တရုတ်နိုင်ငံအတွင်း ပြီးခဲ့သည့် သုံးလက ခွေးရူးပြန် ရောဂါကြောင့်လူငါးဦး
သေဆုံးခဲ့ပြီးနောက် နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင်
ခွေးရူးပြန်ရောဂါ တိုက်ဖျက်ရေး လှုပ်ရှားမှုတစ်ရပ် အနေဖြင့် ခွေးကောင်ရေ
၅၀၀၀ ခန့်ကို သုတ်သင်ခဲ့သည်ဟု စက်တင်ဘာ ၈ရက်က သည်တိုင်းမ်အော့ဖ် အိန္ဒိယ
သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ပေါင်ရှန်းမြို့အစိုးရအဖွဲ့သည် ခွေးရူးပြန်ရောဂါကာကွယ်တားဆီးရန် အတွက်
ခွေးအကောင်ရေ ၄၉၀၀ ကို သတ်ဖြတ်ခဲ့ပြီး ခွေးကောင်ရေ တစ်သိန်းကို
ကာကွယ်ဆေးထိုး ခဲ့ကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက သတင်းထုတ်ပြန်သည်။
ရှီသန်
ခရိုင်ရှိ မြို့နယ်လေး မြို့နယ်နှင့် ကျေးရွာများတွင် ဇူလိုင်လက
ခွေးရူးပြန် ရောဂါကြောင့် တစ်ဦးသေဆုံးခဲ့ပြီး သြဂုတ်လ က လေးဦး
သေဆုံးခဲ့ကြောင်းထုတ်ပြန်ခဲ့သည်။
လျှောင်လင်းခရိုင်နှင့် လျောင်နန်ဒေသတို့တွင် ခွေးကိုက်ခံရမှုများကို သတင်းထုတ်ပြန်ခဲ့သည်။
ပေါင်ရှန်းမြို့
အစိုးရ အဖွဲ့က ခွေးများကို ထိန်းသိမ်းထားရန်နှင့် ခွေးလေခွေးလွင့်များကို
သုတ်သင်ရန် အာဏပိုင်များအား အရေးပေါ် သတိပေး ချက်တစ်ရပ်ထုတ်ပြန်ခဲ့သည်။
ခွေးရူးပြန်ရောဂါသည်
တရုတ်နိုင်ငံတွင် ပြီးခဲ့သည့် ဆယ်စုနှစ်ဝက် တစ်ခုအတွင်း ဖြစ်တောင့်
ဖြစ်ခဲလှသည့် အဆင့် ၂ အမျိုး အစား ရောဂါဖြစ်သည်။
တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်တုန်ပြည်နယ်တွင် ၂၀၀၆ ခုနှစ်က ခွေးရူးပြန်ရောဂါကြောင့် ၁၆ ဦးထက် မနည်း သေဆုံးခဲ့ရသည်။
No comments:
Post a Comment