Monday, September 8, 2014

ဝေဖန်သူများကို အာဆင်နယ်ကွင်းလယ်လူဝီလ်ရှီးယား တုံ့ပြန်ထိုးနှက်

လန်ဒန်−အာဆင်နယ်အသင်း ဘောလုံးကြယ်ပွင့် ဂျက်ဝီလ်ရှီး ယားသည် ၎င်း၏ အရည်အချင်း များကို ပြသရန် ပျက်ကွက်သည် ဟု ပြောကြားသော ဝေဖန်သူများ ကို ပြန်လည်ထိုးနှက်ဝေဖန်လိုက် သည်။
အင်္ဂလန်ကွင်းလယ်ကစား သမား ၀ီလ်ရှီးယား (၂၂) နှစ်သည် ဒဏ်ရာပြဿနာများကြောင့်  နိုင်ငံအသင်းနှင့် ကလပ်အသင်း ပွဲစဉ် များတွင် ပါဝင်ကစားနိုင်ခြင်း မရှိ ခဲ့ဘဲ ရက်နက်၊ ပေါလ်စခိုးလ်နှင့် ကာရေဂါတို့ကဲသို့ အင်္ဂလန်ဘော လုံးသမားဟောင်းများ၏ ဝေဖန်မှု ခံထားရသည်။

‘‘ဂျက်ဝီလ်ရှီးယားရဲ့ ပြဿ နာက ဂျက်ဝီလ်ရှီးယားပဲ။ ပြီး တော့ သူ့မှာ ဆင်ခြေပေးစရာ လုံးဝမရှိဘူး’’ ဟု လီဗာပူးနှင့် စပါး ကွင်းလယ်တွင် ကစားဖူးသော ရက်နက်ပ်က ပြောသည်။
ရက်နက်အနေဖြင့် အနည်း ငယ်မျှ ကိုယ်ချင်းစာသင့်ပြီး ၎င်း သည် မိမိထက်ပို၍ ဒဏ်ရာရရှိခဲ့ သည်ဟု ၀ီးလ်ရှီးယားက ပြော သည်။
‘‘သူဒါလုပ်သင့်တယ်၊ သူအဲ ဒါလုပ်သင့်တယ်လို့ ပြောဖို့က လူ တိုင်းအတွက် လွယ်ပါတယ်။ ဒါ ပေမဲ့ ပြန်ကြည့်မယ်ဆိုရင် သူက ကျွန်တော့်ထက်ပိုပြီး ဒဏ်ရာရခဲ့ ပါတယ်’’ ဟု ၀ီးလ်ရှီးယားက ပြောသည်။
ယင်းကဲ့သို့ ဝေဖန်မှုများက မိမိကို ထိခိုက်မှုများ မရှိကြောင်း နှင့် အနည်းငယ်သာ စိတ်ပျက် နိုင်ကြောင်း ၀ီးလ်ရှီးယားက ပြော သည်။

No comments:

Post a Comment