိုင်ပါတယ်။
မေး ။ ။ လက်ရှိ မြန်မာ့နိုင်ငံရေးစနစ်ဟာ စစ်တပ်ရဲ့လွှမ်းမိုးမှုကို
အများကြီးခံနေရပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ၂၅
ရာခိုင်နှုန်းကိုစစ်တပ်အတွက်ပေးထားပြီးး စစ်တပ်ရဲ့အခန်းကဏ္ဍကြီးမားအောင်
အခြေခံဥပဒေက အသားပေးထားပါတယ်။ အဲဒီကိစ္စဟာ ဒီမိုကရေစီနဲ့
ဆန့်ကျင်ဘက်လိုဖြစ်မနေဘူးလားခင်ဗျာ။ ရေရှည်မှာ စစ်တပ်အနေနဲ့
ဘားတိုက်ကို
ပြန်သင့်တယ်လို့ သမ္မတကြီး ထင်မြင်မိပါသလား။
ဖြေ ။ ။ ကျွန်တော်တို့နိုင်ငံမှာတပ်မတော်ရဲ့အခန်းကဏ္ဍဟာ
အခြားနိုင်ငံတွေလိုမဟုတ်ဘဲ တစ်မူထူးခြားပါတယ်။ တပ်မတော်ဟာ ကျွန်တော်တို့
ရဲ့အမျိုးသားနိုင်ငံရေး
ကိုဦးဆောင်လုပ်ကိုင်တဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့တာပါ။အဲဒီတော့
နိုင်ငံရေးနယ်ပယ်မှာ တပ်မတော်ကို ချန်ထားခဲ့လို့မရပါဘူး။ တပ်မတော် ဟာ
ငြိမ်းချမ်းမှုနဲ့တည်ငြိမ်မှု တည်တံ့ခိုင်မြဲရေးအတွက်အဓိကကျ တဲ့အခန်းကဏ္ဍကနေ
ပါဝင်ခဲ့ပါတယ်။ ဥပမာပြောရလျှင် အင်ဒိုနီးရှားနဲ့တောင်ကိုရီးယား
လိုနိုင်ငံတွေရဲ့
နိုင်ငံရေးအခန်းကဏ္ဍမှာသူတို့ရဲ့တပ်မတော်ကဦးဆောင်မှုပြုတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့တာ
ကိုတွေ့ရပါလိမ့်မယ်။ အချို့သောအနောက်နိုင်ငံတွေမှာတောင် ပါလီမန်
လွှတ်တော်မှာ ရွေးကောက်တင်မြှောက်မှုမပြုဘဲနေရာရရှိတဲ့
ကိုယ်စားလှယ်တွေရှိပါတယ်။
ကျွန်တော်တို့နိုင်ငံဟာအခြားနိုင်ငံတွေနဲ့မတူဘဲတစ်မူထူးခြားတဲ့အခြေအနေရှိတာကြောင့်
တပ်မတော်ဟာ
တိုင်းပြည်ရဲ့နိုင်ငံရေးမှာ မဖြစ်မနေပါဝင်သင့်ပါတယ်။
ကျွန်တော်တို့အတွက်ကတော့
ကျွန်တော်တို့ရဲ့ဦးတည်ချက်နဲ့ရည်မှန်းချက်တွေအကောင်အထည်ဖော်နိုင်ဖို့
တပ်မတော်နဲ့ မဖြစ်မနေ ပူးပေါင်းလက်တွဲသွားရမှာဖြစ်ပါတယ်။အဲဒါမှ
ကျွန်တော်တို့ရဲ့ပန်းတိုင်ကိုရောက်ရှိနိုင်မှာဖြစ်ပါတယ်။
မေး ။ ။ သမ္မတကြီးက အင်ဒိုနီးရှားကို ဥပမာပေးဖော်ပြပြောဆိုခဲ့တယ်။ဒါပေမဲ့
အခု အင်ဒိုနီးရှားမှာ စစ်တပ်က နိုင်ငံရေးအခန်းကဏ္ဍမှာ
ဆက်လက်ပါဝင်ပတ်သက်မှုမရှိတော့ပါဘူး။ အဲဒီလို ဥပမာပုံစံမျိုး
သမ္မတကြီးအနေနဲ့လိုက်လုပ်မှာလား။
ဖြေ ။ ။ အင်ဒိုနီးရှားနဲ့တောင်ကိုရီးယားတို့ သူတို့နိုင်ငံတည်ဆောက်ရေးလုပ်ကြတဲ့အခါမှာသူတို့လေးစားရတဲ့ တပ်မတော်ကသိသာထင်ရှားတဲ့
အခန်းကဏ္ဍကနေပါဝင်ခဲ့တယ်။ ဒါပေမဲ့ တိုင်းပြည်မှာ ဒီမိုကရေစီစနစ်လည်း
ပေါ်ထွန်းလာချိန်မှာ တပ်မတော်က
သူ့ရဲ့အခန်းကဏ္ဍကိုတဖြည်းဖြည်းချင်းလျှော့ချသွားတယ်။ကျွန်တော်တို့နိုင်ငံမှာလည်း
ဒီလို
အလားတူပါပဲ။ ကျွန်တော်တို့ရှေ့ဆက်လျှောက်သွားပြီး
တိုင်းပြည်မှာစစ်မှန်တဲ့ဒီမိုကရေစီရှိလာတာနဲ့အမျှ
အဲဒီနှစ်နိုင်ငံလိုအခြေအနေမျိုးတွေရရှိလာမှာပါ။ကျွန်တော်နောက်ထပ်
တွေ့ဆုံရမယ့်ကိစ္စတွေရှိနေသေးတယ်
အဲဒီတော့ နောက်ဆုံးမေးခွန်းတစ်ခုကိုဖြေပေးပါ့မယ်။
မေး ။ ။ သမ္မတကြီးကဒေါ်အောင်ဆန်းစုကြည်ကို
နေပြည်တော်ကိုလာဖို့ဖိတ်ခေါ်ပြီး မကြုံစဖူး ထူးခြားတဲ့
အဆင့်တစ်ခုကိုရအောင်လုပ်ကိုင်ပေးခဲ့တယ်။ ဘာကြောင့်အဲဒီလိုလုပ်တာပါလဲ။
ဖြေ ။ ။ ဒေါ်အောင်ဆန်းစြုကည်ဟာ ကျွန်တော်တို့ရဲ့
အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးတစ်ယောက်ပါ။ အဲဒီတော့
သူ့ကိုမြန်မာ့နိုင်ငံရေးဖြစ် စဉ် ရဲ့အပြင်မှာချန်ထားခဲ့လို့
မရနိုင်ပါဘူး။အတိတ်ကာလမှာတုန်းကသူဟာ တပ်မတော်အစိုးရအပေါ်ဆန့်ကျင်တဲ့
အမြင်ရှိခဲ့တယ်။ ဒါပေမဲ့နိုင်ငံတော် တာဝန်ကိုကျွန်တော်ရယူလိုက်တဲ့အချိန်မှာ
ကျွန်တော်တို့မျက်နှာချင်းဆိုင်တွေ့ဆြုံပီး
ဒိုင်ယာလောခ့်လုပ်ခဲ့ကြတယ်ကျွန်တော်ပြောခဲ့သလိုပါပဲ။
မတူကွဲပြားခြားနားမှုတွေထဲမှာ ညီညွတ်မှုဆိုတာရှိ တယ်။ အဲဒီတော့
နိုင်ငံနဲ့ပြည်သူလူထုရဲ့အကျိုးစီးပွားအတွက်"ဘုံ" တူညီမှုရှိတဲ့
အနေအထားကိုရောက်အောင်ကြိုးစားခဲ့ကြတယ်။မတူတာတွေဘေးဖယ်ပြီးတူညီတဲ့
အမြင်သဘောထားတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့လုပ်ခဲ့ကြပါတယ်။
မေး ။ ။ ဥရောပဒေသကပြည်သူတွေက လာမယ့် ၂၀၁၅ သမ္မတရွေးကောက်တင်မြှောက်
ပွဲမှာဒေါ်အောင်ဆန်းစြုကည်ဝင်ရောက်ယှဉ်ပြိုင်နိုင်မလား
ဆိုတဲ့အချက်ကို မေးခွန်းတုတ်ကြပါတယ်။ ဒါမှ
မဟုတ်ဖွဲ့စည်းပုံအခြေခံဥပဒေ ကဝင်ရောက်ယှဉ်ပြိုင်လို့ မရအောင်
တားမြစ်မလားပေါ့ ခင်ဗျာ ။
ဖြေ ။ ။ ဒီမေးခွန်းက အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့မပတ်သက်ပါဘူး။
ဥပဒေပြုရေးမဏ္ဍိုင်နဲ့ပိုပြီးပတ်သက်တာပါ။တကယ်လို့
အများသဘောတူညီမှုရှိတယ်ဆိုလျှင် အခြေခံဥပဒေကိုပြင်ဆင်လို့ရပါတယ်။ အဲဒီတော့
ဒီကိစ္စဟာပါလီမန်လွှတ်တော်အပေါ်မှာပဲမူတည်ပါတယ်။
ကျွန်တော်လည်းခင်ဗျားကိုမေးခွန်းတစ်ခုမေးချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို
ကျွန်တော်တို့
့နိုင်ငံရဲ့သမ္မတကြီးအဖြစ် ခင်ဗျားမြင်တွေ့လိုပါသလား။
ဖြေ ။ ။ ဩော.် . ဒါကမြန်မာပြည်သူတွေအပေါ်မှာမူတည်လိမ့်မယ်လို့ထင်ပါတယ်။
ကျွန်တော်ကနိုင်ငံခြားသားတစ်ယောက်ပါ။ ဒါပေမဲ့ အခုဥရောပမှာ
ဒေါ်အောင်ဆန်းစုကြည်ကို အထူးအရေးကြီးပုဂ္ဂိုလ်တစ်ဦးအနေနဲ့
ချီးမြှောက်ဂုဏ်ပြုကြတာတွေကို ကျွန်တော် တွေ့မြင်ရပါတယ်။
နိုင်ငံတော်အကြီးအကဲတစ်ဦးကဲ့သို့သဘောထားပြီး ဂုဏ်ပြုကြတာပါ။သူက
ဝက်မင်စတာမှာ အထက်လွှတ်တော်နဲ့
အောက်လွှတ်တော်ကကိုယ်စားလှယ်တော်ကြီးတွေရှေ့မှာမိန့်ခွန်းပြောတယ်။ သူ့ကို
အခုလိုမျိုးဆက်ဆံမှုတွေလုပ်ကြတာကိုသမ္မတကြီးအနေနဲ့ ဘယ်လိုမြင်မိပါသလဲ။
ဖြေ ။ ။ ဥရောပခရီးစဉ်အတွင်းဒေါ်အောင်ဆန်းစုကြည်ကို
အထူးအရေးကြီးပုဂ္ဂိုလ်တစ်ဦးလို မျိုးဆက်ဆံကြတာကိုမြင်ရတာ ကျွန်တော်
တကယ့်ကိုဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ဒါပေမဲ့
သူသမ္မတဖြစ်မလား၊မဖြစ်ဘူးလားဆိုတဲ့မေးခွန်းအတွက်ကတော့ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်မှာပဲမူတည်
ပါတယ်။ နောက်မေးခွန်းတစ်ခွန်းက ပိတ်ဆို့အရေးယူမှုတွေနဲ့ပတ်သက်မယ်လို့ထင်တယ်။
ဟုတ်လား။ ကျွန်တော်တို့နိုင်ငံအပေါ်ပိတ်ဆို့အရေးယူမှုတွေဟာကောင်းလား၊
မကောင်းဘူးလားဆိုတာကို ခင်ဗျားအနေနဲ့ဖြေကြားပေးသင့်တယ်လို့ထင်တယ်။
ဒီမေးခွန်းကိုခင်ဗျားဖြေကြည့်သင့်တယ်။(ရယ်လျက်)
မေး ။ ။ အနောက်နိုင်ငံတွေကသမ္မတကြီးရဲ့ပြုပြင်ပြောင်းလဲမှုတွေကိုအားတက်သရောတုံုံ့ပြန်ခဲ့တယ်လို့ထင်ပါသ
လား၊ ဒါမှမဟုတ် အနောက်အနေနဲ့ ယခုထက်ပိုပြီး လုပ်ပေးသင့်တယ်လို့ ထင်လား။
ဖြေ ။ ။ ကျွန်တော်တို့ရဲ့ နိုင်ငံခြားရေးမူဝါဒဟာ
ကမ္ဘာတစ်ဝန်းမှာရှိတဲ့နိုင်ငံတွေနဲ့
ချစ်ကြည်ရင်းနှီးတဲ့ဆက်ဆံရေးရရှိအောင်ထိန်းသိမ်းသွားရေးပဲဖြစ်ပါတယ်။
ကမ္ဘာ့မိသားစုကြီးထဲက
အဖွဲ့ဝင်တစ်နိုင်ငံဖြစ်နေတဲ့အတွက်ပိတ်ဆို့အရေးယူမှုတွေဟာ
ကျွန်တော်တို့နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကို
ခက်ခဲနှောင့်နှေးစေပြီးပြည်သူတွေကိုလည်းထိခိုက်နစ်နာစေတယ်လို့ရှုမြင်ပါတယ်။လက်ရှိမှာ
အနောက်နိုင်ငံတွေကကန့်သတ်ပိတ်ဆို့မှုထဲက အချို့ကိုဆိုင်းငံ့ပေးတာ၊
လျှော့ချပေးတာတွေ စတင် လုပ်ဆောင်လာပြီဖြစ်ပေမယ့်လည်းကျွန်တော်တို့ရဲ့ဆန္ဒက
ပြည်သူတွေအကျိုးအမြတ်ရှိအောင်၊ အများ
ကြီးလုပ်ဆောင်ပေးနိုင်အောင် လုံးလုံးလျားလျားဖယ်ရှားပေးတာမျိုးပါ။
နောက်ဆုံးမေးခွန်းပါ ။ ။တကယ် ကြီးရဲ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ၁၀ဝ ရာခိုင်နှုန်း
ဆိုတဲ့ရည်မှန်းချက်ထားရှိထားတယ်ဆိုလို့ရှိလျှင် ယခုအချိန်မှာ
ဘယ်လောက်ပြီးမြောက်နေပါပြီလဲ။ ၅ ရာခိုင်နှုန်းလား၊၁၀ ရာခိုငိင်န်နှုနှုန်းးလား၊ ၂၀ လား။
No comments:
Post a Comment