Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 29, 2014

အာဖဂန်နစ္စတန်နိုင်ငံရှိ တောင်ပိုင်းပြည်နယ် တစ်ခုတွင် ISIS စစ်သွေးကြွလှုပ်ရှားမှုများ ပေါ်ပေါက်လျက် ရှိဟုဆို

ကဘူး ၊ ၂၉-၉-၂၀၁၄

အာဖဂန်နစ္စတန် နိုင်ငံ Ghazni ပြည်နယ် တောင်ပိုင်းတွင် အီရတ်နှင့် ဆီးရီးယားနိုင်ငံ များကဲ့သို့ ISIS အစ္စလာမ္မစ် စစ်သွေးကြွ လှုပ်ရှားမှုများ ပေါ်ထွက် နေကြောင်း အာဖဂန် သတင်းစာ တစ်စောင်က စက်တင်ဘာလ ၂၇ ရက်နေ့တွင် ရေးသား ဖော်ပြ ခဲ့သည်ဟု Xinhua သတင်းတစ်ရပ် အရ သိရသည်။

အီရတ်နှင့် ဆီးရီးယားနိုင်ငံ တို့ရှိ ISIS စစ်သွေးကြွ အဖွဲ့နှင့် အဆက်အသွယ် ရှိနေသည့် အာဖဂန်ရှိ တာလီဘန် စစ်သွေးကြွ များသည် Malistan ၊ Nawar ၊ Qarabagh နှင့် Jaghori အစရှိသော ခရိုင်အချို့တွင် ISIS စစ်သွေးကြွ အဖွဲ့၏ အနက်ရောင် အလံများကို ဝှေ့ယမ်းခဲ့ကြပြီး ISIS စစ်သွေးကြွ အဖွဲ့အား အထောက်အကူ ပေးရေးအတွက် နံရံများ ပေါ်တွင် ဆောင်ပုဒ်များကို ရေးသား ခဲ့ကြောင်း အဆိုပါ  Wahat နေ့စဉ်သတင်းစာ တွင် ရေးသား ဖော်ပြခဲ့သည်။

၎င်း တာလီဘန် စစ်သွေးကြွ များသည် အထက်ပါ ခရိုင်များ အပါအဝင် ခရိုင်အချို့ရှိ ဆက်သွယ်ရေး လမ်းကြောင်းများကို ပိတ်ဆို့ခဲ့ကြောင်း ဒုတိယ ပြည်နယ် အုပ်ချုပ်ရေးမှူး Mohammad Ali Ahmadi ၏ ပြောကြားချက် အား ကိုးကား၍ ၄င်းသတင်းစာ၌ ရေးသား ဖော်ပြခဲ့သည်။ အာဖဂန်အစိုးရ အနေဖြင့် နိုင်ငံအတွင်းရှိ အဆိုပါ ISIS စစ်သွေးကြွ လှုပ်ရှားမှု များအား တိုက်ခိုက် ချေမှုန်းမှု မရှိလျှင် ပင်မ ISIS စစ်သွေးကြွ အဖွဲ့အနေဖြင့် အာဖဂန်နစ္စတန် နိုင်ငံအတွင်းသို့ တိုးချဲ့လှုပ်ရှား ဆောင်ရွက် လာလိမ့်မည်ဟု Mohammad Ali Ahmadi က သတိပေး ပြောကြားခဲ့သည်ဟု သိရှိရသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ