Thursday, September 11, 2014

ထင်း၊ မီးသွေး သုံးစွဲမှု ၇၆ ရာခိုင်နှုန်းအထိ ရှိနေဟု ဒုသမ္မတပြော


မြန်မာနိုင်ငံမှာ ထင်း၊ မီးသွေး သုံးစွဲတာဟာ စုစုပေါင်း စွမ်း အင်သုံးစွဲတာရဲ့ ၇၆ ရာနှုန်းအထိ ရှိနေသေး တယ်လို့ ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းက ပြောပါတယ်။

မနေ့က နေပြည်တော်မှာ လုပ်ခဲ့တဲ့ အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးမှာ ပြောခဲ့တာပါ။

ပြီးတော့ တစ်ယောက်ချင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု နိမ့် ကျတာဟာ ဆင်းရဲနွမ်းပါမှုရဲ့ အမှတ်လက္ခဏာဖြစ်တယ်လို့ လည်း ဒုတိယ သမ္မတက ပြောပါတယ်။

ပေါများကြွယ်ဝပြီး ယုံကြည်စိတ်ချရတဲ့ စွမ်းအင်မရှိပဲ ဘယ်အစိုးရကမှ ပြည်သူတွေရဲ့ အခြေခံ လိုအပ် ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

No comments:

Post a Comment