Thursday, September 11, 2014

တိုကျို စာကြည့်​တိုက်​များရှိအန်း ဖရန့်​၏ ဒိုင်​ယာရီစာအုပ်​များရာနှင့်​ ချီ၍ဖျက်​ဆီးခံ၇


ဂျပန်​နိုင်​ငံမြို့​တော်​တိုကျိုတစ်​၀န်းရှိ ပြည်​သူ့စာကြည့်​တိုက်​များတွင်​ အများပြည်​သူဖတ်​ရှုနိုင်​ရန်​ ထားရှိထား​သော နာဇီအကျဉ်းစခန်း​ရောက်​ ဂျူးဒုက္ခသည်​မိန်းက​လေး အန်းဖရန့်​၏ Diary of a Young Girl စာအုပ်​များ ရာနှင့်​ချီ၍ ဖျက်​ဆီးခံခဲ့ရ​ကြောင်း တာဝန်​ရှိသူများက ​စေက်တင်ဘာ ၁ ရက်​တွင်​​ပြောကြားခဲ့သည်​။


အဆိုပါစာအုပ်​သည်​ ဒုတိယကမ္ဘာစစ်​အတွင်း နာဇီတို့က ဂျူးများကို အစုလိုက်​အပြုံလိုက်​သတ်​သည့်​ကာလ၌ အန်းဖရန့်​၏ စစ်​ပွဲကာလ​နေ့စဉ်​ မှတ်​တမ်းဒိုင်​ယာရီစာအုပ်​အား ပုံနှိပ်​ထုတ်​​ဝေထားသည့်​ စာအုပ်​ဖြစ်​သည်​။ ဘာသာစကား ၆၀ ​ကျော်​ ဖြင့်​ထုတ်​​ဝေထားသည့်​ ယင်းစာအုပ်​ကို ယူနက်​စကို၏ ကမ္ဘာ့ ​အောက်​​မေဖွယ်​မှတ်​တမ်းတွင်​ ၂၀၀၉ ခုနှစ်​က ထည့်​သွင်းခဲ့​ကြောင်းသိရသည်​။

ယင်းစာအုပ်​၏ အုပ်​​ရေ ၂၅၀ ထက်​မနည်းတွင်​ အန်းဖရန့်​၏ကိုယ်​​ရေးရာဇ၀င်​၊ နာဇီများက ဂျူးများကို နှိပ်​စက်​ညှင်းပန်းမှုများနှင့်​ အခြားဆက်​စပ်​အ​ကြောင်းအရာများပါဝင်​သည့်​ စာမျက်​နှာများ အ​ရေအတွက်​အားဖြင့်​ စာမျက်​နှာ ၁၀ မှ ၂၀ အကြားဆုတ်​ဖြဲခံခဲ့ရ​ကြောင်း တိုကျိုပြည်​သူ့စာကြည့်​တိုက်​​ကောင်​စီက ထုတ်​ပြန်​ခဲ့သည်​။

ယင်းသို့ဖျက်​စီးခံရမှုသည်​ ထိတ်​လန့်​စိုးရိမ်​ဖွယ်​ရာဖြစ်​​ကြောင်း အ​မေရိကန်​ အ​ခြေစိုက်​ အပြည်​ပြည်​ဆိုင်​ရာဂျူးအခွင့်​အ​ရေးအဖွဲ့ Simon Wiesenthal စင်​တာက ထုတ်​ပြန်​ခဲ့သည်​။ "ဒါဟာ ဒုတိယကမ္ဘာစစ်​အတွင်း နာဇီ​တွေက ဂျူး​တွေကို အစုလိုက်​အပြုံလိုက်​သတ်​တဲ့ ကပ်​ဆိုးကြီးအတွင်း နာဇီ​တွေရဲ့လက်​ချက်​​ကြောင့်​ ဂျူးက​လေးငယ်​ ၁ ဒသမ ၅ သန်းသတ်​ဖြတ်​ခံခဲ့ရတယ်​ဆိုတဲ့ အထင်​ရှားဆုံးမှတ်​တမ်းကြီးကို ​မှေးမှိန်​ သွား​စေဖို့ စနစ်​တကျစီစဉ်​ပြီး လုပ်​​ဆောင်မှုဆိုတာထင်​ရှားပါတယ်​" ဟုယင်းစင်​တာ၏တာဝန်​ရှိသူ ​အေဘရာဟမ်​ကူးပါးက ​ပြောကြားခဲ့သည်​။

               
                                                        View Website

No comments:

Post a Comment