Friday, September 12, 2014

ငါးနှစ်သားကလေး၏မျက်လုံးကို မအေဖြစ်သူ အပါအဝင် မိသားစုလိုက် ဇွန်းတစ်ချောင်းဖြင့်ဖောက်ထုတ်






ငါးနှစ်သား ကလေးတစ်ဦးရဲ့မျက်လုံးကို ဇွန်းတစ်ချောင်းနဲ့ ဖောက်ထုတ်မှုကြောင့် မအေဖြစ်သူ အပါအဝင် ဆွေမျိုးငါးယောက်ကို မက္ကဆီကို နိုင်ငံမှာ ထောင်ချလိုက်ပါတယ်။

DailyMail ရဲ့ဖော်ပြချက်အရ သူတို့ဟာ ဓလေ့ထုံးတမ်းပွဲ တစ်ပွဲဖြစ်တဲ့ စေတန်နတ်ဆိုးပွဲကို ကျင်းပနေကြ တာဖြစ်ပါတယ်။


ဒီပွဲမှာ ဝိုင်းပတ်ကနေကြရင်း ကလေးဖြစ်သူ Fernando Caleb Alvarado Rios ကို မျက်လုံးမှိတ်ဖို့ ပြောပါ တယ်။
ဒါပေမဲ့ ကလေးဖြစ်သူဟာ ကြောက်နေတာကြောင့် မျက်လုံးကို မပိတ်ရဲဘဲဖြစ်နေပါတယ်။ဒီအခါမှာ မအေ ဖြစ်သူ Maria del Carmen Garcia Rios အပါအဝင် အဘိုးအဘွား၊ ဦးလေးနဲ့ အဒေါ်များက သူရဲ့မျက်လုံးကို ဖောက်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။
Recovering: The child, pictured playing with Mexico state governor, now has glass eyes and is in care
အော်သံ ဟစ်သံများကြောင့် ရောက်လာတဲ့ အိမ်နီးနားချင်း များဟာ ကလေးဖြစ်သူ အော်ငိုနေတာကိုတွေ့ ခဲ့ကြပြီး ဒီမိသားစုကို ဖမ်းဆီးခဲ့ပါတယ်။
ဖြစ်ရပ်ဟာ မေလ ၂၀၁၂ က ဖြစ်ပွားခဲ့တာဖြစ်ပြီး တရားရုံးက ဒီမိသားစုကို ထောင်ဒဏ် နှစ် ၃၀ စီ အသီးသီးကျခံရန် မနေ့က အမိန့်ချမှတ်ခဲ့ပါတယ်။

No comments:

Post a Comment