
Apple ကုမ္ပဏီထုတ်လုပ်သည့် iPad ကိုအသုံးပြုခွင့်ရသော်လည်းအတိအကျ
မဖော်ပြသည့် လုံခြုံရေးအကြောင်းပြချက်များကြောင့် iPhone အသုံးပြုခွင့်မ
်ရရှိကြောင်း အမေရိကန်သမ္မတအိုဘားမားက၀န်ခံပြောကြားလိုက်သည်။
အိမ်ဖြူတော်တွင်ပြုလုပ်ခဲ့သည့်တွေ့ဆုံပွဲတစ်ခုတွင်အိုဘားမားက မိမိသည်လုံ
ခြုံရေးအကြောင်းပြချက်များကြောင့် iPhoneကို အသုံးပြုခွင့်မရရှိကြောင်း၊မိမိအ
နေဖြင့် BlackBerryကိုသာဆက်လက်အသုံးပြုနေရကြောင်း၊သို့သော်သမီးနှစ်
ဦးဖြစ်သည့် ဆာရှာနှင့် မာလီယာတို့မှာ iPhone ကိုအသုံးပြုကြကြောင်းပြော
ကြားခဲ့သည်။
Email ကိုအသုံးပြုလေ့ရှိသူ အိုဘားမားသည် ၂၀၀၉ခုနှစ်က ကျမ်းသ စ္စာကျိန်
ဆိုမှုပြုလုပ်ခဲ့သည့်နောက်ပိုင်း ၎င်း၏ BlackBerry ကိုသာစွဲစွဲမြဲမြဲအသုံးပြုခဲ့ရ
သည်။အမေရိကန်သမ္မတဟောင်းဖြစ်သူဂျော့ဒဗလျူဘုရှ်သည် ၂၀၁၁ ခုနှစ်
တွင် email အသုံးပြုမှုကိုရပ်ဆိုင်းခဲ့ပြီး ဘီလ်ကလင်တန်မှာ ၎င်း၏သမ္မတ
သက်တမ်းတစ်လျှောက် emailနှစ်စောင်သာပို့ခဲ့ဖူးသည်။
iPhone နဲ့ပတ်သက်သည့်လုံခြုံရေးအကြောင်းပြချက်များကို အိုဘားမားကအ
သေးစိတ်ပြောကြားခဲ့ခြင်းမရှိသော်လည်း စမတ်ဖုန်းများ၏တည်နေရာကိုအ
လွယ်တကူခြေရာခံနိုင်သည့် လုံခြုံရေးပြဿနာကြောင့်သ မ္မတ၏ဆက်သွယ်
မှုများကိုတစ်သီးတစ်သန့်ပြုလုပ်နိုင်စေမည့် BlackBerry ကိုသာဆက်လက်
အသုံးပြုနေရခြင်းဖြစ်ဖွယ်ရှိသည်။
လွန်ခဲ့သည့်လအနည်းငယ်လည်း နိုင်ငံတော်လုံခြုံရေးအေဂျင်စီ ( NSA) နှင့်
ဗဟိုစုံစမ်းရေးအေဂျင်စီ(CIA)တို့ပူးပေါင်းပြီး ဂျာမနီနိုင်ငံရှိ အစိုးရအဆောက်အ
ဦးပတ်လည်ရှိ ဆဲလ်ဖုန်းဆက်သွယ်မှုများကိုစောင့်ကြည့်မှုများပြုလုပ်ခဲ့ကြ
သည်။
ထို့အပြင် NSA သည်Apple ၏ iOS အပါအ၀င် နာမည်ကျော်စမတ်ဖုန်း plat
formသုံးခုကို သုံးစွဲသူများ၏ အချက်အလက်များကိုရယူခဲ့ကြောင်း သတင်း
များကဖော်ပြခဲ့ကြသည်။



































No comments:
Post a Comment