ရန်ကုန်− မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လစဉ်ရောင်းချပေးနေသည့်
ဆင်းမ်ကတ်များကို နိုင်ငံ တစ်ဝန်းရှိ လက်လီအရောင်းဆိုင် များတွင် စက်တင်ဘာ ၁
ရက်မှစ၍ လွတ်လပ်စွာဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ကျွန်တော်တို့ရဲ့ အရောင်း ကိုယ်စားလှယ်တွေကနေတစ်ဆင့် နိုင်ငံတစ်ဝန်းက
လက်လီ အရောင်းဆိုင်တွေကို ဖြန့်ချိပေး သွားမှာပါ။ သတ်မှတ်ထားတဲ့ ပုံစံ
စာရွက်ကို ဖြည့်ပြီးတာနဲ့ ဆင်းမ်ကတ်ကို ဝယ်ယူခွင့်ရမှာဖြစ်ပါတယ်။
အရင်လိုကန့်သတ်ထားတာတွေ မရှိတော့ပါဘူး’’ ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ
မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းအနေဖြင့် ပြီးခဲ့သည့်လများတွင်
ဆင်းမ်ကတ်လေးသိန်းကို နိုင်ငံတစ်ဝန်းရှိ ပြည်နယ်နှင့် တိုင်းအသီးသီး၌
ခွဲတမ်းစနစ်ဖြင့် မဲနှိုက်၍ရောင်းချပေးခဲ့သော်လည်း ယခု စက်တင်ဘာ ၁ ရက် မှစ၍
အဆိုပါပုံစံကို ပြောင်းလဲကာ လမ်းဘေးလက်လီအရောင်းဆိုင်များတွင်ပါ
လွတ်လပ်စွာဝယ်ယူနိုင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ဆင်းမ်ကတ်တွေကို ရောင်းတဲ့အခါမှာ အရေအတွက်ကန့် သတ်ထားတာမျိုးတော့မရှိတော့
ပါဘူး။ ဈေးကွက်လိုအပ်ချက်ပေါ် မူတည်ပြီးတော့ ရောင်းပေးသွားမှာပါ။
ဈေးနှုန်းကတော့ အရင်က ရောင်းချပေးတဲ့အတိုင်း ကျပ် ၁,၅၀၀ နှုန်းနဲ့ပဲ
ဝယ်ယူနိုင်မှာဖြစ်ပါတယ်’’ဟု ဦးမြင့်သိန်းထွန်းက ဆိုသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၎င်းတို့၏ ဆင်းမ်ကတ်များကို
နေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်နှင့် တိုင်း ၁၅ ခုရှိ မြို့နယ်ပေါင်း ၂၄၀
ကျော်ရှိ လက်လီအရောင်းဆိုင်များတွင် ရောင်းချပေးသွားမည် ဖြစ်ကြောင်း
သိရသည်။
အခြားသောပြည်နယ်နှင့် တိုင်းများတွင် အနည်းဆုံးမြို့နယ် လေးခုခန့်တွင်
ဝယ်ယူနိုင်မည် ဖြစ်သော်လည်း ကယားပြည်နယ်တွင်မူ
လွိုင်ကော်မြို့တစ်ခုတည်းတွင်သာ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် လက်ရှိအချိန်ထိ
တန်ဖိုးနည်းဖုန်းများအပါအဝင် ဆင်းမ်ကတ်ပေါင်း ဆယ်သန်းကျော်အထိ
ရောင်းချပေးပြီးဖြစ်ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment