Friday, September 12, 2014

လုံခြုံ​ရေး​ကြောင့်​ iphone အသုံးပြုခွင့်​ မရ​ကြောင်း အိုဘားမားဖွင့်​ဟ




Apple ကုမ္ပဏီထုတ်​လုပ်​သည့်​ iPad ကိုအသုံးပြုခွင့်​ရ​သော်​လည်းအတိအကျ
မ​ဖော်​ပြသည့်​ လုံခြုံ​ရေးအ​ကြောင်းပြချက်​များ​ကြောင့်​  iPhone  အသုံးပြုခွင့်​မ
်ရရှိ​ကြောင်း အ​မေရိကန်​သမ္မတအိုဘားမားက၀န်​ခံ​ပြောကြားလိုက်​သည်​။

အိမ်​ဖြူ​တော်​တွင်​ပြုလုပ်​ခဲ့သည့်​​တွေ့ဆုံပွဲတစ်​ခုတွင်​အိုဘားမားက  မိမိသည်​လုံ
ခြုံ​ရေးအ​ကြောင်းပြချက်​များ​ကြောင့်​ iPhoneကို အသုံးပြုခွင့်​မရရှိ​​ကြောင်း၊မိမိအ
နေဖြင့်​ BlackBerryကိုသာဆက်​လက်​အသုံးပြု​နေရ​ကြောင်း၊သို့​သော်​သမီးနှစ်
ဦးဖြစ်​သည့်​ ဆာရှာနှင့်​ မာလီယာတို့မှာ iPhone ကိုအသုံးပြုကြ​ကြောင်း​ပြော
ကြားခဲ့သည်​။

Email ကိုအသုံးပြု​လေ့ရှိသူ အိုဘားမားသည်​ ၂၀၀၉ခုနှစ်​က ကျမ်းသ စ္စာကျိန်
ဆိုမှုပြုလုပ်​ခဲ့သည့်​​နောက်​ပိုင်း ၎င်း၏ BlackBerry ကိုသာစွဲစွဲမြဲမြဲအသုံးပြုခဲ့ရ
သည်​။အ​မေရိကန်​သမ္မတ​ဟောင်းဖြစ်​သူ​ဂျော့ဒဗလျူဘုရှ်​သည်​ ၂၀၁၁  ခုနှစ် 
တွင်​ email အသုံးပြုမှုကို​ရပ်​ဆိုင်းခဲ့ပြီး ဘီလ်​ကလင်​တန်​မှာ ၎င်း၏သမ္မတ
သက်​တမ်းတစ်​​လျှောက်​ emailနှစ်​​စောင်​သာပို့ခဲ့ဖူးသည်​။

iPhone နဲ့ပတ်​သက်​သည့်​လုံခြုံ​ရေးအ​ကြောင်းပြချက်​များကို  အိုဘားမားကအ
သေးစိတ်​​ပြောကြားခဲ့ခြင်းမရှိ​​သော်​လည်း စမတ်​ဖုန်းများ၏တည်​​နေရာကိုအ
လွယ်​တကူ​ခြေရာခံနိုင်​သည့်​ လုံခြုံ​ရေးပြဿနာ​ကြောင့်​သ      မ္မတ၏ဆက်​သွယ်
မှုများကိုတစ်​သီးတစ်​သန့်​ပြုလုပ်​​နိုင်​​စေမည့်​  BlackBerry ကိုသာဆက်​လက်
အသုံးပြု​နေရခြင်းဖြစ်​ဖွယ်​ရှိသည်​။

လွန်​ခဲ့သည့်​လအနည်းငယ်​လည်း နိုင်​ငံ​တော်​လုံခြုံ​ရေး​အေဂျင်​စီ  ( NSA) နှင့်
ဗဟိုစုံစမ်း​ရေး​အေဂျင်​စီ(CIA)တို့ပူး​ပေါင်းပြီး ဂျာမနီနိုင်​ငံရှိ အစိုးရအ​ဆောက်​အ
ဦးပတ်​လည်​ရှိ ဆဲလ်​ဖုန်းဆက်​သွယ်​မှုများကို​စောင့်​ကြည့်​မှုများပြုလုပ်​ခဲ့ကြ
သည်​။

ထို့အပြင်​ NSA သည်​Apple ၏ iOS အပါအ၀င်​ နာမည်​​ကျော်​စမတ်​ဖုန်း plat
formသုံးခုကို သုံးစွဲသူများ၏ အချက်​အလက်​များကိုရယူခဲ့​ကြောင်း   သတင်း
များက​ဖော်​ပြခဲ့ကြသည်​။

No comments:

Post a Comment