Monday, September 29, 2014

ဘီးလူးစီးသည် ဟုထင်မှတ်ပြီး အဖိုးဖြစ်သူက မြေးကို ရေနှစ်သတ်

ရန်ကုန်၊ စက်တင်ဘာ ၂၉

၂၅.၉.၂၀၁၄ ရက်နေ့ ၀၅၀၀ အချိန်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မ ရဲစခန်းမှ တပ်ဖွဲ့ ဝင်များသည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၈၆)ရပ်ကွက်၊ ရဲကျော်သူရလမ်းဘေး တွင်ကလေးငယ် တစ်ဦးသေဆုံး နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းလမ်းနေ မခိုင်ချိုဝင်း(၂)နှစ်မှာ ပါးစပ်မှ အမြုပ်များ ထွက်၍ပက်လက် အနေအထား သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး လွန်ခဲ့သော(၁)ပတ်ခန့်က ၎င်း၏မိဘများမှာ ခရီးထွက်ခွာ သွားသဖြင့် အဘိုးဖြစ်သူ ဦးမောင်ညွန့်၊(၅၂)နှစ်ထံသို့ အပ်နှံထားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်း သေမှုသေခင်း
အမှတ်စဉ်(၂၀/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စုံစမ်း စစ်ဆေး ခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန် ချက်အရ သိရပါသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ပတ်ဝန်းကျင် သက်သေများအား စစ်ဆေးဆောင်ရွက်ခဲ့ရာ ၂၅.၉.၂၀၁၄ ရက်နေ့ ၀၁၀၀ အချိန်ခန့်က မခိုင်ချိုဝင်း၏ ငိုသံကြားရပြီး ခဏအကြာတွင် ငိုသံတိတ်သွား၍ ပတ်ဝန်းကျင်မှ သွားရောက် မေးမြန်းခဲ့ကြောင်း၊ ဦးမောင်ညွန့်မှ မခိုင်ချိုဝင်းအား ထမင်းခွံ့ကျွေးနေစဉ် ၄င်း၏လက်အား ကိုက်သဖြင့် ဘီးလူးစီးသည် ဟုထင်မှတ်ပြီး နေအိမ်အောက်ရေထဲသို့ နှစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အလောင်းအား ရေထဲမှဆယ်ယူ ပြသခဲ့ပြီး ရဲကျော်သူရလမ်းဘေးတွင် ပစ်ထားခဲ့ခြင်း ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ ဦးမောင်ညွန့်အား ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်း (ပ)၄၀၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂/၂၀၁ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန် ထားပါသည်။

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment