Friday, September 12, 2014
လုပ်ငန်းခွင်ထိခိုက်မှုကြောင့် ခြေတစ်ချောင်းဖြတ် ပစ်လိုက်ရသည့် အလုပ်သမား လျော်ကြေး မရသောကြောင့် ဆေးဝါးကုသရန်ပင် အခက်အခဲဖြစ်နေ
မကွေးတိုင်း ဒေသကြီး စလင်းမြို့နယ် ငွေတောင်ကျေးရွာတွင်နေ
ထိုင်သော ကိုမြင့်လွင်ဦးသည် တရွာတည်းနေ လယ်ဧကများစွာပိုင် ဆိုင်သော ၀န်ထမ်း ဇနီးမောင်နှံထံတွင် ၃နှစ်ကျော်ကြာ အလုပ်လုပ် ကိုင် ပြီးနောက် သြဂုတ်လလယ်တွင် ချွေလှေ့စက်မောင်းရာမှခြေ
ထောက်တစ်ချောင်း လုံးနီးပါး ဖြတ်တောက်လိုက်ရသည်။
သို့သော်လည်း လျော်ကြေး တစ်စုံတရာမရဘဲ ဆေးကုသရန် အခက်အ ခဲ ဖြစ်နေသောကြောင့် မန္တလေး ရွှေတောင်ဦးပညာဒါနကျောင်း ဆရာ
တော် ရှင်ဝေပုလ္လက ကျပ်တသိန်း မတည်ပေးလိုက်ကြောင်း သိရသည်။
ထိုသို့နှစ်ရှည်စာရင်းငှားအဖြစ်လုပ်ကိုင်နေသော ကိုမြင့်လွင်ဦးမှာ စ လင်းမြို့နယ် ငွေတောင်ကျေးရွာရှိ ငွေတောင်ကျောင်းတိုက် ဘုန်းကြီး ကငယ်စဉ်ကတည်းက မွေးစားထားသော သူဖြစ်သည်။
ယခုလိုမသန်စွမ်းဖြစ်ပွားခဲ့သောကြောင့် မိမိအနေဖြင့် ဆေးဖိုးဝါခအ ကုန်အကျခံ ချင်သော်လည်း ကျေးရွာလမ်းဖောက်လုပ်ခဲ့သောကြောင့်
ငွေပိုငွေလျှံမရှိ၍ မန္တလေးရွှေတောင်ကျောင်းထံမှအကူအညီတောင်း ခံခဲ့ခြင်းဖြစ်ကြောင်း စလင်းငွေတောင်ရွာဆရာတော် အရှင် စိန်တိတ္တက ပြောသည်။
မြန်မာနိုင်ငံ၏အလုပ်သမားဥပဒေကို ရန်ကုန်မြို့ရှိ ပညာတတ်လူတန်းစားများပင် အကျွမ်းတ၀င်မရှိကြ
ကြောင်းနှင့် ကျေးလက်နေတောင်သူလယ်သမားသူရင်းငှားများမှာအလုပ်သမားဦးစီးဌာနများအနီးဝန်းကျင်
တွင်မရှိသောကြောင့် အလုပ်သမားအခွင့်အရေးများကို မသိရှိကြကြောင်းလည်းတောင်သူလယ်သမားအ များစုကပြောဆိုသည်။
ယခုလောလောဆယ်တွင် ထိုခြေတစ်ဖက် ဆုံးရှုံးသွားသူ ကိုမြင့်လွင်ဦးမှာ မကွေးဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူနေသည်။ ပြည်တွင်းအလုပ်သမား ဥပဒေအရအလုပ်ထုတ်ခံရသူနှင့်အလုပ်ရှင် ဘက်မှ လုပ်ငန်းရပ်နားမှုပြုလုပ်သောအခါ လုပ်ငန်းရှင်များအနေဖြင့် အလုပ်သမားများကို ၃လမပြည့်သေး ပါကလစာတစ်လစာနှင့် နစ်နာကြေးတစ်လစာ ပေါင်းနှစ်လစာပေးရပြီးသုံးလပြည့်ပြီးသူများကို လုပ်အားခ တစ်လစာနှင့်နစ်နာကြေးနှစ်လစာပေါင်းသုံးလစာ လျော်ကြေးပေးရပြီး မြန်မာနိုင်ငံအလုပ်သမားဥပဒေများ အရ ကိုယ်လက်အင်္ဂါချို့ယွင်းမှုများအတွက်လည်း နစ်နာကြေးရရှိနိုင်ကြောင်း အလုပ်သမားဦးစီးဌာနမှ သိရသည်။

No comments:
Post a Comment