Friday, September 12, 2014

ခန္ဓာကိုယ်​မှအဆိပ်​အ​တောက်​​တွေဖယ်​ရှားကြစို့


ကမ္ဘာကြီး​ပေါ်မှာ ​လေထုညစ်​ညမ်းမှု၊​ရေထု ညစ်​ညမ်းမှုအစရှိတဲ့ ညစ်​ညမ်းမှု​တွေပိုပြီး များလာတဲ့အတွက်​ လူ့ခန္ဓာကိုယ်​ကိုလည်း အနည်းနဲ့အများထိခိုက်​မှုရှိ​စေကာအဆိပ်​ အ​တောက်​​တွေဖြစ်​​ပေါ်လာပြီး ကျန်းမာ​ရေး ကိုထိခိုက်​​လာ​စေနိုင်​ပါတယ်​။ဒါ​ကြောင့်​ အဆိုပါအဆိပ်​အ​တောက်​​တွေ ခန္ဓာကိုယ်​မှ ကင်းစင်​ရှင်းလင်းသွား​အောင်တတ်​နိုင်​သမျှ ဖယ်​ရှား​ပေးဖို့လိုပါတယ်​။ဆေးဝါး၊စက်ကိရိ ယာအကူအညီမယူဘဲ အ​ပြောင်းအလဲ​လေး အနည်းငယ်​မျှလုပ်​​ပေးရုံနဲ့ ကျန်းမာတဲ့ခန္ဓာ ကို​ယ်​ကိုပိုင်​ဆိုင်​နိုင်​မှာပါ။ 
 
1.အရက်​​လျှော့​သောက်​ပါ အရက်​ဟာကြီးမားတဲ့ အဆိပ်​ရန်​သူ တစ်​ပါးပါ။တတ်​နိုင်​သမျှ​ ​လျှော့​သောက်​ပါ။ လူမှု​ရေးအရ​သောက်​ရမယ်​ဆိုရင်​လည်း ​ရေနဲ့များများ​ရောပြီး​သောက်​ပါ။ 
 
2.​ဆေးလိပ်​ဖြတ်​ပါ ​ဆေးလိပ်​​သောက်​တတ်​ပါက​ ​ဆေးလိပ်​ ဖြတ်​နိုင်​​အောင်​ကြိုးပမ်းပါ။ဆေးလိပ်​​ကြောင့်​ ကျန်းမာ​ရေးများစွာထိခိုက်​လာ​စေနိုင်​ပါတယ်​။ ​ဆေးလိပ်​​မ​သောက်​တတ်​ပါက ​ဆေးလိပ်​ ​သောက်​သူ​တွေနဲ့ အနီးအနားမှာကြာကြာ မ​နေပါနဲ့။ 
 
3. လက်​ဖက်​ရည်​​၊​ကော်​ဖီဖြတ်​ပါ ကဖင်းစွဲလမ်းခြင်း​ကြောင့်​ဖြစ်​​ပေါ် လာတဲ့​ခေါင်းကိုက်​ခြင်းနဲ့တခြားပြဿနာ ​တွေကို​ရှောင်​ရှားဖို့အတွက်​ လက်​ဖက်​ရည်​၊ ​ကော်​ဖီကိုဖြည်းဖြည်းချင်းဖြတ်​ပါ။အရင်​ဆုံး တ​နေ့တခွက်​​လောက်​သာ​သောက်​ပါ။ကဖင်း ဓာတ်​မပါတဲ့ အရည်​​တွေကိုအစားထိုး​သောက်​ ပါ။ 
 
4.​ရေ​သောက်​ပါ တ​နေ့ကို​ရေများစွာ​သောက်​တဲ့ အကျင့်​လုပ်​ပါ။ခန္ဓာကိုယ်​စနစ်​​တွေကိုသန့်​စင်​ ​ပေးကာ အဆိပ်​အ​တောက်​​တွေကိုဖယ်​ရှား ​ပေးပါတယ်​။ဒါ့အပြင်​ ကိုယ်​အ​လေးချိန်​​လျှော့ ချလိုသူဖြစ်​ပါကလည်း​ရေများစွာ​သောက်​ခြင်း ကဗိုက်​မဆာ​အောင်​ထိန်းထား​ပေးနိုင်​ပါတယ။် 
 
5.အစားအစာသတိထားပါ အလွန်​အမင်းပြုပြင်​ထားတဲ့အစာ ​တွေနဲ့ သ​ရေစာ​တွေမှာ အဆိပ်​အ​တောက်​ ဖြစ်​​စေနိုင်​တဲ့အရာ​တွေများစွာပါရှိပါတယ်​။ လတ်​ဆတ်​တဲ့ ဟင်းသီးဟင်းရွက်​၊သစ်​သီးဝလံ များစွာစား​ပေးပါ။အဆီအအိမ့်​၊ဆားနဲ့ သကြား ​လျှော့စားပါ။ 
 
6.သစ်​သီး​ဖျော်​ရည်​​သောက်​ပါ ပန်းသီး​ဖျော်​ရည်​၊မုန်​လာဥ​ဖျော်​ရည် သံပုရာသီး​ဖျော်​ရည်​စသဖြင့်​ သန့်​ရှင်းလတ်​ ဆတ်​ပြီး စိတ်​ကြည်​လင်​​လန်းဆန်း​စေကာ အာဟာရပြည့်​ဝတဲ့ ဟင်းသီးဟင်းရွက်​နဲ့ သစ်​သီးဝလံ​ဖျော်​ရည်​​စစ်​စစ်​​​တွေကို မနက်​ခင်း နဲ့​နေ့လယ်​ပိုင်းအဆာ​ပြေ​သောက်​​ပေးနိုင်ပါ တယ်​။ဒီသစ်​သီးဝလံ​ဖျော်​ရည်​​တွေကခန္ဓာ ကိုယ်​ကိုသန့်​စင်​​ပေးနိုင်​တဲ့အစွမ်းရှိပါတယ်​။ 
 
7.ကိုယ်​ကာယ​လေ့ကျင့်​ပါ ရွရွ​ပြေးခြင်း၊စက်​ဘီးစီခြင်း၊​ရေကူး ခြင်း၊လမ်း​လျှောက်​ခြင်း၊ကခုန်​ခြင်းစသဖြင့်​ လှုပ်​လှုပ်​ရှားရှားပြုလုပ်​​နေတဲ့​လေ့ကျင်​ခန်း​ ​တွေဟာ သားနံရည်​စီးဆင်းမှုကို​ကောင်းမွန်​ ​စေပါတယ်​။တ​နေ့တာမှာတတ်​နိုင်​သမျှ လှုပ်​လှုပ်​ရှားရှား​နေ​ပေးပါ။ဓာတ်​​လှေကား အစား ​လှေကားအသုံးပြုပါ။ဟိုနားဒီနားသွား ရင်​ကားမစီးဘဲလမ်း​လျှောက်​ခြင်း၊အိမ်​အလုပ်​ ကူလုပ်ခြင်းစသဖြင့်​​ပေါ့။တ​နေ့မှာ မိနစ်​၂၀မျှ ကိုယ်​လက်​လှုပ်​ရှား​လေ့ကျင့်​ခြင်းဖြင့်​ခန္ဓာ ကိုယ်​ကို အဆိပ်​အ​တောက်​ရန်​မှကင်း ​ဝေး​စေနိုင်​ပါတယ်​။ 
 
8.အသက်​ရှူ​လေ့ကျင့်​ခန်းလုပ်​ပါ အသက်​ကိုပြင်းပြင်းနဲ့ဖြည်းဖြည်း ရှူသွင်း၊ရှူထုတ်​ပြုလုပ်​ပါ။တ​နေ့ကို၁၀မိနစ်​ ​လောက်​အချိန်​​ပေးကာ အသက်​ကိုခပ်​ ဖြည်းဖြည်းနဲ့ပြင်းပြင်း စည်းချက်​ညီညီရှူသွင်း ရှူထုတ်​ပြုလုပ်​ခြင်းဖြင့်​ ခန္ဓာကိုယ်​ရှိဆဲလ်​ တိုင်း​အောက်​ဆီဂျင်​များစွာပိုမိုရရှိလာနိုင်​မှာ ပါ။ သက်​​တောင့်​သက်​သာထိုင်​ကာ စိတ်​ထဲမှ တစ်​က​နေ ​လေးအထိ အမှတ်​စဉ်​​ရေတွက်​​နေစဉ်​အသက်​ရှူသွင်း ပါ။နောက်​ထပ်​အမှတ်​​စဉ်​​လေးအထိ အသက်​အောင့်​ထားကာ​အသက်​ရှူ ထုတ်​စဉ်​မှာလည်း အမှတ်​စဉ်​​လေးအထိ ထပ်​မံ​ရေတွက်​ပါ။လုပ်​ရတာအဆင်​​ပြေ ပြီးသက်​​တောင့်​သက်​သာရှိလာပါက အမှတ်​ စဉ်​​ခြောက်​အထိ ​ရေတွက်​ကြည့်​ပါ။နောက်​ ပိုင်းမှာအမှတ်​စဉ်​ရှစ်​အထိ ​ရေတွက်​ကာ ရှူသွင်း အသက်​​အောင့်​ ရှူထုတ်​ တစ်​မျိုးစီလုပ်​လာနိုင်​မှာပါ။ 
































































































No comments:

Post a Comment