Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, October 28, 2014

မြန်မာနှစ်ဦးရဲ့ ဓာတ်မှန်မှာ သင်္ကာမကင်းစရာ မတွေ့

ထိုင်းနိုင်ငံ ​ကော့တောင်ကျွန်း ​လူသတ်မှုနဲ့ ​ပတ်သက်ပြီး ​ထိန်းသိမ်းခံနေရတဲ့ ​မြန်မာ ​နှစ်ဦးကို ​X-ray ​ဓာတ်မှန် ​ရိုက်ကြည့်ရာမှာ ​သင်္ကာမကင်းစရာ ​အချက်အလက်တွေ ​မတွေ့ခဲ့ရဘူးလို့ ​ထိုင်းနိုင်ငံ ​လူ့အခွင့်အရေးကော်မတီက ​ပြောပါတယ်။

သင်္ကာမကင်းစရာ ​အချက်အလက်တွေ ​မတွေ့ရဘူးဆိုတဲ့ ​အဖြေကလည်း ​သူတို့ ​မျှော်လင့်ထားတဲ့ ​အဖြေဖြစ်တယ်လို့လည်း ​ဒေါက်တာ ​Nirund ​Pitakwatchara ​က ​မနေ့က ​ပြောပါတယ်။

မြန်မာ ​နှစ်ဦးကို ​ထိုင်းရဲတွေက ​အောက်တိုဘာလဆန်း ​၁ ​ရက်နေ့မှာ ​ဖမ်းဆီးပြီး ​အောက်တိုဘာ ​၁၃ ​နဲ့ ​အောက်တိုဘာ ​၂၀ ​ရက်နေ့မှ ​ဓာတ်မှန် ​ရိုက်တာ ​ဖြစ်တဲ့အတွက် ​သင်္ကာမကင်းစရာ ​သက်သေတွေ ​တွေ့ရှိဖို့ ​ခက်ခဲမယ်လို့ ​သူက ​ပြောပါတယ်။

မြန်မာနှစ်ဦး ​လူသတ်မှုနဲ့ ​စွပ်စွဲခံနေရတာနဲ့ ​ပတ်သက်ပြီး ​ထိုင်းရဲတွေ ​လာရောက်ဆွေးနွေးမှုတွေ ​လုပ်ဖို့ ​ထိုင်းလူ့အခွင့်အရေးအဖွဲ့က ​ဖိတ်ခေါ်ထားပေမယ့် ​ထိုင်းရဲတွေက ​လာရောက်ခြင်း ​မရှိခဲ့ပါဘူး။

လူ့အခွင့်အရေး ​ကော်မရှင်နာနဲ့ ​တွေ့ဆုံဖို့ ​ရှေ့နေရဲ့ ​ခွင့်ပြုချက် ​မရလို့ ​မတွေ့နိုင်တာ ​ဖြစ်တယ်လို့ ​ထိုင်းရဲဘက်က ​ပြောကြောင်း ​The ​Nation ​သတင်းမှာ ​ဖော်ပြထားပါတယ်။

မြန်မာနှစ်ဦးကို ​ထိန်းသိမ်းစဉ်အတွင်း ​ထိုင်းရဲတွေဘက်က ​နှိပ်စက်မှုတွေ၊ ​လူ့အခွင့်အရေး ​ချိုးဖောက်မှုတွေ ​ရှိတယ်ဆိုပြီး ​ထိုင်းလူ့အခွင့်အရေးက ​ပြောဆိုထားပါတယ်။

ထိုင်းရဲတွေနဲ့ ​နိုဝင်ဘာလ ​၃ ​ရက်မှာ ​တွေ့ဆုံနိုင်ဖို့ ​ထပ်မံ ​ကြိုးစားထားတယ်လို့လည်း ​ပြောကြောင်း ​ဖော်ပြထားပါတယ်။

မြန်မာနှစ်ဦးဟာ ​ကော့တောင်ကျွန်း ​အလည်လာတဲ့ ​ဗြိတိန်နိုင်ငံသား ​နှစ်ဦးကို ​သတ်ပစ်တယ်ဆိုပြီး ​ထိုင်းရဲက ​စွပ်စွဲထားပေမယ့် ​မြန်မာတွေကတော့ ​သူတို့ ​ပြစ်မှု ​မကျူးလွန်ခဲ့ရကြောင်း ​ထိုင်းရဲတွေက ​အတင်းအဓမ္မ ​ဝန်ခံခိုင်းလို့ ​သူတို့ ​မကျူးလွန်ခဲ့တဲ့ ​ပြစ်မှုတွေကို ​ဝန်ခံခဲ့ရတာလို့ ​ပြောဆိုနေပါတယ်။


အသတ်ခံခဲ့ရတဲ့ ဗြိတိန် နှစ်ဦးရဲ့ ရုပ်အလောင်းကို ထိုင်းအာဏာပိုင်တွေ စစ်ဆေးခဲ့စဉ်


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ