Friday, September 12, 2014

ရုပ်​ရှင်​ တစ်​ကားအား တစ်​စက္ကန့်​အ တွင်းဒေါင်းလုတ်​ပြုလုပ်​နိုင်​မည့်​ 5G အင်​တာနက်​စနစ်​ကို​တောင်​ကိုရီးယားအသုံးပြုမည်



ကမ္ဘာ​ပေါ်ရှိ အင်​တာနက်​အသုံးပြုမှု အများဆုံးနိုင်​ငံများတွင်​ ပါဝင်​သည့်​ ​တောင်​ကိုရီးယားနိုင်​ငံသည်​ ရုပ်​ရှင်​ကားကြီးတစ်​ကားအား တစ်​စက္ကန့်​အတွင်း ​ဒေါင်းလုတ်​လုပ်​နိုင်​​လောက်​​အောင်​ မြန်​ဆန်​သည့်​ မျိုးဆက်​သစ်​ 5G ကြိုးမဲ့အင်​တာနက်​ ၀န်​​ဆောင်​မှုစနစ်​ကို အသုံးပြုရန်​အတွက်​ ​ဒေါ်လာ ၁ ဒသမ ၆ဘီလီယံ အသုံးပြုမည်​ဖြစ်​​ကြောင်းထုတ်​ပြန်​ခဲ့သည်​။


လက်​ရှိအသုံးပြု​နေသည့်​ 4G စနစ်​ထက်​ အဆ ၁၀၀၀ မြန်​ဆန်​သည့်​ စနစ်​သစ်​အား ​ခြောက်​နှစ်​တာကာလအတွင်း တပ်​ဆင်​အသုံးပြုနိုင်​ရန်​ ရည်​ရွယ်​ထား​ကြောင်း ​တောင်​ကိုရီးယား သိပ္ပံဝန်​ကြီးဌာနက ​ပြောဆိုခဲ့သည်​။

တောင်​ကိုးရီးယားသည်​ ၁၉၉၀ ပြည့်​နှစ်​များတွင်​ 2G စနစ်​ဖြင့်​ စတင်​ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်​များတွင်​ 3G စနစ်​နှင့်​ ၂၀၁၀ ပြည့်​နှစ်​တွင်​ 4G စနစ်များကိုအသုံးပြုခဲ့​ကြောင်း၊ 5G စနစ်​ကိုအသုံးပြုပြီး အခြားနိုင်​ငံများထက်​ နည်းပညာပိုင်းအရ သာလွန်​​စေရန်​အတွက်​ လက်​ဦးမှုရယူရန်​ အချိန်​ကျလာပြီဖြစ်​​ကြောင်း ၀န်​ကြီးဌာန၏ ထုတ်​ပြန်​ချက်​တွင်​ ​ဖော်​ပြထားသည်​။

ဥ​ရောပ၊ တရုတ်​နှင့်​ အ​မေရိကန်​တို့သည်​ 5G နည်းပညာစနစ်​ကို အသုံးပြုနိုင်​ရန်​လုပ်​​ဆောင်​​နေပြီဖြစ်​​​သော​ကြောင့်​ လာမည့်​နှစ်​ အနည်းငယ်​အတွင်း အင်​တာနက်​အ​ခြေစိုက်​​ဈေးကွက်​တွင်​ ပြင်းပြင်းထန်​ထန်​ ယှဉ်​ပြိုင်​မှုများရှိလာမည်​ဟု ယုံကြည်​​ကြောင်း ထုတ်​ပြန်​ချက်​တွင်​ ​ရေးသားထားသည်​။

တောင်​ကိုရီးယား၏ အစိုးရစီမံကိန်းအရ 5G စနစ်​အား ၂၀၁၇ ခုနှစ်​တွင်​ စမ်းသပ်​အသုံးပြုမည်​ဖြစ်​ပြီး ၂၀၂၀ ပြည့်​နှစ်​ ဒီဇင်​ဘာလမှစပြီး စီးပွား​ရေး လုပ်​ငန်းသုံးအထိ ကျယ်​ကျယ်​ပြန့်​ပြန့်​ အသုံးပြုမည်​ဖြစ်​သည်​။

ယခုစီမံကိန်းအား အ​ကောင်​အထည်​​ဖော်​ရာတွင်​ ရင်းနှီးမြုပ်​နှံမှုဆိုင်​ရာ ကုမ္ပဏီများဖြစ်​သည့်​ SK Telecom နှင့်​ Korea Telecom ကဲ့သို့ ကုမ္ပဏီများသာမက ဖုန်းကုမ္ပဏီများဖြစ်​သည့်​ ဆမ်​​ဆောင်းနှင့်​ LG ကဲ့သို့ ကုမ္ပဏီများလည်း ပူး​ပေါင်းပါဝင်​လာမည်​ဟု ​တောင်​ကိုရီးယားအစိုးရက ​မျှော်​လင့်​ထားသည်​။

ထို့ပြင်​ ဆက်​သွယ်​​ရေးအေ​ခြခံအ​ဆောက်​အဦးဆိုင်​ရာ ပစ္စည်းကိရိယာ ထုတ်​လုပ်​​ရေးလုပ်​ငန်းများသည်​ မိုဘိုင်းဖုန်းထုတ်​လုပ်​​ရေးကဏ္ဍ​လောက်​ အား​ကောင်းခြင်းမရှိ​သော​ကြောင့်​ ၎င်းလုပ်​ငန်းများ အား​ကောင်းလာ​ရေးအတွက်​​လည်း ကြိုးပမ်းရန်​ ​တောင်​ကိုရီးယားအစိုးရက ဆန္ဒရှိ​နေသည်​။



ဆမ်​​ဆောင်းကဲ့သို့ ဖုန်းဟမ်းဆက်​ထုတ်​လုပ်​သည့်​ ကုမ္ပဏီများ​​ကြောင့်​ ​တောင်​ကိုရီးယားသည်​ ကမ္ဘာလုံးဆိုင်​ရာ မိုဘိုင်းပစ္စည်း​ဈေးကွက်​တွင်​ ၃၀ ရာခိုင်​နှုန်းကို ထိန်းချုပ်​ထားနိုင်​​သော်​လည်း ဆက်​သွယ်​​ရေးအ​ခြေခံ အ​ဆောက်​အဦဆိုင်​ရာ ပစ္စည်း ကိရိယာများ ထုတ်​လုပ်​တပ်​ဆင်​​ရေးလုပ်​ငန်းတွင်​မူ ကမ္ဘာလုံးဆိုင်​ရာ​ဈေးကွက်​၏ ၄ ဒသမ ၄ ရာခိုင်​နှုန်းကိုသာ ရရှိထား​ကြောင်း သိပ္ပံဝန်​ကြီးဌာနက ​ပြောဆိုခဲ့သည်​။

တောင်​ကိုရီးယား အင်​တာနက်​စနစ်​၏ မြန်​နှုန်းသည် လက်​ရှိအချိန်​တွင်​ ဥ​ရောပနှင့်​ အ​မေရိကန်​ပြည်​​ထောင်​စုတို့ထက်​ များစွာ သာလွန်​​နေသည်​။ 5G နည်းပညာ​ကြောင့်​ အသုံးပြုသူများသည်​ 4G စနစ်​ဖြင့်​ စက္ကန့်​ ၄၀ကြာ ​ဒေါင်းလုတ်​ဆွဲယူရသည့်​ ၈၀၀ မဂ္ဂါဘိုက်​ရှိ​သော ရုပ်​ရှင်​ကားကြီးတစ်​ကားအား တစ်​စက္ကန့်​အတွင်း​ဒေါင်းလုတ်​ဆွဲယူကြည့်​ရှုနိုင်​မည်​ဖြစ်​​သော​ကြောင့်​ ​တောင်​ကိုရီးယားကုမ္ပဏီများသည်​ နိုင်​ငံရပ်​ခြားရှိ စီးပွား​​ရေးလုပ်​ငန်းနှင့်​ တွဲဖက်​အလုပ်​လုပ်​ရန်​ ပိုမိုအဆင်​​ပြေလာမည်​ဖြစ်​သည်​။

5G စနစ်​​ကြောင့်​ တစ်​နာရီလျှင်​ ၅၀၀ ကီလိုမီတာ ( မိုင်​ ၃၁၀ )နှုန်း​ကျော်​ဖြင့်​သွားလာ​နေသည့်​ ကျည်​ဆန်​ရထား​ပေါ်ရှိလူများပင်​လျှင်​ အင်​တာနက်​အသုံးပြုနိုင်​မည်​ဖြစ်​​ကြောင်း အစိုးရအရာရှိများက​ ​ပြောသည်​။

No comments:

Post a Comment