Monday, September 8, 2014

IS အဖွဲ့ကို နှိမ်နင်းမယ့် အစီအစဉ် ကြာသပတေးမှာ အိုဘားမား ဖော်ပြဖို့ရှိ

IS ​လို့ခေါ်တဲ့ ​အစ္စလာမ်မစ်နိုင်ငံ ​တည်ထောက်သူတွေကို ​ဘယ်လို ​နှိမ်နင်းသွားမလဲဆိုတဲ့ ​အစီအစဉ်ကို ​လာမယ့် ​ကြာသပတေးနေ့မှာ ​ထုတ်ဖော်ပြောဆိုသွားမယ်လို့ ​အမေရိကန် ​သမ္မတ ​ဘာရက်အိုဘားမားက ​ပြောပါတယ်။
အီရတ်နိုင်ငံ ​Anbar ​ပြည်နယ်မှာရှိတဲ့ ​IS ​အဖွဲ့ကို ​ဝေဟင်ကနေ ​ထိရောက်စွာ ​ပထမဦးဆုံး ​တိုက်ခိုက်နိုင်ပြီး ​မကြာခင်မှာပဲ ​အမေရိကန်သမ္မတက ​အခုလို ​ပြောဆိုတာ ​ဖြစ်ပါတယ်။


အမေရိကန်အနေနဲ့ ​ဆီးရီးယားနဲ့ ​အီရတ်နိုင်ငံကို ​စစ်သားတွေ ​ပို့ဆောင်မှာ ​မဟုတ်ဘူးလို့ ​သမ္မတ ​အိုဘားမားက ​ပြောပါတယ်။
အမေရိကန် ​စစ်သား ​ထောင်နဲ့ချီကို ​ပို့ဆောင်မှာ ​မဟုတ်ပါဘူး။ ​နိုင်ငံတကာညွန့်ပေါင်းအဖွဲ့ရဲ့ ​လှုပ်ရှားမှုတွေမှာ ​အမေရိကန်က ​တစိတ်တပိုင်းသာ ​ပါဝင်မှာဖြစ်ပြီး ​အီရတ်စစ်တပ်နဲ့ ​Kurdish ​စစ်တပ်တို့ရဲ့ ​တိုက်ခိုက်မှုကို ​ကူညီတဲ့အနေနဲ့ ​ဝေဟင်ကနေသာ ​ကူညီတိုက်ခိုက်ပေးမှာ ​ဖြစ်တယ်လို့ ​ပြောပါတယ်။

ဒီအတွက် ​အစီအစဉ်ချမှတ်ပေးမှာ ​ဖြစ်ပြီး ​အဲဒီအစီအစဉ်ကို ​အသုံးချပြီး ​IS ​အဖွဲ့ ​သိမ်းယူထားတဲ့ ​နယ်မြေတွေကို ​အီရတ်စစ်သားနဲ့ ​Kurdish ​အဖွဲ့တွေ ​ပြန်လည်ရယူနိုင်ဖို့အတွက် ​ဖြစ်တယ်လို့ ​သမ္မတ ​အိုဘားမားက ​ပြောပါတယ်။

အမေရိကန်အနေနဲ့ ​အခုအချိန်အထိ ​အီရတ်နိုင်ငံ ​မြောက်ပိုင်းမှာသာ ​ဝေဟင်တိုက်ခိုက်မှုတွေ ​ပြုလုပ်နေတာဖြစ်ပြီး ​သြဂုတ်လကစပြီး ​ဝေဟင်တိုက်ခိုက်မှု ​အကြိမ်ပေါင်း ​၁၃၀ ​ပြုလုပ်ပြီးပြီလို့လည်း ​အရှေ့အလယ်ပိုင်းဆိုင်ရာ ​အေဘီစီ ​သတင်းထောက် ​Hayden ​Cooper ​က ​သတင်းပေးပို့ထားပါတယ်။

တချိန်တည်းမှာပဲ ​အီဂျစ်နိုင်ငံ ​ကိုင်ရိုမြို့မှာ ​ဆွေးနွေးမှု ​လုပ်နေကြတဲ့ ​အာရပ်သမဂ္ဂများ ​အဖွဲ့ဝင် ​နိုင်ငံခြားရေး ​ဝန်ကြီးတွေကလည်း ​IS ​အဖွဲ့ကို ​ချေမှုန်းရေးနဲ့ ​ပတ်သက်ပြီး ​နိုင်ငံတကာ ​အဖွဲ့အစည်းတွေ၊ ​ဒေသတွင်း ​အဖွဲ့အစည်းတွေနဲ့ ​ပူးပေါင်းလုပ်ဆောင်ကြဖို့ ​သဘောတူညီခဲ့ကြပါတယ်။

ဒါ့အပြင် ​အီရတ်နဲ့ ​ဆီးရီးယားနိုင်ငံအတွင်းက ​အစွန်းရောက်သမားတွေအတွက် ​ဝင်ငွေတွေ၊ ​စစ်လက်နက်တွေနဲ့ ​ကူးသန်းသွားလာရေးတွေ ​လုပ်ဆောင်လို့မရအောင် ​ဟန့်တားမှုတွေ ​လုပ်ဖို့ ​ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ ​လုပ်ဆောင်တဲ့အပေါ်မှာလည်း ​အာရပ်သမဂ္ဂများအဖွဲ့က ​သဘောတူခဲ့ကြပါတယ်။


အမေရိကန် သမ္မတ ဘာရက်အိုဘားမား (Credit: AFP) 

No comments:

Post a Comment