Saturday, October 11, 2014

စုန်းခုနစ်ဦးအား မီးရှို့သတ်သူများကို တန်ဇန်နီးယားတွင်ဖမ်းဆီး

စုန်းတတ်သည်ဟု ယိုးစွပ်ကာ လူ ခုနစ်ဦးအား အရှင်လတ်လတ် မီးရှို့သတ်မှု ဖြင့် လူ ၂၃ ဦးအား တန်ဇန်နီးယားရဲများက ဖမ်းဆီးစွဲချက်တင် ထားကြောင်း သိရသည်။

တန်ဇန်နီးယား အနောက်ပိုင်း ကီဂိုမာဒေသရှိ မူရူဖီတီကျေးရွာတွင် တနင်္လာနေ့က အခင်းဖြစ်ခဲ့သော်လည်း တရားခံများအား ဖမ်းဆီးရမိပြီးမှသာ သတင်းထွက်ပေါ် လာခြင်းဖြစ်သည်။

အသတ်ခံရသူများအနက် ငါးဦးမှာ အသက် ၆၀ ကျော်အရွယ်များဖြစ်ပြီး ကျန်နှစ် ဦးမှာ ၄၀ ကျော်အရွယ်များဖြစ်ကြကြောင်း သိရသည်။

တန်ဇန်နီးယားတွင် စုန်းမဟု ယိုးစွပ်ခံရကာ နှစ်စဉ်အသတ်ခံရသူ ၅၀၀ ခန့်ရှိ ကြောင်း တန်ဇန်နီးယားရှိ လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က ဆိုသည်။

ဖမ်းဆီးထိန်းသိမ်းခံရသူများအနက် တစ်ဦးမှာ ဒေသန္တရခေါင်းဆောင်တစ်ဦး ဖြစ်သည်ဟု ရဲများကဆိုသည်။

အသတ်ခံရသူများအနက် အချို့သည် ဓားများဖြင့် ထိုးခုတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်မီးရှို့ခံရခြင်းများကြုံခဲ့ရသည်ဟု မျက်မြင်တွေ့ရှိ သူများက ဆိုသည်။

စုန်းကဝေယုံကြည်မှုများသည် တန်ဇန်နီးယားနိုင်ငံနေရာ များစွာတွင် ဆက်လက် ယုံကြည်နေကြဆဲဖြစ်သည်။ ၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အကြားတွင် စုန်းတတ် သည်ဟု စွပ်စွဲခံရ၍ သတ်ဖြတ်ခံရသူ ၃၀၀၀ ၀န်းကျင်ရှိကြောင်း အစီရင်ခံစာများ တွင်ဖော်ပြထားသည်။

သေဆုံးသူအများစုသည် အသက်အရွယ်ရနေပြီဖြစ်သည့် အမျိုးသမီးကြီးများ ဖြစ်ကြပြီး ကျေးရွာများတွင် စုန်းပြုစားခံရသူများကို ကုသပေး ကြသည်ဟု သိရသည်။


ပုံတွင်မြင်တွေ့ရသည်မှာ တန်ဇန်နီးယားမှ စုန်းကုပေးသူတစ်ဦးဖြစ်သည်။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment