Friday, September 12, 2014

စိတ်ဝေဒနာရှင်များ ထိုင်းမှရောက်လာခြင်း ဖြစ်နိုင်ဟု ကော့သောင်းဒေသခံများ သံသယရှိ




တနင်္သာရီတိုင်း ဒေသကြီးအတွင်း ထိုင်းနိုင်ငံနယ်စပ်မြို့ တစ်မြို့ဖြစ်သည့် ကော့သောင်းမြို့တွင် ယခုရက် ပိုင်း အတွင်း စိတ်ဝေဒနာရှင် အသစ်များ ထပ်ရောက်လာခြင်းသည် ထိုင်းနိုင်ငံမှ ရောက်လာခြင်းဖြစ်နိုင်
သည်ဟု ကော့သောင်း မြို့ခံအချို့က ပြောကြားသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလလယ်ခန့်က ကော့သောင်းမြို့ပေါ်ရှိ စိတ်ဝေဒနာရှင် ၁၉ ဦးကို ရန်ကုန်မြို့ရှိ စိတ်ရောဂါကု ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် ကော့သောင်းမြို့ပေါ်တွင် စိတ်ဝေဒနာရှင်များ မရှိတော့သော်လည်း ယခုရက်ပိုင်းတွင် မျက်နှာစိမ်း စိတ်ဝေဒနာရှင်များကို ထပ်တွေ့လာရကြောင်း
ဒေသခံများက ပြောကြားသည်။

“အခုတွေ့နေရတဲ့ စိတ်မနှံ့သူတွေ က ယောက်ျားလေးတွေချည်းပဲ၊ ကြောင်တောင်တောင်ဖြစ်ပြီး အသိ စိတ်မရှိတဲ့ ပုံပေါက်နေတယ်၊ ရပ်ကွက်ထဲမှာတောင် အခု ငါးယောက်လောက် တွေ့နေရတယ်” ဟု အေး ရိပ်ငြိမ်ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်သူ အချို့ မူးယစ်ဆေးဝါး အလွန်အကျွံ သုံးစွဲပြီး စိတ်ပုံမှန် မဟုတ်တော့သည့်အခါ ထိုင်းအလုပ်ရှင်များက ကော့သောင်းမြို့နှင့် ကျွန်းများသို့ ပဲ့ချိတ်ဖြင့် လာရောက် ပို့ဆောင်တတ်ကြောင်း ယခင်က ကော့သောင်း။ ရနောင်း ပဲ့ချိတ် မောင်းနှင်ခဲ့ဖူးသည့် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက မှတ်ချက်ပြုသည်။

စိတ်ဝေဒနာရှင် တချို့သည် အေးရိပ်ငြိမ်ရပ်ကွက် လူနေအိမ်များ အပေါ်တက်ပြီး ထမင်းခူးစားခြင်း၊ ဂက်စ် အိုးလာဖွင့်ခြင်း၊ လမ်းဘေးဈေးဆိုင် များမှ ပစ္စည်းများကို လူမရှိသည့်အခါ ဖျက်ဆီးခြင်း စသည်တို့ကို ပြု လုပ်လာကြောင်း ရပ်ကွက်နေသူများက ပြောကြားသည်။

No comments:

Post a Comment