Monday, September 29, 2014

အမျိုးသား (၁)ဦးယာဉ်တိုက်ခံရ၍ သေဆုံးမှုဖြစ်

ရန်ကုန်၊စက်တင်ဘာ ၂၉

၂၈.၉.၂၀၁၄ရက်နေ့ ၂၀၀၀အချိန်ခန့်တွင် တိုက်ကြီးမြို့နယ်၊ ဥက္ကံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဥက္ကံမြို့၊ ရန်ကုန်-ပြည်ကားလမ်း ဘေးရှိ ဓမ္မာရုံဘုန်းကြီး ကျောင်းဘေးတွင် အမျိုးသားတစ်ဦး သေဆုံး နေကြောင်း သတင်းအရသွားရောက် စစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးခဲ့ရာ သေဆုံးသူမှာ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့နေ ကိုနိုင်ဦး (၃၂)နှစ်၊ ဖြစ်ပြီး ၎င်းတွင် နဖူးရိုးကျိုးဒဏ်ရာ၊ ဝဲပါးနှင့် ဝဲမျက်လုံးပိန်ချိုင့်ဒဏ်ရာ၊ ယာဦးခေါင်း နောက်ဘက်ကွဲဒဏ်ရာ၊ ယာခြေသလုံး၊ ယာလက်ပွန်းခြစ်ဒဏ်ရာများရရှိကာ သေဆုံးနေသည်ကိုတွေ့ရပြီး ယာဉ်တိုက်ခံရသဖြင့် ဒဏ်ရာရသေဆုံးခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

ယင်းကဲ့သို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး မောင်းနှင်ထွက်ပြေးသွားသူ ယာဉ်မောင်းအား ဥက္ကံနယ်မြေ ရဲစခန်းယာဉ်(ပ)၂၅/၂၀၁၄၊ ပြစ်မှုပုဒ်မ၃၀၄-ကဖြင့် အမှုဖွင့်အရေးယူကာ စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment