Sunday, October 5, 2014

ပီပါပေါ်တက်၍ လျှပ်စစ်မီးကြိုး တပ်ဆင်စဉ် ဓါတ်လိုက်ခံရပြီး တမံတလင်းပေါ် ပြုတ်ကျခဲ့သဖြင့် ဒဏ်ရာရ သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၎

၃.၁၀.၂၀၁၄ရက်နေ့ ၂၀၃၀အချိန် သုံးခွမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အမျိုးသား တစ်ဦး ဓါတ်လိုက်ခံရပြီး ဒဏ်ရာများဖြင့် သုံးခွဆေးရုံသို့ ရောက်ရှိ ဆေးကုသနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ဓါတ်လိုက်ခံရသူမှာ သုံးခွမြို့နယ်နေ ကိုခင်မောင်မြင့် (၅၇)နှစ်ဖြစ်ကာ ၎င်းတွင် မျက်ကွင်းညိုမဲဒဏ်ရာ၊ ဝဲနား၊ နှာခေါင်းသွေးထွက်ဒဏ်ရာများ၊ ဝဲချိုစောင်းဖူးရောင် ပေါက်ပြဲဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိရပြီး သုံးခွဆေးရုံမှ တစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်း ကုသရန်ပို့ဆောင်စဉ် လမ်း၌သေဆုံး သွားခဲ့ပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည်သုံးခွမြို့၊ (၉)ရပ်ကွက်ရှိ ကုန်မာပစ္စည်း အရောင်း ဆိုင်ရှေ့တွင် သံပီပါ ပေါ်တက်၍ လျှပ်စစ်မီးကြိုး တပ်ဆင်စဉ် ဓါတ်လိုက်ခံရပြီး ပီပါပေါ်မှ တမံတလင်းပေါ်သို့ ပြုတ်ကျခဲ့သဖြင့် ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်၍ သုံးခွမြို့မ ရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၃၁/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment