သင်္ကာမကင်းစရာ အချက်အလက်တွေ မတွေ့ရဘူးဆိုတဲ့ အဖြေကလည်း သူတို့ မျှော်လင့်ထားတဲ့ အဖြေဖြစ်တယ်လို့လည်း ဒေါက်တာ Nirund Pitakwatchara က မနေ့က ပြောပါတယ်။
မြန်မာ နှစ်ဦးကို ထိုင်းရဲတွေက အောက်တိုဘာလဆန်း ၁ ရက်နေ့မှာ ဖမ်းဆီးပြီး အောက်တိုဘာ ၁၃ နဲ့ အောက်တိုဘာ ၂၀ ရက်နေ့မှ ဓာတ်မှန် ရိုက်တာ ဖြစ်တဲ့အတွက် သင်္ကာမကင်းစရာ သက်သေတွေ တွေ့ရှိဖို့ ခက်ခဲမယ်လို့ သူက ပြောပါတယ်။
မြန်မာနှစ်ဦး လူသတ်မှုနဲ့ စွပ်စွဲခံနေရတာနဲ့ ပတ်သက်ပြီး ထိုင်းရဲတွေ လာရောက်ဆွေးနွေးမှုတွေ လုပ်ဖို့ ထိုင်းလူ့အခွင့်အရေးအဖွဲ့က ဖိတ်ခေါ်ထားပေမယ့် ထိုင်းရဲတွေက လာရောက်ခြင်း မရှိခဲ့ပါဘူး။
လူ့အခွင့်အရေး ကော်မရှင်နာနဲ့ တွေ့ဆုံဖို့ ရှေ့နေရဲ့ ခွင့်ပြုချက် မရလို့ မတွေ့နိုင်တာ ဖြစ်တယ်လို့ ထိုင်းရဲဘက်က ပြောကြောင်း The Nation သတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာနှစ်ဦးကို ထိန်းသိမ်းစဉ်အတွင်း ထိုင်းရဲတွေဘက်က နှိပ်စက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုပြီး ထိုင်းလူ့အခွင့်အရေးက ပြောဆိုထားပါတယ်။
ထိုင်းရဲတွေနဲ့ နိုဝင်ဘာလ ၃ ရက်မှာ တွေ့ဆုံနိုင်ဖို့ ထပ်မံ ကြိုးစားထားတယ်လို့လည်း ပြောကြောင်း ဖော်ပြထားပါတယ်။
မြန်မာနှစ်ဦးဟာ ကော့တောင်ကျွန်း အလည်လာတဲ့ ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်ပစ်တယ်ဆိုပြီး ထိုင်းရဲက စွပ်စွဲထားပေမယ့် မြန်မာတွေကတော့ သူတို့ ပြစ်မှု မကျူးလွန်ခဲ့ရကြောင်း ထိုင်းရဲတွေက အတင်းအဓမ္မ ဝန်ခံခိုင်းလို့ သူတို့ မကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ဝန်ခံခဲ့ရတာလို့ ပြောဆိုနေပါတယ်။
![]() |
| အသတ်ခံခဲ့ရတဲ့ ဗြိတိန် နှစ်ဦးရဲ့ ရုပ်အလောင်းကို ထိုင်းအာဏာပိုင်တွေ စစ်ဆေးခဲ့စဉ် |

No comments:
Post a Comment