Tuesday, September 9, 2014

လက်နက်ဖြင့် ပြန်လည်ခုခံသည့် မူးယစ်တရားခံပြေး (၂) ဦးအား လက်နက် ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ စက်တင်ဘာ ၉

စက်တင်ဘာ ၅ ရက်က မူးယစ်တပ်ဖွဲ့စု (၃၂)မြဝတီ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြ၀တီမြို့မ ရဲစခန်း မယ(ပ) ၅၀/၂၀၁၄ မူးစိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၁ အမှုမှ တိမ်းရှောင်နေသည့် ကွင်းဆက်တရားခံ ကျော်မင်းသူ နှင့်
မြ၀တီမြို့မရဲစခန်း မယ(ပ) ၁၈/၂၀၁၃ မူးစိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၁ အမှုမှ တိမ်းရှောင်နေသည့် ကွင်းဆက်တရားခံ မဖာတမာ တို့သည် မြ၀တီမြို့၊ ရပ်ကွက်(၄)၊ ပြည်တော်သာ (၄) လမ်း၊ သရက်ခြံတွင် ရောက်ရှိနေကြောင်း သတင်းအရ ၀င်ရောက်ရှာဖွေရာ ကျော်မင်းသူ မှာ အဖမ်းမခံဘဲ ကိုးလုံးကျည် ပြောင်းချောသေနတ် တစ်လက် ( ကျည် ၃ တောင့်ပါ) ဖြင့် ပြန်လည် ခုခံရန်ပြု၍ ပူးပေါင်းအဖွဲ့ မှ ကာဘိုင်သေနတ်ဖြင့် တစ်ချက်ပစ်ခတ် ကာကွယ်ခဲ့ရာ ကျော်မင်းသူ ၏ ဝဲဘက်တင်ပါးအောက် ရှပ်မှန်ဒဏ်ရာ တစ်ချက်ထိမှန်ပြီး မဖာတမာ မှလည်း ဖမ်းဆီးရေး အဖွဲ့အား အရိုးအသွား ၁၀ လက်မခန့်ရှိ ဓါးမြှောင် တစ်ချောင်းဖြင့် ရန်ပြုခဲ့၍ ၎င်းတို့ (၂) ဦးအပေါ် လက်နက် ဥပဒေပုဒ်မ ၁၉(စ)၊ ၁၉(င) နှင့် မူးယစ်တရားခံပြေးအမှုတို့ဖြင့် အရေးယူထားကြောင်း သတင်းရရှိ သည်။



No comments:

Post a Comment