Thursday, September 11, 2014

မြေ၊ အဆောက်အအုံ ငှားရမ်းခ ၀င်ငွေခွန်ဆောင်ရန် ကြေညာ



မြေ၊ အဆောက်အအုံ ငှားရမ်းမှုကနေ ရတဲ့ဝင်ငွေအပေါ် ၀င်ငွေခွန် ပေးဆောင်ဖို့ အတွက် ပြည်တွင်း အခွန် များ ဦးစီးဌာနက ကြေညာကြောင်း စက်တင်ဘာ ၁၀ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြထား ပါ တယ်။

ထုတ်ပြန်ချက်မှာ ၀င်ငွေခွန်ဟာ တိုက်ရိုက်ခွန် အမျိုးအစားဖြစ်တဲ့အတွက် နေအိမ် အဆောက်အအုံငှားရာ ကနေ ရတဲ့ဝင်ငွေကို ပိုင်ရှင်က ထမ်းဆောင်ရမယ့်အခွန်သာ ဖြစ်ပါတယ်။

သွယ်ဝိုက်ခွန်ကဲ့သို့ ငှားရမ်းသူထံကနေ ထပ်ဆောင်းကောက်ခံစရာမလိုတဲ့အကြောင်း အသိပေး ကြေညာ ထားပါတယ်။

မြေနဲ့ အဆောက်အအုံ ငှားရမ်းတဲ့ ၀င်ငွေအပေါ် ၁၉၂၂ ခုနှစ် မြန်မာနိုင်ငံ အမြတ်ခွန်အက်ဥပဒေအရ ကောက်ခံသလို အဲဒီ ဥပဒေကို ရုတ်သိမ်းပြီး အသစ်ပြင်ဆင် ပြဋ္ဌာန်းထားတဲ့ ၁၉၇၄ ခုနှစ် ၀င်ငွေခွန်ဥပဒေ အရလည်း ၁၉၇၄-၁၉၇၅ စည်းကြပ်နှစ်အတွက် စတင်ကောက်ခံတာလို့ ဖော်ပြပါရှိပါတယ်။


No comments:

Post a Comment