အာဖဂန်နစ္စတန် နိုင်ငံ Ghazni ပြည်နယ် တောင်ပိုင်းတွင် အီရတ်နှင့် ဆီးရီးယားနိုင်ငံ များကဲ့သို့ ISIS အစ္စလာမ္မစ် စစ်သွေးကြွ လှုပ်ရှားမှုများ ပေါ်ထွက် နေကြောင်း အာဖဂန် သတင်းစာ တစ်စောင်က စက်တင်ဘာလ ၂၇ ရက်နေ့တွင် ရေးသား ဖော်ပြ ခဲ့သည်ဟု Xinhua သတင်းတစ်ရပ် အရ သိရသည်။
အီရတ်နှင့် ဆီးရီးယားနိုင်ငံ တို့ရှိ ISIS စစ်သွေးကြွ အဖွဲ့နှင့် အဆက်အသွယ် ရှိနေသည့် အာဖဂန်ရှိ တာလီဘန် စစ်သွေးကြွ များသည် Malistan ၊ Nawar ၊ Qarabagh နှင့် Jaghori အစရှိသော ခရိုင်အချို့တွင် ISIS စစ်သွေးကြွ အဖွဲ့၏ အနက်ရောင် အလံများကို ဝှေ့ယမ်းခဲ့ကြပြီး ISIS စစ်သွေးကြွ အဖွဲ့အား အထောက်အကူ ပေးရေးအတွက် နံရံများ ပေါ်တွင် ဆောင်ပုဒ်များကို ရေးသား ခဲ့ကြောင်း အဆိုပါ Wahat နေ့စဉ်သတင်းစာ တွင် ရေးသား ဖော်ပြခဲ့သည်။
၎င်း တာလီဘန် စစ်သွေးကြွ များသည် အထက်ပါ ခရိုင်များ အပါအဝင် ခရိုင်အချို့ရှိ ဆက်သွယ်ရေး လမ်းကြောင်းများကို ပိတ်ဆို့ခဲ့ကြောင်း ဒုတိယ ပြည်နယ် အုပ်ချုပ်ရေးမှူး Mohammad Ali Ahmadi ၏ ပြောကြားချက် အား ကိုးကား၍ ၄င်းသတင်းစာ၌ ရေးသား ဖော်ပြခဲ့သည်။ အာဖဂန်အစိုးရ အနေဖြင့် နိုင်ငံအတွင်းရှိ အဆိုပါ ISIS စစ်သွေးကြွ လှုပ်ရှားမှု များအား တိုက်ခိုက် ချေမှုန်းမှု မရှိလျှင် ပင်မ ISIS စစ်သွေးကြွ အဖွဲ့အနေဖြင့် အာဖဂန်နစ္စတန် နိုင်ငံအတွင်းသို့ တိုးချဲ့လှုပ်ရှား ဆောင်ရွက် လာလိမ့်မည်ဟု Mohammad Ali Ahmadi က သတိပေး ပြောကြားခဲ့သည်ဟု သိရှိရသည်။
No comments:
Post a Comment