Saturday, October 11, 2014

ရှမ်းပြည်နယ် တိုက်ပွဲတွေ ရှမ်း ခေါင်းဆောင်တွေ ဝေဖန်

ရှမ်းပြည်နယ် မှာ ဖြစ်ပွားနေ တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး သမ္မတ ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကို ရှမ်း ခေါင်းဆောင်တွေ က ဝေဖန် လိုက်ပါတယ်။

အောက်တိုဘာ ၂ ရက်က SNLD, SNDP စတဲ့ ရှမ်း ပါတီ တွေ နဲ့ ရှမ်း လက်နက်ကိုင် တွေ ကြား ပူးပေါင်း ဆောင်ရွက် ရေး ထိုင်းနိုင်ငံ ဘန်ကောက် မှာ စတင် ဆွေးနွေး ချိန်က SSPP/SSA နယ်မြေ မှာ နှစ်ဘက် တိုက်ပွဲ တွေ ဖြစ်ခဲ့ ပါတယ်။

အဲဒီ ထိုးစစ်တွေကို ရပ်တန့်ဖို့ လည်း သူတို့က တောင်းဆို ခဲ့ပါတယ်။

စေ့စပ် ဆွေးနွေးမှု တွေ လုပ်နေချိန်မှာ တိုက်ပွဲ မစ ဖို့ ရှမ်း ဆွေးနွေးပွဲ မှာ သဘောတူခဲ့ ကြတယ်လို့ SNLD ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးခွန်ထွန်းဦးက ပြောပါတယ်။

ရှမ်းပြည်နယ် မှာသာမက တပြည်လုံး အနှံ့ တိုက်ပွဲတွေ ပြန်ဖြစ်နေလို့ အစိုးရနဲ့ တိုင်းရင်းသား တွေကြား ယုံကြည်မှု ပျက်ပြား စေပြီး ငြိမ်းချမ်းရေး အတွက် အလားအလာ ကောင်း တွေ နှောင့်နှေး စေတယ်လို့လည်း သူက ဆိုပါတယ်။

အစိုးရ ဘက်က သမ္မတ ၊ မြန်မာ ငြိမ်းချမ်းရေး စင်တာ ဘက်က ရှမ်းခေါင်းဆောင် တွေကို ခေါ်ယူ ဆွေးနွေးလေ့ ရှိပေမယ့် အစိုးရနဲ့ စစ်တပ်ကြား သဘော ကွဲလွဲမှု ရှိသလို ဖြစ်နေတာ မသင့်တော်ဘူး လို့ ဦးခွန်ထွန်းဦးက ထောက်ပြ ပါတယ်။

တပ် အနေနဲ့ အခြေခံ စိတ်ကို ပြင်ပြီး ပြေပြေလည်လည် ဖြစ်အောင် ညှိနှိုင်းသင့်ပြီး မဟုတ်ရင် အချိန်တွေ သိပ်ကြာပြီး ငြိမ်းချမ်းရေး လမ်းစ အလှမ်းဝေးသွား လိမ့်မယ် လို့ သတိပေးသွား ပါတယ်။


တိုက်ပွဲတွေကြောင့် ဆွေးနွေးပွဲတွေ နှောင့်နှေးနိုင်


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment