Thursday, September 11, 2014

မြောက်​အ​မေရိက သီတင်းတစ်​ပတ်​လက်​မှတ်​​ရောင်းချရ​ငွေစာရင်းတွင်​ 300:Rise of an Empire ဇာတ်​ကားဦး​ဆောင်


၂၀၀၆ ခုနှစ်​က ထွက်​ရှိခဲ့သည့်​ စိတ်​ကူးယဉ်​အက်​ရှင်​ဇာတ်​ကား 300 ၏​နောက်​ဆက်​တွဲဇာတ်​ကားဖြစ်​သည့်​ 300:Rise of an Empire ဇာတ်​ကားသည်​ ​မြောက်​အ​မေရိက သီတင်းတစ်​ပတ်​ လက်​မှတ်​​ရောင်းရမှုဝင်​​ငွေစာရင်း (box office) တွင်​ ​ဒေါ်လာ ၄၅ သန်းဖြင့်​ နံပတ်​တစ်​​​နေရာ၌ ​ဖော်​ပြခံခဲ့ရသည်​။


300: Rise of an Empire ဇာတ်​ကားသည်​ စာ​ရေးဆရာဖရန့်မီလာ၏ ​ဈေးကွက်​အတွင်း မဖြန့်​ချိရ​သေးသည့်​ ရုပ်​ပြစာအုပ်​ကို အ​ခြေခံရိုက်​ကူးထားခြင်းဖြစ်​ပြီး 300 ဇာတ်​ကားမှ ဇာတ်​​ကောင်​များကို ပြန်​လည်​အသုံးပြုထားသည်​ဟုသိရသည်​။

ဂရိနှင့်​ ပါရှားတို့ဖြစ်​ပွားခဲ့သည့်​ စစ်​ပွဲများအ​ကြောင်း ရိုက်​ကူးထားသည့်​ 300: Rise of an Empire ဇာတ်​ကားသည်​ 300 ဇာတ်​ကား၏ ပွဲဦးထွက်​ပြသသည့်​ ၀င်​​ငွေကိုမမီခဲ့​ပေ။ 300 ဇာတ်​ကားသည်​ ပွဲဦးထွက်​ပြသသည့်​ သီတင်းပတ်​တွင်​ ​ဒေါ်လာ ၇၀ ဒသမ ၉ သန်းရရှိခဲ့သည်​ဟု သိရသည်​။

၁၉၆၀ ပြည့်​နှစ်​လွန်​များက ထုတ်​လွှင့်​ခဲ့သည့်​ Rocky and Bullwinkle ရုပ်​သံကာတွန်းဇာတ်​လမ်းတွဲမှ ဇာတ်​​ကောင်​များကိုအ​ခြေခံထားသည့်​ 3D အန်​နီ​မေးရှင်းဇာတ်​ကား Mr Peabody & Sherman သည်​ ​ဒေါ်လာ ၃၂ ဒသမ ၅ သန်းဖြင့်​ box office တွင်​ ဒုတိယ​နေရာ၌ ​ဖော်​ပြခံခဲ့ရသည်​။



သရုပ်ေ​ဆာင်​ လီယမ်​နီဆင်​၊ ဂျူလီယန်​မိုးနှင့်​ လူမီတာ​ဟောင်​ဂိုတို့ ပါဝင်​ထားသည့်​ ပြင်​သစ်​-အ​မေရိကန်​ လျှို့ ဝှက်​သည်းထိတ်​ရင်​ဖိုဇာတ်​ကား Non-Stop သည်​ ​ဒေါ်လာ ၁၅ သန်းဖြင့်​ box office တွင်​ တတိယ​နေရာ၌ ​ဖော်​ပြခံခဲ့ရသည်​။

                                                                   View Website

No comments:

Post a Comment