Monday, September 29, 2014

ရန်ကုန် စတော့အိပ်ချိန်းကို အများပိုင်ကုမ္ပဏီ ၃ ခုဖြင့် စမည်

၂၀၁၅ နှစ်လယ်ပိုင်းမှာ ရန်ကုန် စတော့ အိပ်ချိန်းကို အများပိုင်ကုမ္ပဏီ ၃ ခုနဲ့ စပြီး အကောင်အထည် ဖော်မယ်လို့ ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောပါတယ်။

စက်တင်ဘာ ၂၈ ရက်နေ့က မြန်မာ့အာမခံလုပ်ငန်းရုံးမှာ ကျင်းပတဲ့ ကွန်ပျူတာ ဆော့ဖ်ဝဲ လှူဒါန်းပွဲမှာ ဒေါက်တာမောင်မောင်သိမ်းက ပြောလိုက်တာ ဖြစ်ပါတယ်။

စတော့အိပ်ချိန်း စမယ့် အများပိုင် ကုမ္ပဏီလုပ်ငန်း ၃ ခုကတော့ အာရှစိမ်းလန်း ဖွံ့ဖြိုးမှုဘဏ် အေဂျီဒီ၊  ပထမ မြန်မာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ(အက်ဖ်အမ်အိုင်)နဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က တည်ထောင် ထားတဲ့ မြန်မာ့လယ်ယာစီးပွား အများပိုင်ကော်ပိုရေးရှင်း (အမ်အေပီစီအို) ဖြစ်တယ်လို့ ဒေါက်တာမောင်မောင်သိမ်းက ဆိုပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment