ရီမီ၏ ကျေးဇူးကြောင့် တစ်ဂိုး၊ ဂိုးမရှိဖြင့် ပြင်သစ်ကို နိုင်ခဲ့သော
ချစ်ကြည်ရေးပွဲတွင် ရီးရဲလ်အသင်းခေါင်းဆောင် ကားဆီးလက်စ်ကို ကျော်၍ ၎င်းကို
ရွေး ချယ်ခဲ့ခြင်းအတွက် တုန်လှုပ်မိခဲ့ ကြောင်း မန်ယူဂိုးသမား ဒီဂီယာ က
ထုတ်ဖော်ပြောကြားသည်။
၂၀၁၆ ယူရိုခြေစစ်ပွဲမက်စီ ဒိုနီးယားနှင့် ပွဲမတိုင်မီ မိမိထက်ပို ၍
အတွေ့အကြုံများသော ၀ါ ရင့် ဂိုးသမားထက် နည်းပြကြီး ဒဲလ် ဘော့စကေးက ၎င်းအား
ကစား ခိုင်းခဲ့၍ အံ့သြရကြောင်း ဒီဂီယာက ၀န်ခံခဲ့သည်။ ထို့အပြင်လက်ရွေး
စင်းအသင်းတွင် လူတော်များ မပါ ၀င်ခြင်းမှာ တစ်မျိုးကြီးဖြစ်နေ သည်ဟုလည်း
ဒီဂီယာကဆို သည်။
‘‘အဲဒီပွဲ မတိုင်ခင်ကတော့ ပြောသံဆိုသံတွေကြားရတယ်။ တကယ်တမ်းကျတော့
ကျွန်တော့် ကို နည်းနည်းထိတ်လန့်တုန်လှုပ် သွားစေပါတယ်။ ဒါပေမဲ့လည်း
အဲဒီဆုံးဖြတ်ချက်ကို လုံးဝကြည် နူးသွားပါတယ်’’ဟု ဒီဂီယာက ပြောသည်။
ကားဆီးလက်စ်မှာ ဂိုးသမားတစ်ဦးအဖြစ် အရွယ်ကောင်းဆဲ ဖြစ်ပြီး
ထိပ်တန်းအဆင့်တွင် နှစ်များစွာ ကစားနိုင်သေးကြောင်း
မန်ယူနံပါတ်တစ်ဂိုးသမားက ပြောသည်။
No comments:
Post a Comment