Thursday, September 11, 2014

သိပ္ပံနည်းကျ​ လေ့လာထား​သော ကိုယ့်​ကိုယ်​ကိုယ်​ ယုံကြည်​မှုတိုး​စေမည့်​ နည်းလမ်းများ


ယုံကြည်​မှုရှိရင်​ ကိစ္စအများစုကို ​အောင်​မြင်​​အောင်​ပြုလုပ်​နိုင်​ပါတယ်​။ ကိုယ့်​ကိုယ်​ကိုယ်​ ယုံကြည်​မှုရှိသူ​တွေက အင်​တာဗျူး​ဖြေဆိုရာမှာ၊ အလုပ်​ကိစ္စ​တွေ​ဆောင်​ရွက်​ရာမှာ ထူးချွန်​တတ်​ကြသလို လူမှု​ရေးအလုပ်​​တွေမှာလည်း အဆင်​​ပြေတတ်​ပါတယ်​။ ကိုယ့်​ကိုယ်​ကိုယ်​ ယုံကြည်​မှုရှိတဲ့သူ​တွေဟာ ဘ၀​လောကဓံတရား​ကြောင့်​ ခဏတာလဲပြိုသွားခဲ့ရင်​​တောင်​ စိတ်​ဓာတ်​မကျဘဲ စိတ်​ခွန်​အားအပြည့်​နဲ့ အဆင်​​ပြေတဲ့ ဘ၀ရ​အောင်​ တည်​​ဆောက်​တတ်​ကြပါတယ်​။ အဲဒီလို ဘ၀မှာအ​ရေးပါတဲ့ ယုံကြည်​မှုခွန်​အား​ရရှိ​အောင်​ တည်​​ဆောက်​နိုင်​ဖို့ရာ အ​​ရေးပါတဲ့အချက်​​တွေကို ​ဖော်​ပြလိုက်​ပါတယ်​။



လေ့ကျင့်​ခန်းလုပ်​ပါ

လေ့ကျင့်​ခန်းလုပ်​တာ​ကြောင့်​ ကျန်းမာ​ရေး​ကောင်းမွန်​​စေသလို စိတ်​ဖိစီးမှု​လျော့ကျ​စေပါတယ်​။ ဒါ့အပြင်​ ကိုယ့်​ကိုယ်​ကိုယ်​ ယုံကြည်​မှုကိုလည်း တိုး​စေပါတယ်​။ ​လေ့ကျင့်​ခန်းလုပ်​တဲ့အခါ ဦး​နှောက်​ထဲက​နေ စိတ်​ခံစားမှု​ကောင်း​စေတဲ့ ​ဟော်​မုန်း​တွေ ထွက်​ရှိ​စေပြီး ​အောင်​မြင်​မှု၊ ​ပျော်​ရွှင်​မှုနဲ့ အပန်း​ပြေမှုဆိုတဲ့ သဘာဝခံစားချက်​​တွေကို ရရှိ​စေပါတယ်​။ ​လေ့ကျင့်​ခန်းကို အဆက်​မပြတ်​လုပ်​တာ​ကြောင့်​ စိတ်​နဲ့ ခန္ဓာအတွက်​ ​ကောင်းကျိုးရရှိ​စေပြီး ကိုယ့်​ကိုယ်​ကိုယ်​ ​လေးစားစိတ်​ကို မြင့်​တက်​​စေပါတယ်​။

အ၀တ်​အစားကို ​သေသပ်​စွာ ၀တ်​ဆင်​ပါ

လက်​သည်းညှပ်​တာ၊ သွားကြားထိုးကြိုးသုံးတာနဲ့ ​ရေချိုးတာတို့လို တစ်​ကိုယ်​​ရေသန့်​ရှင်း​ရေးကို မှန်​မှန်​ လုပ်​​ဆောင်​တာမျိုးနဲ့ ကိုယ့်​ကိုယ်​ကိုယ်​ ဂရုစိုက်​ပါ။ စိတ်​ညစ်​ညူးထိုင်းမှိုင်းပြီး တစ်​ခုကိုလုပ်​​ဆောင်​ဖို့ ​လေးဖင့်​​နေချိန်​မှာ ​ရေချိုးလိုက်​ပါ။ တစ်​ကိုယ်​​ရေ သန့်​ရှင်း​​ရေး​ကြောင့်​ လန်းဆန်းတဲ့ စိတ်​ခံစားချက်​ကိုဖြစ်​​စေပါတယ်​။ အပြင်​သွားဖို့ စိတ်​မပါဖြစ်​​နေရင်​ အ၀တ်​အစားအသစ်​ကို ​သေ​သေသပ်​သပ်​ ၀တ်​ဆင်​လိုက်​ပါ။ ကိုယ့်​ကိုယ်​ကိုယ်​ ယုံကြည်​မှု တိုး​စေပါတယ်​။

ပေါင်းသင်းဆက်​ဆံ​ရေး ခိုင်​မာ​စေရန်​ တည်​​ဆောက်​ပါ

မိတ်​​ဆွေ ​အ​ပေါင်းအသင်း​တွေနဲ့ ​ပေါင်း​​ဖော်​တာနဲ့ အခက်​အခဲဖြစ်​​နေသူ​တွေကို အကူအညီ​ပေးတာ​တွေ​ကြောင့်​ ကိုယ့်​ကိုယ်​ကိုယ်​ ယုံကြည်​မှုနဲ့ တန်​ဖိုးထားမှု တိုး​စေပါတယ်​။ သင့်​အ​နေနဲ့ တခြားသူကို ကူညီနိုင်​စွမ်း ရှိတယ်​လို့လည်း ခံစားရနိုင်​ပါတယ်​။

အဆိုးမြင်​အ​တွေးများကို တွန်းလှန်​ပါ

"ဒီအလုပ်​ကို ပြီး​အောင်​မှ လုပ်​နိုင်​ပါ့မလား"၊ "ဒီအတိုင်းဆို ငါ အလုပ်​​ကောင်းတစ်​ခုမှ ရပါ့မလား"၊ "ငါတစ်​​ယောက်​တည်းပဲ ရှုံး​နေတာပဲ" စတဲ့ အဆိုးမြင်​ အ​တွေး​တွေကို အ​ကောင်းမြင်​တဲ့ အ​တွေး​တွေနဲ့ အစားထိုးလိုက်​ပါ၊

အရည်​အချင်းပြည့်​စုံသည်​အထိ ​လေ့ကျင့်​ပါ

လုပ်​ငန်းခွင်​ပြင်​ပမှာ ပညာရပ်​ အသစ်​ကို သင်​ယူတာ ဒါမှမဟုတ်​ ဘာသာစကားအသစ်​ကို ​လေ့လာ​တာ​ကြောင့်​ ကိုယ့်​ကိုယ်​ကိုယ်​ ယုံကြည်​မှုတိုး​စေပါတယ်​။ သင်​​လေ့လာ​နေတဲ့ ပညာရပ်​ ဒါမှမဟုတ်​ ဘာသာစကားကိုလည်း အရည်​အချင်း ပြည့်​စုံတဲ့အထိ ​လေ့လာသင်​ယူတာ​ကြောင့်​ ကိုယ့်​ကိုယ်​ကိုယ်​ ယုံကြည်​မှုပိုရှိ​စေပါတယ်​။

ပေါ့​ပေါ့ပါးပါး ပြုံးပါ

သင့်​ကို​တွေ့မြင်​ရသူတိုင်းကို ပြုံး​ပျော်​သွား​အောင်​ စွမ်း​ဆောင်​ပါ။ ​ပျော်​ရွှင်​​နေတဲ့ ကိုယ်​​နေဟန်​ရှိတာ​ကြောင့်​ စိတ်​ဖိစီးမှု ​ဟော်​မုန်း ​ကော်​တီ​စောကို ​လျော့ကျ​စေပြီး တက်​စတိုစတီရုန်း​ဟော်​မုန်း အထွက်​တိုးကာ ကိုယ့်​ကိုယ်​ကိုယ်​ ယုံကြည်​မှုရှိ​စေပါတယ်​။ ပခုံး​တွေကို မတ်​ပြီး ရင်​​ကော့ကာ ပြုံးလိုက်​ပါ.. စိတ်​​အေးလက်​​အေးရှိတဲ့ ကိုယ်​​နေဟန်​​ကြောင့်​ သင့်​ကို ပိုမိုယုံကြည်​မှု တိုး​စေပါတယ်​။


                                                    View Website

No comments:

Post a Comment