အီရတ်နိုင်ငံ Anbar ပြည်နယ်မှာရှိတဲ့ IS အဖွဲ့ကို ဝေဟင်ကနေ ထိရောက်စွာ ပထမဦးဆုံး တိုက်ခိုက်နိုင်ပြီး မကြာခင်မှာပဲ အမေရိကန်သမ္မတက အခုလို ပြောဆိုတာ ဖြစ်ပါတယ်။
အမေရိကန်အနေနဲ့ ဆီးရီးယားနဲ့ အီရတ်နိုင်ငံကို စစ်သားတွေ ပို့ဆောင်မှာ မဟုတ်ဘူးလို့ သမ္မတ အိုဘားမားက ပြောပါတယ်။
အမေရိကန် စစ်သား ထောင်နဲ့ချီကို ပို့ဆောင်မှာ မဟုတ်ပါဘူး။ နိုင်ငံတကာညွန့်ပေါင်းအဖွဲ့ရဲ့ လှုပ်ရှားမှုတွေမှာ အမေရိကန်က တစိတ်တပိုင်းသာ ပါဝင်မှာဖြစ်ပြီး အီရတ်စစ်တပ်နဲ့ Kurdish စစ်တပ်တို့ရဲ့ တိုက်ခိုက်မှုကို ကူညီတဲ့အနေနဲ့ ဝေဟင်ကနေသာ ကူညီတိုက်ခိုက်ပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒီအတွက် အစီအစဉ်ချမှတ်ပေးမှာ ဖြစ်ပြီး အဲဒီအစီအစဉ်ကို အသုံးချပြီး IS အဖွဲ့ သိမ်းယူထားတဲ့ နယ်မြေတွေကို အီရတ်စစ်သားနဲ့ Kurdish အဖွဲ့တွေ ပြန်လည်ရယူနိုင်ဖို့အတွက် ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။
အမေရိကန်အနေနဲ့ အခုအချိန်အထိ အီရတ်နိုင်ငံ မြောက်ပိုင်းမှာသာ ဝေဟင်တိုက်ခိုက်မှုတွေ ပြုလုပ်နေတာဖြစ်ပြီး သြဂုတ်လကစပြီး ဝေဟင်တိုက်ခိုက်မှု အကြိမ်ပေါင်း ၁၃၀ ပြုလုပ်ပြီးပြီလို့လည်း အရှေ့အလယ်ပိုင်းဆိုင်ရာ အေဘီစီ သတင်းထောက် Hayden Cooper က သတင်းပေးပို့ထားပါတယ်။
တချိန်တည်းမှာပဲ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ဆွေးနွေးမှု လုပ်နေကြတဲ့ အာရပ်သမဂ္ဂများ အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးတွေကလည်း IS အဖွဲ့ကို ချေမှုန်းရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ဒေသတွင်း အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ကြဖို့ သဘောတူညီခဲ့ကြပါတယ်။
ဒါ့အပြင် အီရတ်နဲ့ ဆီးရီးယားနိုင်ငံအတွင်းက အစွန်းရောက်သမားတွေအတွက် ဝင်ငွေတွေ၊ စစ်လက်နက်တွေနဲ့ ကူးသန်းသွားလာရေးတွေ လုပ်ဆောင်လို့မရအောင် ဟန့်တားမှုတွေ လုပ်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ လုပ်ဆောင်တဲ့အပေါ်မှာလည်း အာရပ်သမဂ္ဂများအဖွဲ့က သဘောတူခဲ့ကြပါတယ်။
![]() |
| အမေရိကန် သမ္မတ ဘာရက်အိုဘားမား (Credit: AFP) |




































No comments:
Post a Comment