Thursday, September 11, 2014

ပရိသတ်​​တွေကြား​ပျော်​​မွေ့​နေတဲ့မှော်​ဆရာ​လေး ဒင်​နီရယ်​ရက်​ကလစ်​ဖ်


ဟယ်​ရီ​ပေါ်တာကြယ်​ပွင့်​ ဒင်​နီရယ်​ရက်​ကလစ်​ဖ်​ဟာ ​နောက်​ဆုံးရိုက်​ကူးထားတဲ့ ဟယ်​ရီ​ပေါ်တာဇာတ်​ကားနဲ့ သုံးနှစ်​​ကျော်​​ဝေးခဲ့ပြီဖြစ်​​ပေမယ့်​ ပရိသတ်​​တွေအမြင်​မှာ​တော့ ​မှော်​ဆရာ​လေးလို့ပဲခံစား​နေရတုန်းပါပဲ။ ​မှော်​ဆရာ​ခေါင်း​ဆောင်းထားတဲ့ ဒင်​နီရယ်​လို့​တောင်​ ​ပြောစမှတ်​ပြု​နေကြပါပြီ။ အသက်​ ၂၄ နှစ်​အရွယ်​ရှိ ဒင်​နီရယ်​ရက်​ကလစ်​ဖ်​ဟာ ဇူလိုင်​ ၁၃ ရက်​က နယူး​ယောက်​မြို့​တော်​ ဘ​ရော့ဒ်​​ဝေးရှိုးကို ​ရောက်​ရှိလာခဲ့ပါတယ်​။



အဲဒီမှာ ဒင်​နီရယ်​က ပရိသတ်​​တွေကို လက်​မှတ်​​ရေးထိုး​ပေးခဲ့တဲ့အပြင်​ ပရိသတ်​​တွေအကြိုက်​ သူတို့နဲ့အတူ Selfie ဓာတ်​ပုံရိုက်​ကူး​ပေးခဲ့ပါတယ်​။ Selfie ဓာတ်​ပုံရိုက်​ကူးတာဟာ အတူတွဲဖက်​ရိုက်​ကူးသူ နှစ်​​ယောက်​အကြားက ရင်းနှီးမှုကိုပြသတဲ့သ​ဘော​ဆောင်​ပါတယ်​။ ကိုယ်​တွဲဖက်​ရိုက်​ကူးလိုတဲ့ အနုပညာရှင်​နဲ့လည်း နီးနီးကပ်​ကပ်​ ရှိ​နေနိုင်​ပါတယ်​။

ဒင်​နီရယ်​ဟာ သူ့ကိုချစ်​တဲ့ ပရိသတ်​​တွေနဲ့ အနီးကပ်​ရှိ​နေရတာကို ​ပျော်​​မွေ့​နေပုံရပါတယ်​။ သူ့ကိုကြည့်​ရတာ ပရိသတ်​​တွေကြားမှာ ပြုံးလို့ရွှင်​လို့ပါပဲ။ ​နေဗီပြာ​ရောင်​ ပိုလိုရှပ်​အင်္ကျီကိုဝတ်​ဆင်​ထားတဲ့ ဒင်​နီရယ်​ဟာ ​ယောကျာ်းပီသစွာ လှပခံ့ညားလျက်​ရှိ​​နေပါတယ်​။ ပြီးခဲ့တဲ့ အင်္ဂါ​နေ့ (ဇူလိုင်​ ၈ ရက်​) က A Young Doctor's Notebook And Other Stories ​ဆိုတဲ့ဇာတ်​ကားကို ရုပ်​သံ​ဝေဖန်​​ရေးသမားများအသင်း(TAC) ပွဲမှာလာ​ရောက်​ မိတ်​ဆက်​ပြသခဲ့ပါတယ်​။

အဲဒီဇာတ်​ကား မိတ်​ဆက်​ပွဲအတွင်းမှာ ထပ်​မံရိုက်​ကူးဖို့စီစဉ်​ထားတဲ့ ဟယ်​ရီ​ပေါ်တာ​နောက်​ဆက်​တွဲဝတ္ထု​အ​ကြောင်း ထည့်​သွင်း​ပြောကြားခဲ့တာဖြစ်​ပါတယ်​။ ​ဂျေ​ကေရိုးလင်း ​နောက်​ဆုံး​ရေးသားထုတ်​လုပ်​တဲ့ ဟယ်​ရီ​ပေါ်တာ ​နောက်​ဆက်​တွဲဝတ္ထုသာ ရိုက်​ကူးဖြစ်​မယ်​ဆိုရင်​ ဇာတ်​​ကောင်​ထက်​ မိမိအသက်​က ငယ်​​နေတဲ့အတွက်​ စိုးရိမ်​ပူပန်​မှု​တွေရှိ​နေတယ်​လို့ ရင်​ဖွင့်​​ပြောကြားသွားပါတယ်​။

          
                                                       View Website

No comments:

Post a Comment