Sunday, October 5, 2014

အမျိုးသားတစ်ဦး မီးပလပ်ခုံအား ကိုင်ပေါက်ပြီး လက်ဖြင့်ကိုင်စဉ် ဓါတ်လိုက်ခံရသဖြင့် သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၎

၎.၁၀.၂၀၁၄ရက်နေ့ ၀၀၁၀အချိန် သာကေတမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ရန်ကုန်အရှေ့ပိုင်း ဆေးရုံကြီးတွင် အမျိုးသားတစ်ဦး ဓါတ်လိုက်ခံရပြီး ရောက်ရှိ ဆေးကုသစဉ် သေဆုံးသွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ သာကေတမြို့နယ်နေ ဖိုးချို (၁၈)နှစ်ဖြစ်ပြီး ၎င်းတွင် ဝဲလက်မနှင့် လက်ညှိုးကြားပွန်းစုတ်ဒဏ်ရာ၊ ယာရင်ဘတ်အောက် အပူလောင်ညိုမဲဒဏ်ရာ၊ ယာဘက်ပါးရိုးပွန်းပဲ့ဖူးရောင်ဒဏ်ရာတို့ ရရှိထားသည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် အိပ်ယာဘေးရှိ ပန်ကာမှပလပ်ခေါင်းအား တမံတလင်းပေါ်၌ ကြိုးတန်းလန်းနှင့်ထားသော မီးပလပ်ခုံတွင်ထိုး၍ ပန်ကာဖွင့်ရာ မလည်သဖြင့် မီးပလပ်ခုံအား ကိုင်ပေါက်ခဲ့ကြောင်း၊ ထိုသို့ကိုင်ပေါက်ခဲ့သဖြင့် မီးပလပ်ခုံ၏အပေါ်အဖုံးမှာ ပွင့်ထွက်သွားကြောင်း၊ ၎င်းအဖုံးပွင့်နေသည့် မီးပလပ်ခုံအား လက်ဖြင့်ပြန်ကိုင်လိုက်ရာမှ ဓါတ်လိုက်ခံရပြီး မှောက်လျက် အနေအထားဖြင့် မီးပလပ်ခုံပေါ်သို့လဲကျကာ ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန် အရှေ့ပိုင်းဆေးရုံကြီးသို့ ပို့ဆောင်ကုသစဉ် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ သာကေတမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၂၃/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment