Thursday, October 2, 2014

၂၀၀၈၊၂၀၁၀ ခုနှစ် လူဦးရေစာရင်းတွေနဲ့ မသက်ဆိုင်ကြောင်း လ၀ကဌာန ရှင်းလင်း

၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ စာအုပ်မှာပါတဲ့ လူဦးရေကိန်းဂဏန်းတွေဟာ မိမိတို့ ကောက်ခံခဲ့တာ မဟုတ်ဘူးလို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာနက ဒီကနေ့ ပြောကြား လိုက်ပါတယ်။

ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြည်သူ့အင်အား ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးမြင့်ကြိုင်က-

"ဒီ ၂၀၁၀ ရွေးကောက်ပွဲတုန်းက မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ လူဦးရေ ၅၇ သန်းရှိတယ်လို့ ဖော်ပြ ထားတယ်၊ အဲ့ဒီ ၅၇ သန်းလို့  ဖော်ပြထားတာက ကျနော်တို့ ခန့်မှန်း လူဦးရေ စာရင်းက တွက်ဆပြီးတော့ ဖော်ပြထားတာပါ၊ ခန့်မှန်း လူဦးရေ စာရင်း ဘယ်ကရလဲဆိုတော့ ခုနက ကျနော်တင်ပြပြီးတဲ့ အတိုင်းပဲ ၁၉၈၃ ခုနှစ်သန်းခေါင်စာရင်းမှာ ၅ နှစ်တစ်ခါ ဖွားသေစစ်တမ်းတွေကောက်ပြီးတော့ တွက်ချက်ပြီးတော့ ကျနော်တို့ လူဦးရေသန်းခေါင်စာရင်းထုတ်ပြန်ပါတယ်၊ အဲ့ဒီက ၅၇ သန်းနဲ့ထုတ်ပြန်ထားတာပါ၊ အခြေခံဥပဒေစာအုပ်ထဲမှာတော့ ဆန္ဒမဲပေးခွင့်ရှိသူလူဦးရေ နှစ်ဆယ့်ခုနှစ်သန်း သုံးသိန်းခြောက်သောင်း ကိုးထောင်ကိုးထောင့် ငါးဆယ့် ခုနှစ်ယောက်လို့ ဖော်ပြထားတယ်၊ အဲ့ဒီဟာက သန်းခေါင်းစာရင်းနဲ့ မဆိုင်ပါဘူးခင်ဗျ"

သန်းခေါင်းစာရင်းကောက်ခံမှုကို ၂၀၁၄ခုနှစ်မတ်လ ၂၉ ရက်နေ့ကနေ ဧပြီလ ၁၀ ရက်အထိ ကွင်းဆင်း ဆောင်ရွက်ခဲ့တာဖြစ်ပြီး လတ်တလော ရှေ့ပြေးသန်ခေါင်စာရင်းရဲ့ထုတ်ပြန်ချက်အရ လူဦးရေ ၅၁ သန်းကျော်ရှိပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment