Friday, September 12, 2014

(၇၅) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ် ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ်ရှိ ဒေသအနှံ့တွင် ပြုလုပ်


ရန်ကုန်မြို့ MCC ခန်းမတွင် ကျင်းပသော ဆရာတော်ဦးဥတ္တမ (၇၅) နှစ်မြောက် အခမ်းအနားအား တွေ့ရစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)
စက်တင်ဘာ ၉ ရက်တွင် ကျရောက်သော ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူခြင်း (၇၅)နှစ်မြောက်အခမ်း အနားအား ရန်ကုန်မြို့အပါအဝင် ရခိုင်ပြည်နယ်ရှိ ဒေသအနှံ့အပြားတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့
ကြောင်းသိရသည်။

ရန်ကုန်မြို့ MCC ခန်းမတွင် ကျင်းပသည့် ဆရာတော်ဦးဥတ္တမ၏ (၇၅) နှစ်မြောက် စိန်ရတု ဂုဏ်ပြုအခမ်းအ နားအား စက်တင်ဘာ ၉ ရက် မွန်းလွဲ ၁ နာရီခန့်က ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနက ဦးဆောင်ကာ ကျင်းပခဲ့သည်။

အဆိုပါပွဲသို့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်အပါအဝင် ရခိုင်တိုင်းရင်းသားတိုးတက်ရေး ပါတီမှ ဦးအေးသာအောင်၊ နိုင်ငံခြားသံရုံးအသီးသီးမှ တာဝန်ရှိသူများ၊ သံဃာတော်များ၊ ရခိုင်တိုင်းရင်းသား များ တက်ရောက်အားပေးကြည့်ရှုခဲ့ကြပြီး ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ ကန်တော်မင်္ဂလာအမည်ဖြင့် ဖွင့်လှစ် ထားသောပန်းခြံအား ယခင်မူလ ဦးဥတ္တမပန်းခြံအမည်ဖြင့် ပြန်လည်ပြောင်းလဲသတ်မှတ်ပေးရန် နိုင်ငံတော် အစိုးရထံ အဆိုပြုခဲ့ကြသည်။

(၇၅) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ်ဂုဏ်ပြုပွဲများကို ရခိုင်ပြည်နယ်ရှိ မြို့အနှံ့အပြား တွင်ပြုလုပ်ခဲ့ပြီး ယခုနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့မှ ပူးပေါင်းပါဝင်ကျင်းပခဲ့သဖြင့် စည်ကားသိုက်မြိုက် ခဲ့ကြောင်း သိရသည်။

စစ်တွေမြို့တွင် စိုက်ထူထားသည့် ဆရာတော်ဦးဥတ္တမ ရုပ်တုအား တွေ့ရစဉ် (ဓာတ်ပုံ-သန်းလှိုင်)
ရခိုင်မီးရှူးတန်ဆောင်ဖြစ်သည့် ဆရာတော်ဦးဥတ္တမသည် ၁၉၃၉ ခုနှစ်တွင် ပျံလွန်တော်မူခဲ့ရာ ယခုအခါတွင် (၇၅) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ မြန်မာ့နိုင်ငံရေးသမိုင်းတွင် ထင်ရှားခဲ့သော ဆရာတော်သည် လွတ် လပ်ရေးကြိုးပမ်းဆောင်ရွက်မှုများကို လုပ်ဆောင်ခဲ့ပြီး နယ်ချဲ့မကြောက်တရားများကိုလည်း အကြိမ်ကြိမ်
ဟောကြားခဲ့သည်။ ယင်းသို့ ဟောကြားခဲ့သဖြင့်လည်း ထောင်အကြိမ်ကြိမ်ကျခဲ့ရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က “ဆရာတော်ဟာ လေးစားရတဲ့ပုဂ္ဂိုလ်တစ်ပါး ဖြစ်တယ်။ ဒါကြောင့် အခုလိုစည် ကားသိုက်မြိုက်စွာ ကျင်းပတာကို အားပေးတယ်” ဟုလည်း ထည့်သွင်းပြောကြားသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပန်းခွေဖြင့် လာရောက်ဂါရဝပြုခဲ့ပြီး ဆရာတော်နေ့အထိမ်းအမှတ် ပန်းချီပြ ပွဲနှင့် ကျောင်းသူကျောင်းသားများ၏ ပြိုင်ပွဲဝင်ပန်းချီများကိုလည်း လှည့်လည်ကြည့်ရှုပြီး ဆုရကျောင်း သူကျောင်းသားများကိုလည်း ဆုအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူနှင့် အခြားမြို့များ တွင်လည်း စည်းကားစွာ ကျင်းပခဲ့ကြောင်းနှင့် စစ်တွေမြို့တွင် ဦးဥတ္တမပန်းခြံအတွင်း ကျင်းပခဲ့ခြင်းဖြစ်
ကြောင်းနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှလည်း ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကျင်းပရေးဆပ်ကော် မတီဖွဲ့စည်းကာ စီစဉ်ခဲ့ကြောင်းလည်း သိရသည်။

No comments:

Post a Comment