အခုရက်ပိုင်းအတွင်းမှာ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ တာမွေနဲ့ သာကေတမြို့နယ်တွေမှာ ကားတစီးနဲ့အတူ အရောင်းဝန်ထမ်းတွေဟာ ဆေးဆိုင်နဲ့ စတိုးဆိုင်တွေကို ၀င်ရောက်ပြီး ကုန်ပစ္စည်းသစ် မိတ်ဆက်ဖို့ အကြောင်းပြချက်နဲ့ လာရောက်ရောင်းချတာ ဖြစ်ပါတယ်။
ပြန်လည် စစ်ဆေးတဲ့အခါမှာတော့ အတုတွေ ဖြစ်နေတာရယ်၊ ဈေးကွက်ထဲမှာ မရှိတဲ့ ပစ္စည်းတွေ ဖြစ်နေတာ တွေ့ရတယ်လို့ ကိုယ်တိုင်ကြုံတွေ့သူ ဒဂုံတောင်မြို့နယ် ဘေဘီဝေါလ် စတိုးဆိုင်ပိုင်ရှင် ဒေါ်ခင်နုက ပြောပါတယ်။
သူ့ကိုတော့ အလှကုန်ပစ္စည်းတွေ ရောင်းသွားသလို ဆိုင်းဘုတ်အသစ် တပ်ပေးမယ်ပြောပြီး ဆက်သွယ်ဖို့ ဖုန်းနံပါတ်လည်း ပေးသွားကြောင်း၊ သူတို့ကို ပြန်ဆက်သွယ်တော့ ဖုန်းနံပါတ်မှာ တခြားတယောက် ဖြစ်နေလို့ သူတို့ရဲ့ကုမ္ပဏီကို ဆက်သွယ်ကြည့်တဲ့အခါမှာလည်း ကုမ္ပဏီက စေလွှတ်ထားတာ မရှိဘူးလို့ ပြန်အကြောင်းပြန်ခဲ့တယ်လို့ ဒေါ်ခင်နုက ပြောပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာရဲစခန်းတွေကို အသိပေးတိုင်ကြားထားတယ်လို့ သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနကလည်း ထိုင်းနိုင်ငံထုတ် အလှကုန်ပစ္စည်း ၉ မျိုးဟာ အရေပြားကင်ဆာ ဖြစ်စေနိုင်တဲ့ ဓာတုဆေးတွေ ပါဝင်တာနဲ့ မှတ်ပုံတင်ထားတာလည်း မရှိတာကြောင့် သုံးစွဲဖို့ မသင့်ဘူးလို့ ပြီးခဲ့တဲ့ သြဂုတ်လမှာ သတိပေးထုတ်ပြန်ထားပါတယ်။

No comments:
Post a Comment