Tuesday, September 9, 2014

ဝဲလ်ဘက် ပို၍ဦးစားပေးခံရမည်ဟု ပိုဒေါစကီးပြော

 အာဆင်နယ်က အသစ်ခေါ်ယူလိုက်သော ဒန်နီဝဲလ်ဘက်မှာ ပွဲထွက်လူ ၁၁ ဦးစာရင်းတွင် မိမိထက် ဦးစားပေးခံရလိမ့်မည်ဟု တိုက်စစ်မှူး ပိုဒေါစကီးက ပြောသည်။
ဝဲလ်ဘက်သည် မန်ယူမှ ပေါင် ၁၆ သန်းဖြင့် ရောက်ရှိလာပြီးနောက် လာမည့်စနေ မန်စီးတီးနှင့် ကစားမည့်ပွဲ၌ အာဆင်နယ်အတွက် ဗွေဆော်ဦးပွဲအဖြစ် ပါဝင်ကစားရန်ရှိနေသည်။

ဒဏ်ရာရနေသော ဂျီရော့ဒ်နေရာတွင် အစားထိုးရန်ယှဉ်ပြိုင်မှု၌ ကနဦးတွင် မိမိမှာ ဒုတိယဦးစားပေးသာ ဖြစ်နေရန် မျှော်လင့်သည်ဟု အာဆင်နယ်အတွက် အကြိမ်(၇၀) ကစားထားသူ ဂျာမနီလက်ရွေးစင်က ပြောသည်။
‘‘အစပိုင်းမှာတော့ ကျွန်တော့်အတွက် ခက်ခဲတဲ့အခြေအ နေပါ။ ဒါပေမဲ့ ရှေ့မှာ ဘောလုံးရာသီ အရှည်ကြီး ရှိပါသေးတယ်။ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ကြတာပေါ့။ ကျွန်တော်သာ အကောင်းဆုံးပုံစံရနေရင် ကျွန်တော်ဟာ အာဆင်နယ်အသင်းအတွက် လုံးဝအံဝင်ခွင်ကျပါပဲ။ ပွဲအတွက် ၁၁ ဦးစာရင်းမှာ ကျွန်တော့်ကိုယ် ကျွန်တော်မြင်နေပါတယ်’’ဟု ပိုဒေါစကီးက ပြောသည်။

No comments:

Post a Comment