ကိုလံဘီယာနိုင်ငံ ကာမန်ဒီ ဘိလိုဗာမြို့မှာ အခု ၃ လအတွင်း မိန်းကလေးငယ် ၃၀၀
ကျော်ဟာ ထူးဆန်တဲ့ရောဂါကို ခံစားရပြီး ဆေးရုံ ပို့ထားရလို့
ပြည်သူတွေကြားမှာ အထိတ်တလန့် ဖြစ်နေပါတယ်။
အသက် ၉ နှစ်ကနေ ၁၉ နှစ်အရွယ် မိန်းကလေးငယ်တွေဟာ ဒေသဆေးရုံမှာ အားနည်း
မူးဝေခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ လက်တွေ ထုံတဲ့ ဝေဒနာတွေကို ခံစားရတယ်လို့
ဆိုပါတယ်။
လူနာအမျိုးသမီးငယ်တွေ အားလုံးဟာ ထူးဆန်းတဲ့ဝေဒနာ မခံစားရခင်မှာ
သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး ဂတ်ဒါဆီလ်ဆေးကို ထိုးခဲ့သူတွေ ဖြစ်လို့
ဒိကိစ္စကိုလည်း ဆရာဝန်တွေက ထည့်သွင်း စဉ်းစားနေကြပါတယ်။
ဂတ်ဒါဆီလ်ဆေးမှာ ခဲဓာတ်ပါတာကြောင့် အခုလို ထူးဆန်တဲ့ အဖျားရောဂါရဲ့ အကြောင်းဖြစ်နိုင်တာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။
အသက်သေဆုံးတဲ့အထိ အခြေအနေ မဆိုးပေမယ့် မိန်းကလေးငယ်တွေ အမြောက်အမြား
နေထိုင်မကောင်းဖြစ်ရတဲ့ ရောဂါဇစ်မြစ်ကို ဆရာဝန်တွေက စိစစ်နေပါတယ်။
No comments:
Post a Comment