
Android စမတ်ဖုန်းအသုံးပြုနေသူများအနေဖြင့် Samsung မှထုတ်လုပ်သောဂိမ်းခလုတ်မှတစ်ဆင့် ဂိမ်းများကိုဆော့ကစားနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါဂိမ်းခလုတ်ကို စတီးအောက်ခံကိုယ်ထည်ဖြင့်ပြုလုပ်ထားပြီး ဂိမ်းများကိုလက်ကိုင်ဘုနှင့်ခလုတ်များဖြင့် စိတ်ကြိုက်ကစားနိုင်မည်ဖြစ်သည်။၎င်းဂိမ်းခလုတ်ကို မျက်နှာပြင် ၄လက်မမှ ၆.၃လက်မရှိစမတ်ဖုန်းများနှင့်လည်းချိတ်ဆက်ကစားနိုင်သော ကြောင့်ဖုန်းများနှင့်ချိတ်ဆက်နိုင်သလို phablet များနှင့်လည်းတွဲဖက်၍လည်းအသုံးပြုနိုင်သည်။
၎င်းဂိမ်းခလုတ်များကို Android 4.1 နှင့်အထက်ထုတ်ကုန်များတွင်ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည် ။Samsung ၏ Galaxy S4,Galaxy S3နှင့် Note3,Note2 တို့တွင်အသုံးပြုနိုင်မည်ဖြစ်သော်လည်း အဆိုပါထုတ်ကုန်များတွင်မူ Android 4.3နှင့်အထက်ရှိမှသာအသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။၎င်းဂိမ်းခလုတ်ကို Galaxy ထုတ်ကုန်များ၏ NFC မှတစ်ဆင့် လွယ်ကူစွာချိတ်ဆက်နိုင်ပြီး Play ခလုတ်မှတစ်ဆင့်ဂိမ်းများအတွင်းသို့ လွယ်ကူစွာဝင်ရောက်ရွေးချယ်ကစားနိုင်မည်ဟုသိရသည်။
No comments:
Post a Comment