Monday, September 8, 2014

ဒရော့ဘာမပါဝင်သည့် ခေတ်သစ်ကို အိုင်ဗရီကို့စ် နိုင်ပွဲနှင့်စတင်

အဘစ်ဂျန်−အာဖရိကနိုင်ငံများ ဖလား ခြေစစ်ပွဲအဖွင့်ပွဲတွင် တိုက် စစ်မှူး ဒရော့ဘာမပါဝင်သည့် ခေတ်သစ်တစ်ခုကို အိုင်ဗရီကို့စ် အသင်းက ဆီရီယာလီယွန် အ သင်းကို (၂-၁) ဂိုးဖြင့် အနိုင်ယူ ကာ စတင်လိုက်သည်။
ပရိသတ်များအတွက် အ ဘစ်ဂျန်မြို့သို့ ခရီးသွားခြင်းကို အိုင်ဗရီကို့စ် ကျန်းမာရေးအာဏာ ပိုင်များ တားမြစ်ထားသည့် အီဘို လာဗိုင်းရပ်စ်ပျံ့နှံ့နေသော ဆီရီ ယာလီယွန်နိုင်ငံအသင်းကို အိုင် ဗရီကို့စ်က နောက်မှလိုက်ကစား ၍ အနိုင်ရခဲ့ခြင်းဖြစ်သည်။

အနောက်အာဖရိက ပြိုင် ဘက်ဆီရီယာလီယွန်အသင်းမှ ကီကာမာရာက ပွဲကစားချိန် မိနစ် ၄၀ တွင် ဦးဆောင်ဂိုး သွင်းယူခဲ့ ပြီး ဒုတိယပိုင်းထက်ဝက်တွင် အိုင်ဗရီကို့စ်က သုံးမိနစ်အတွင်း နှစ်ဂိုး သွင်းယူသွားခဲ့သည်။
ချယ်လ်ဆီးတိုက်စစ်မှူး ဒ ရော့ဘာ (၃၆)နှစ်သည် နိုင်ငံ အတွက် ၁၀၃ ပွဲကစားပြီး ၆၁ ဂိုးသွင်းယူခဲ့ကာ ပြီးခဲ့သည့်လက နိုင်ငံတကာ ဘောလုံးလောကမှ အနားယူသွားခဲ့သည်။
အာဖရိကနိုင်ငံများ ဖလား ခြေစစ်ပွဲ နောက်တစ်ပွဲတွင် တိုက် စစ်မှူး အီတိုးမပါဝင်သည့် ကင်မ ရွန်းအသင်းက ကွန်ဂိုအသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။
ကင်မရွန်းအသင်း၏ သက် တမ်းရင့် အသင်းခေါင်းဆောင် တိုက်စစ်မှူး အီတိုး (၃၃) နှစ်မှာ နိုင်ငံတကာ ဘောလုံးသမားဘ၀ တွင် ၁၈ နှစ်ကြာမြင့်ခဲ့ပြီး ၅၆ ဂိုး သွင်းယူကာ ပြီးခဲ့သည့်လက အ နားယူသွားခဲ့သည်။

No comments:

Post a Comment