Tuesday, September 9, 2014

ဒေါ့မွန်တိုက်စစ်မှူး မာကိုရုဇ် တစ်လနားရမည်

ယမန်နေ့ညက ကစားခဲ့သော ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် ဂျာမနီက စကော့တလန်ကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲ၌ ခြေချင်းဝတ် ဒဏ်ရာရရှိခဲ့ပြီးနောက် တိုက်စစ်မှူး မာကိုရုဇ်မှာ တစ်လခန့် အနားယူရမည်ဟု ဒေါ့မွန်အသင်းက အတည်ပြုသည်။

မာကိုရုဇ်မှာ ပြီးခဲ့သည့်ဇွန်လက ကမ္ဘာ့ဖလား အကြို ဂျာမနီ၏ နောက်ဆုံးခြေစမ်းပွဲအဖြစ် အာမေးနီးယားနှင့်ပွဲတွင် ဒဏ်ရာရရှိခဲ့ပြီး ကမ္ဘာ့ဖလားနှင့် လွဲချော်ခဲ့ကာ မကြာသေးမီကမှ ဘောလုံးပြန်ကစားလာ နိုင်ခြင်းဖြစ်သည်။
‘‘မာကိုရုဇ်ရဲ့ ခြေချင်းဝတ်
    ထပ်လည်သွားပါတယ်။ အာမေးနီးယားနဲ့ပွဲမှာထိခဲ့တဲ့ ညာဘက်ပါပဲ’’ ဟု ဂျာမနီနည်းပြ ဂျိုအာချင်လိုက ပြောကြားသည်။ ဒေါ့မွန်အသင်း ဆရာဝန်မားကပ်စ်ဘရောင်းက ကစားသမားမှာ ခြေချင်းဝတ်အရွတ် ဒဏ်ရာရရှိသွားပြီး သီတင်းလေးပတ်ခန့် ပြန်လည်ထူထောင်ရေးလုပ်ရန် လိုအပ်မည်ဟုပြောသည်။ ထို့ကြောင့် မာကိုရုဇ်မှာ စက်တင်ဘာ ၁၆ ရက်တွင် အာဆင်နယ်နှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲ လွဲချော်တော့မည်ဖြစ်သည်။

No comments:

Post a Comment